​ဗ​မာ ​ဆို​တဲ့ ​စ​ကား​လုံး​ဟာ ​ပြည်​မ​နေ ​လူ​များ​စု ​လူ​မျိုး​ကို ​ခေါ်​တာ​လား။

​ဗ​မာ ​ဆို​တဲ့ ​စ​ကား​လုံး​ဟာ ​ပြည်​မ​နေ ​လူ​များ​စု ​လူ​မျိုး​ကို ​ခေါ်​တာ​လား။ ​ရှမ်း၊ ​က​ချင်၊ ​က​ရင်၊ ​က​ယား၊ ​ချင်း၊ ​မွန်​တွေ ​အား​လုံး ​အ​ပါ​အ​ဝင် ​တိုင်း​ရင်း​သား ​အား​လုံး​ကို ​ခေါ်​တာ​ပါ​လား။

​ဒို့​ဗ​မာ ​အ​စည်း​အ​ရုံး ​သ​မိုင်း ​စာ​မျက်​နှာ ၂၁၅ ​မှာ​တော့

"​ဒို့​ဗ​မာ ​အ​စည်း ​အ​ရုံး​သည် ​မူ​လ ​တည်​ထောင် ​စဉ်​မှ ​စ​၍ ​သ​မိုင်း ​တ​လျှောက်​လုံး ​လူ​မျိုး​စု ​အား​လုံး​၏ ​ညီ​ညွတ်​ရေး​ကို ​အ​လေး​ပေး ​ခဲ့​ကြောင်း၊ '​ဒို့' ​ဟူ​သော ​စ​ကား၊ '​ဗ​မာ ​နိုင်​ငံ ​ဗ​မာ​ပြည်' ​ဟူ​သော ​စ​ကား​တို့​ကို ​တီ​ထွင်​၍ ​တိုင်း​ရင်း​သား ​စစ်​စစ် ​ဟူ​သော ​အ​မည်​နာ​မ ​တပ်​ဆင်​ခဲ့​ခြင်း​ဖြင့် ​သိ​သာ ​ထင်​ရှား ​ပေ​သည်။"

"​မြန်​မာ ​နိုင်​ငံ၊ ​မြန်​မာ​ပြည် ​ဆို​သော ​စ​ကား​မှာ ​မြန်​မာ ​လူ​မျိုး​များ ​နေ​ထိုင်​သော ​မြန်​မာ ​နိုင်​ငံ​ဟု ​အ​ဓိ​ပ္ပါယ် ​ရောက်​သည်။ ​မြန်​မာ​နိုင်​ငံ ​ဆို​သည်​မှာ ​မြန်​မာ ​ပ​ဒေ​သ​ရာဇ်​များ​က ​ပေး​သော ​နာ​မည် ​ဖြစ်​သည်။ ​မ​မှန်​ကန်။ ​ဗ​မာ ​နိုင်​ငံ​သည် ​မြန်​မာ ​လူ​မျိုး​တ​မျိုး​တည်း ​နေ​ထိုင်​သော ​နိုင်​ငံ​မ​ဟုတ်။ ​က​ချင်၊ ​က​ရင်၊ ​က​ယား၊ ​ချင်း၊ ​တောင်​သူ၊ ​ပ​အိုး၊ ​ပ​လောင်၊ ​မွန်၊ ​မြန်​မာ၊ ​ရ​ခိုင်၊ ​ရှမ်း ​စ​သော ​တိုင်း​ရင်း​သား ​လူ​မျိုး​ပေါင်း​စုံ ​နေ​ထိုင်​သော ​နိုင်​ငံ ​ဖြစ်​သည်။ ​ထို့​ကြောင့် ​မြန်​မာ​နိုင်​ငံ ​မြန်​မာ​ပြည် ​ဟု​မ​သုံး၊ ​ဗ​မာ​နိုင်​ငံ၊ ​ဗ​မာ​ပြည်​ဟု ​သုံး​သည်။ ​သို့​မှ​သာ ​ညီ​ညွတ်​မှန်​ကန်​မည်။ ​ဗ​မာ​နိုင်​ငံ​တွင် ​နေ​ထိုင်​ကြ​သော ​တိုင်း​ရင်း​သား ​အား​လုံး​ကို ​ဗ​မာ​ဟု ​ခေါ်​သည်။"

​လို့ ​ဖွင့်​ဆို​ထား​ပါ​တယ်။

​ဘာ​သာ​ဗေ​ဒ ​ပ​ညာ​ရှင် ​ဆ​ရာ ​မောင်​သာ​နိုး​က​လည်း ​ဗ​မာ ​ဆို​တာ ​ဗြ​ဟ္မာ( ​အ​သံ​ထွက် ​ဗ​ရ​မာ) ​ဆို​တဲ့ ​စ​ကား​လုံး​က ​လာ​တာ​ဖြစ်​တဲ့ ​အ​တွက် ​ဗ​မာ​ဟာ ​မူ​လ ​ဖြစ်​တယ်၊ ​မြန်​မာ ​ဆို​တဲ့ ​စ​ကား​ကို ​တော့ ​ပု​ဂံ​ခေတ်​မှာ ​မြန်​မာ​ပ​ဒေ​သ​ရာဇ်​တို့ ​သုံး​နှုန်း​ခဲ့​တာ ​ဖြစ်​တယ်၊ ​ဒါ့​ကြောင့် ​ဗ​မာ​ဟာ ​တ​နိုင်​ငံ​လုံး ​မြန်​မာ​ဟာ ​ပြည်​မ​နေ​လူ​မျိုး ​ဖြစ်​သင့်​တယ်​လို့ ​ဆို​ပါ​တယ်။

​အိ​န္ဒိ​ယ ​နိုင်​ငံ​မှာ ​ဗ​မာ​လူ​မျိုး​ကို ​ဗြ​ဟ္မာ (​ဗ​ရ​မာ)၊ ​ဗ​မာ​စာ​ကို ​ဗြ​ဟ္မီ (​ဗ​ရ​မီ) ​လို့ ​ဒီ​နေ့​အ​ထိ ​ခေါ်​ဝေါ် ​သုံး​နှုန်း​နေ​သေး​တယ်​လို့​လည်း ​ဆ​ရာ ​မောင်​သာ​နိုး​က ​ထောက်​ပြ​ပါ​တယ်။

​ဆ​ရာ ​ဦး​စော​ထွန်း​က​လည်း ​ထိုင်း​နိုင်​ငံ​မှာ ​ဗ​မာ​ကို ​ဖ​မာ​လို့ ​ဒီ​နေ့​အ​ထိ ​ခေါ်​နေ​သေး​တာ​ဟာ ​စဉ်း​စား ​စ​ရာ​ဖြစ်​တယ်​လို့ ​ဆို​ပါ​တယ်။

​ဗ​မာ​နဲ့ ​မြန်​မာ​မှာ ​ဘယ်​စ​ကား​လုံး​ကို​မှ ​တိုင်း​ရင်း​သား ​အား​လုံး ​အ​ပါ​အ​ဝင် ​တ​နိုင်​ငံ​လုံး​ကို ​ခေါ်​ခဲ့ ​ကြောင်း ​ရှေး ​အ​ထောက်​အ​ထား ​ဇစ်​မြစ် ​မ​တွေ့​ဘူး​လို့ ​ဆ​ရာ ​ဦး​စော​ထွန်း​က ​ဆို​ပါ​တယ်။

​ဒို့​ဗ​မာ ​အ​စည်း​အ​ရုံး​ရဲ့ ​သ​မိုင်း​ဝင် ​အ​ဓိ​ပ္ပါယ် ​သတ်​မှတ်​ချက်​ကို ​ဗိုလ်​ချုပ် ​နေ​ဝင်း​နဲ့ ​ဗိုလ်​ချုပ်​ခင်​ညွန့်​တို့​က ​ပြောင်း​ပြန်​လှန်​ခဲ့ ​ကြ​တာ ​ဖြစ်​ပါ​တယ်။ ​ဒို့​ဗ​မာ ​အ​စည်း ​အ​ရုံး​ရဲ့ ​နယ်​ချဲ့​တော်​လှန်​ရေး ​သ​မိုင်း​ကို ​မ​ထောက်​ထား​ဘဲ ​ပြောင်း​လဲ​ခဲ့​ရ​ခြင်း ​အ​တွက် ​အ​ကြောင်း​အ​ရာ ​မယ်​မယ်​ရ​ရ ​မ​ရှိ​ဘဲ၊ ​နိုင်​ငံ​ရေး ​ရည်​ရွယ်​ချက်​နဲ့ ​ပြောင်း​လဲ​ပစ်​ခဲ့ ​တာ​သာ ​ဖြစ်​ပါ​တယ်။

(အသံဖြင့်နားဆင်ရန်)

​အ​သံ​လွှင့် ​အ​စီ​အ​စဉ်​ကို ​အ​ထက်​က ​အ​သံ​ဖိုင်​ဖွင့်​ပြီး ​နား​ဆင်​နိုင်​ပါ​တယ်။