ဒေါ်​အောင်ဆန်း​စုကြည် ပြောတဲ့​ Burma/ Myanmar အသုံး​အနှုန်း​

ဂျပန်နိုင်ငံမြို့​တော် တိုကျိုမှာ ဧပြီ ၁၃ က လူထုပရိသတ်ထဲက တ​ယောက်က ​မေး​လို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ထပ်မံ ရှင်း​လင်း​ခဲ့​တဲ့​ Burma/ Myanmar အသုံး​အနှုန်း​ ကိစ္စ။


ဂျပန်နိုင်ငံ​ရောက်​​ရှိ​နေစဉ် ပရိ​သတ်​​တဦး​​​​၏ အမေး​​​​အား​ပြန်လည်​​ဖြေကြား​​သည်​​​အ​သံ​ဖိုင်​​နား​ထောင်​​ရန်



ဟာဝိုင်ယီတွင်ပြောကြားခဲ့သည့်​ရုပ်သံ


(၁) စစ်အစိုး​ရက ၁၉၈၉- ၁၉၉၀ မှာ Myanmar လို့​အမည်​ပြောင်း​ပါတယ်။ Myanmar ဟာ တိုင်း​ရင်း​သား​အား​လုံး​ကို ကိုယ်စား​ပြုတယ်လို့​ ဆိုပါတယ်။ မမှန်ပါဘူး​။

(၂) မြန်မာဆိုတာ ဗမာလို့​ ​ခေါ်​နေတဲ့​ လူမျိုး​စု၏ စာ​ပေသုံး​ဝေါဟာရဖြစ်ပါတယ်။ တခြား​လူမျိုး​စု​တွေကို ကိုယ်စား​မပြုပါဘူး​။

Aung San Suu Kyi speech East-Westcenter HAWAII 25.JANUARY 2013


ဂျာမဏီအဓိပတိ​ဟောင်း​ ဝီလီယံဘရန့်​ ဆုလက်ခံပွဲ အခမ်း​အနား​တွင် ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ကြား​သော Burma / Myanmar အ​ကြောင်း​

Burma ​ဟာ ​များ​စွာ​သော ​တိုင်း​ရင်း​သား​လူ​မျိုး​စု​တို့​ရဲ ​မြေ​ဖြစ်​ပါ​တယ်။ ​လူ​တော်​တော်​များ​များ​က ​မေး​ကြ​တော့ ​ကျ​မ ​ဘာ​ကြော​င့် Burma ​လို့ ​သုံး​နှုံး​တယ်​ဆို​တာ ​ရှင်း​ပြ​ဖို့ ​လို​အပ်​ပြီ ​ထင်​ပါ​တယ်။ ၁၉၄၈​မှာ ​ကျ​မ​တို့ ​လွတ်​လပ်​ရေး​ရ​တဲ့ ​အ​ချိန်​မှာ Burma ​ဟု​သာ (​နိုင်​ငံ​တ​ကာ​က) ​သိ​ကြ​ပါ​တယ်။ ​နှစ်​ကာ​လ ​ကျ​မ​သေ​သေ​ချာ​ချာ ​မ​မှတ်​မိ​ပေ​မ​ယ့် ​အ​နှစ် ၂​ဝေ​ကျာ် ​ဆို​ရှယ်​လစ်​စ​နစ်​အ​တွင်း ၁၉၇၀ -၁၉၈၀ ​ကာ​လ​တွေ​အ​ထိ ​ကျ​မ​တို့ Burma ​လို့​သာ ​သုံး​စွဲ​ခဲ့​ကြ​တာ​ပါ။ ​ဒါ​ပေ​မ​ယ့် ၁၉၈၈​မှာ ​စစ်​အ​စိုး​ရ ​အာ​ဏာ​သိမ်း​ပြီး​နောက် ​နေ့​တ​နေ့​မှာ Myanmar ​လို့ ​ခေါ်​ဖို့၊ Burma ​လို့ ​ဆက်​လက် ​မ​သုံး​စွဲ​ဖို့ ​သ​တင်း​စာ​နဲ့ ​နိုင်​ငံ​ပိုင်​အ​သံ​လွှ​င့်​ဌာ​န​က ​ကြေ​ညာ​ပါ​တယ်။ ​တ​ရား​ဝင်​ထုတ်​ပြန်​တဲ့ ​ရှင်း​လင်း​ချက်​မှာ Burma ​ဆို​တာ ​ကို​လို​နီ​တွေ​ရဲ့ ​ဖန်​တီး​ချက်​ဖြစ်​တယ်။ Myanmar ​ဆို​မှ ​သ​ဘော​ဝ​ကျ​တဲ့ ​အ​မည်​ဖြစ်​တယ်၊ ​ကျ​မ​တို့ ​နိုင်​ငံ​အ​မည်​ဖြစ်​တယ် ​လို့ ​ဖော်​ပြ​ပါ​တယ်။ ​အဲ​ဒါ​ဟာ ​မ​မှန်​ပါ​ဘူး။ ​အ​ရင်​က ​ကျ​မ​ပြော​ခဲ့​သ​လို Burma ​ဟာ ​များ​စွာ​သော ​တိုင်း​ရင်း​သား​လူ​မျိုး​စု​တို့​ရဲ ​တိုင်း​ပြည်​ဖြစ်​ပါ​တယ်၊

Burmese ​ဆို​တာ ​အဲ​ဒီ​လူ​မျိုး​စု​တွေ​ထဲ​က ​တ​စု​သာ​ဖြစ်​တယ်။ Burmese ​ရဲ့ ( ​မြန်​မာ​လို ) ​စာ​သုံး​ပေ​သုံး​ဝေါ​ဟာ​ရ ​အ​မည်​ဟာ " ​မြန်​မာ" ​ပါ​ပဲ။ ​အ​မှန်​တော့ " ​မြန်​မာ" ​ဆို​တာ ​အ​ကြီး​ဆုံး​လူ​မျိုး​စု​တ​စု (Burmese)​ရဲ့ ​စာ​ပေ​သုံး​လူ​မျိုး​အ​မည်​ဖြစ်​တယ်​ဆို​တာ ​ရှင်း​ရှင်း​လင်း​လင်း​သိ​သာ​ပါ​တယ်။ ​ကျ​မ​ဟာ Burmese ​ဖြစ်​ပါ​တယ်။ ​ကျ​မ​ဟာ ​မြန်​မာ​လူ​မျိုး​ဖြစ်​ပါ​တယ်။ ( ​ရယ်​သံ​များ )

​ကျ​မ ​မြန်​မာ​စ​ကား​နဲ့ ​ပြော​တဲ့ ​အ​ခါ​မှာ ​ကျ​မ​ကိုယ်​ကျ​မ "​ဘာ​မီးစ် " ​လို့ ​တ​ခါ​မှ ​မ​ပြော​ဘူး။ ​ကျ​မ​ကိုယ်​ကျ​မ " ​မြန်​မာ​လူ​မျိုး" ​ပါ​လို့​ပဲ​ပြော​ပါ​တယ်။

​ရှင်​တို့​မှာ​လဲ ​ဒီ​လို​ပုံ​စံ​မျိး ​ရှိ​မယ်​လို့ ​ကျ​မ​ထင်​ပါ​တယ်။ ​ရှင်​တို့ ​အ​င်္ဂလိပ်​လို ​ပြော​ဆို​တဲ့ ​အ​ခါ​မှာ ​ရှင်​တို့​ကိုယ် ​ရှင်​တို့ German ( ​အ​င်္ဂလိပ်​ဘာ​သာ​သုံး) ​လို့​ပဲ ​သုံး​နှုံး​လေ့​ရှိ​ပြီး Deutsche ( ​ဂျာ​မန်​ဘာ​သာ​သုံး) ​လို့ ​ရည်​ညွန်း​မ​ရှိ​ပါ​ဘူး။ ​ဒါ​ဟာ ​လုံး​ဝ​သ​ဘာ​ဝ​ကျ​ပါ​တယ်။ ​ဒီ​နည်း​အ​တိုင်း​ပဲ ​ပြင်​သစ်​လူ​မျိုး​အား​လုံး​ဟာ ​အ​င်္ဂလိပ်​လို ​ပြော​ဆို​တဲ့ ​အ​ခါ​မှာ ​မိ​မိ​ကိုယ် ​မိ​မိ Française ( ​ပြင်​သစ်​ဘာ​သာ​သုံး) ​လို့ ​ပြော​လေ့​နည်း​ပါး​ပြီး French ( ​အ​င်္ဂလိပ်​ဘာ​သာ​သုံး) ​လို့​ပဲ ​သုံး​နှုံး​လေ့​ရှိ​ပါ​တယ်။

​ဒီ​အ​တိုင်း​ပါ​ပဲ ​ကျ​မ​လဲ ​အ​င်္ဂလိပ်​လို ​ပြော​ဆို​တဲ့ ​အ​ခါ​မှာ ​ကျ​မ​နိုင်​ငံ​ကို Burma ​လို့ ​ရည်​ညွန်း​သုံး​စွဲ​ပါ​တယ်။

​ကျ​မ​အ​နေ​နဲ့ ​နိုင်​ငံ​အ​မည်​သစ် Myanmar ( ​အ​င်္ဂလိပ်​ဘာ​သာ​သုံး) ​ကို ​ဆန့်​ကျင်​တာ​က ​ဒါ​ဟာ ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ကို ​တောင်း​ခံ​ခြင်း​မ​ရှိ​ပဲ ​အ​တင်း​အ​ကြပ်​သုံး​ခိုင်း​လို့​ပါ​ပဲ။ ​တ​နည်း​ပြော​ရ​ရင် Myanmar ​ဆို​တာ ​ဒီ​မို​က​ရေ​စီ​မ​ကျ​တဲ့ ​ပုံ​သ​ဏ္ဌန်​မျိုး​နဲ့ ​ကျ​မ​တို့​ကို ​သတ်​မှတ်​ပေး​လိုက်​တဲ့ ​အ​မည်​ပဲ​ဖြစ်​ပါ​တယ်။ ​ဒီ​လို ​အာ​ဏာ​ရှိ​သူ​တွေ​က (​သူ​တို့​ဘာ​သာ) ​ဆုံး​ဖြတ်​လိုက်​လိုက်​ပြီး​မှ ​ဒီ​လို​နည်း​နဲ့ ​ကျ​မ​တို့​ကို ​အ​သိ​ပေး​ခဲ့​တယ်။

​ကဲ...၊ ​ကျ​မ​က​တော့ ​တိုင်း​ပြည်​ကို ( ​အ​င်္ဂလိပ်​ဘာ​သာ​သုံး​အ​နေ​နဲ့ ) Burma ​လို့​ပဲ ​ဆက်​လက်​ခေါ်​ပါ​မယ်။ ( ​လက်​ခုပ်​သံ​များ) ​ဒါ​ပေ​မ​ယ့် ​ဒီ​မို​က​ရေ​စီ​ကို ​ယုံ​ကြည်​သူ​တ​ဦး​ဖြစ်​တဲ့​အ​လျှောက် ​လူ​တိုင်း​ဟာ ​ကျ​မ​တို့​တိုင်း​ပြည်​ကို Burma ​လို့​ခေါ်​မ​လား၊ Myanmar ​လို့​ခေါ်​မ​လား​ဆို​တာ ​မိ​မိ​တို့ ​ကိုယ်​တိုင်​ရွေး​ချယ်​နိုင်​ပါ​တယ်။ ​ရှင်​တို့ ​သ​ဘော​ဆ​န္ဒ​အ​ရ ​ဖြစ်​မယ်၊ ​တ​ဦး​တ​ယောက်​က ​အ​တင်း​အ​ကြပ်​ခိုင်း​တာ​မျိုး ​မ​ဟုတ်​ဘူး​ဆို​ရင် ​ကျ​မ ​နှစ်​မျိုး​စ​လုံး​ကို ​လက်​ခံ​နိုင်​ပါ​တယ်။

Daw Aung San Suu Kyi's speech receiving Willy Brandt prize

Burma is a land of many ethnic nationalities. Now I think at this point I must explain my use of Burma because many people have asked me about this. When we became independent in 1948, we were known as Burma. I can't quite remember exact years which is how much important I put on it, but during 20 years of Burma Socialist program party I think somewhere 1970 or 1980 we can continue to use Burma. But after Military regime took over 1988, one day it is announced in newspaper and on state radio that our country would here forth be known internationally as Myanmar and no longer as Burma.

The official explanation given to us was that Burma was a colonial invention , Myanmar was a nature name. It was our name for our country. This is of course it's not true as I said earlier Burma is a country of many ethnic nationalities and Burmese is just one of this ethnic nationalities.

The literally name for Burmese is Myanmar.In fact, the name Myanmar is simply literally name of one particular ethnic group, the biggest ethnic group, the Burmese, I am Burmese. Now I am all Myanmar. When I say in Burmese, I never refer to us as Burmese.

I refer to us as Myanmar.I think the same way when you say in English, you refer to yourself as German rather than Deutsche. That is perfectly natural. All French say that French rather than Française when you speak English. In same way, when I speak English, I refer to our country as Burma.

The main reason why I object to new name Myanmar is because it is imposed on our country without following the will of our people. In another words, Myanmar is a name given to us entirely undemocratic fashion.

This was decided by those in power. It is how we are going to be known.

So, I can continue to refer to my country as Burma. But as somebody who believe in democracy, everyone of you may decide for yourself whether to refer to my country as Burma or Myanmar. Both are equally acceptable to me if you use it out of your own free will and not because because somebody has force you to use that name so.

@receiving Willy Brandt prize - 11-04-2014

မြန်မာ / ဗမာနှင့်​​ နိုင်ငံ​​​တော်အမည်

မြန်မာ "မြန်မာ" ဟူ​သော အက္ခရာ​ရေး​ထုံး​သည် "လူမျိုး​အမည်၊​ နိုင်ငံအမည်" အဖြစ် ပုဂံ​ခေတ်​ကျောက်စာများ​မှ စတင်၍ လွတ်လပ်​ရေး​ကာလ အထိ တစဉ်တဆက်တည်း​ ​ရေး​သား​ခဲ့​သည်။ အရပ်သုံး​စကား​ အဖြစ် "ဗမာ" ဟု ​ပြောဆို​ခေါ်​ဝေါ်​နေကြသည်လည်း​ ရှိ၏။ မငြင်း​ဆိုပါ။ သို့​သော် အက္ခရာ​ရေး​ထုံး​၊​ ထီး​သုံး​နန်း​သုံး​ (ရုံး​သုံး​) သည် "မြန်မာလူမျိုး​၊​ မြန်မာနိုင်ငံ" သာ ရှိ၏။

"ဗမာ" ဟူ၍ စာတတ်​ပေတတ် ပုဂ္ဂိုလ်၊​မူး​မတ် အစိုး​ရမင်း​များ​က မသုံး​ကြ၊​ မ​ရေး​ကြ။ "ဗမာ" ဟူသည် ဗြဏ္မာမှ ဆင်း​သက်​ကောင်း​ ဆင်း​သက်နိုင်မည်။ သို့​သော် မြန်မာစာ​ပေဟု မား​မား​မတ်မတ်​ပေါ်လာ​သော အ​နော်ရထာပုဂံ​ခေတ်မှ စတင်၍ "မြန်မာလူမျိုး​၊​ မြန်မာနိုင်ငံ"သာလျှင် အက္ခရာ​ရေး​ထုံး​၊​ ရုံး​သုံး​ (ဝါ) ထီး​နန်း​သုံး​ဖြစ်သည်။

သီ​ပေါမင်း​ပါ​တော်မူသည်အထိ တိုင်း​ရင်း​သား​အား​လုံး​ ပါဝင်​သောအမည်ကို မည်သည့်​ဘုရင်မှ အဓိပ္ပာယ်ဖွင့်​ဆို သတ်မှတ်​ပေး​သွား​ခြင်း​မရှိ။ မြန်မာပြည်၊​ ရှမ်း​ပြည်၊​ ရခိုင်ပြည်ဟူ​သော လူမျိုး​အမည်ကိုသာ နိုင်ငံအမည် သတ်မှတ်ခဲ့​ကြသည်။

​ရှေး​က လူမျိုး​တမျိုး​တည်း​ ​နေထိုင်ပြီး​ တထီး​တနန်း​ မင်း​အစိုး​ရရှိ​သော သီး​ခြား​ နယ်​မြေကို ရှမ်း​ပြည်၊​ မွန်ပြည်၊​ ရခိုင်ပြည်ဟု သတ်မှတ်ကြသည်။ ထိုစဉ်က တိုင်း​ရင်း​သား​ဟူ​သော သတ်မှတ်ချက်မရှိ။ လူမျိုး​ (၁၀၁)ပါး​ စသည်ဖြင့်​ လူမျိုး​သတ်မှတ်ချက်သာရှိ၏။

ထိုလူမျိုး​တမျိုး​က တခြား​လူမျိုး​၏ နယ်​မြေကို သိမ်း​ပိုက်​သောအခါလည်း​ရှိသည်။ ထိုအခါ စစ်နိုင်လူမျိုး​၏ အမည်ကို နိုင်ငံ၏ အမည်အဖြစ် ​ယေဘုယျ သိမ်း​ကြံုး​ သတ်မှတ်​ခေါ်​ဝေါ်ကြ​သော်လည်း​ ရှမ်း​ပြည်၊​ မွန်ပြည်၊​ ရခိုင်ပြည်ဟူ​သော အမည်ကို ပယ်ဖျက်ခြင်း​မရှိ​ခြေ။ ထိုကာလတွင် ပြည်နယ်ခွဲ သတ်မှတ်မှုမရှိ။




သက္ကရာဇ် ၈၁၇ ရခိုင်ဘုရင် ဘ​​စောဖြူမင်း​​ လက်ထက် အမတ်ကြီး​​ ဘဒူမင်း​​ညို၏ ရခိုင်မင်း​​သမီး​​ ဧချင်း​​ ​​ခေါ် ​​မောက်​​တော် ဧချင်း​​



၁၇၉၉ ထုတ် Francis Buchanan ​ရေး​သား​သည့်​ "A Comparative Vocabulary of Some of the Languages Spoken in the Burma Empire " စာအုပ်

ဗမာ

လူမျိုး​အား​လုံး​ပါဝင်​ရေး​ မူဝါဒ နှင့်​ အမည်သစ် သတ်မှတ်မှုမှာ ၁၉၃ဝတွင် ​ရှေး​ရိုး​စဉ်လာမှ ခွဲထွက်ပြီး​ စည်း​လုံး​မှုတည်​ဆောက်လို​သော ပညာတတ်လူငယ်တစုမှ စတင်ကြိုး​စား​ခဲ့​သည်။ လူထုပွဲတခုတွင် "ဒို့​ဗမာ" ဟု ဟစ်​ကြွေး​သံကြား​ပြီး​ ထိုအမည်သစ် စိတ်ကူး​ရလာကြသည်။

အသစ်အဆန်း​ရှာ​ဖွေမည့်​အစား​ နှုတ်ကျိုး​နေ​သော ထိုအာ​မေဒိဋ်သံကို ပြည်သူအား​လုံး​၏အမည်သစ် အဖြစ် သတ်မှတ်ရန် ဆုံး​ဖြတ်ကြသည်။ ပြည်သူအား​လုံး​ဆိုသည်မှာ (ယ​နေ့​သတ်မှတ်​သော တိုင်း​ရင်း​သား​များ​ သာမက) တပြည်လုံး​ရှိ ပြည်သူအား​လုံး​ကို ရည်ရွယ်သည်။လူမျိုး​ ခွဲခြား​မှုမရှိ။

"ဗမာ" ဟူ​သော အရပ်သုံး​စကား​ကို ထီး​သုံး​နန်း​သုံး​ (ရုံး​သုံး​) အဖြစ် နိုင်ငံ​ရေး​ရည်ရွယ်ဖြင့်​ ပြည်သူ့​အမည်သစ်အဖြစ် သတ်မှတ်ကြခြင်း​ဖြစ်သည်။ ယ​နေ့​ခေတ် "ပဲခူး​"ကို "ပဂိုး​" အဖြစ် ပုံနှိပ်လျှင် သတ်ပုံမှား​သည်ဟု ​ဝေဖန်ကြလိမ့်​မည်။ ထို​ခေတ်တွင်လည်း​ ​တောခြံုကြား​က "ဗမာ"ကို စာရွက်​ပေါ်တင်လာ​သော အခါ စာတတ်​ပေတတ် လူကြီး​များ​မှ ​ဝေဖန်ကန့်​ကွက်ကြသည်။ ဤကား​ ​ခေတ်စမ်း​တီတွင်မှုတည်း​။

တခြား​အမည် မရှာဘဲ အဘယ့်​ကြောင့်​ "ဗမာ"ကို ​ရွေး​ချယ်သနည်း​။ စဉ်း​စား​စရာ ဖြစ်​ပေမည်။ အကယ်၍ လုံး​ဝပြည်သူနှင့်​ မနီး​စပ်​သော အသစ်အဆန်း​ကို တီတွင်ပါက ပြည်သူကြား​ ကျယ်ပြန့်​ ​ပေါက်​မြောက်မည်မဟုတ်။ သို့​တိုင် "ဗမာ" အမည် နှင့်​ ဝါဒကို လူသိများ​စေရန် "တို့​ဗမာ" သီချင်း​ဖြင့်​ အခမ်း​အနား​ကျင်း​ပကာ လှံု့​ဆော်မြှင့်​တင်ခဲ့​ရသည်။ တို့​ဗမာသီချင်း​သည် ရိုး​ရိုး​သီချင်း​ မဟုတ်၊​ ဝါဒဖြန့်​ သီချင်း​ဖြစ်သည်။ အစည်း​အရုံး​ထက် သီချင်း​က ​ရှေး​ပိုကျသည်။ အစည်း​အရုံး​ ရုံး​ခန်း​ မထူ​ထောင်နိုင်ခင် သီချင်း​က ထွက်နှင့်​ပြီး​ ဖြစ်သည်။ မူလရည်ရွယ်အဓိပ္ပာယ်ကို သီချင်း​တွင် "တိုင်း​ရင်း​သား​စုံညီ တို့​ပြည်လို့​ မှတ်ထင်၊​ တို့​ဗမာခင်" ဟု အတိအလင်း​ဖော်ပြခဲ့​သည်။

ထိုနည်း​တူ မူလအဓိပ္ပာယ်ရှိပြီး​ အမည်တခုကို ရည်ရွယ်အဓိပ္ပာယ်သို့​ ​ပြောင်း​လဲတီတွင်မှု များ​စွာပြုလုပ်ခဲ့​သည်။

အထင်ရှား​ဆုံး​ သာဓက တခုမှာ "သခင်" ​ဝေါဟာရဖြစ်သည်။ မူလအဓိပ္ပာယ် "သခင်" သည် ပုဂ္ဂလိကပိုင်သ​ဘော ​ဆောင်သည်။ တဦး​တ​ယောက်၏ ပိုင်ဆိုင်မှု သ​ဘော​ဆောင်သည်။ တို့​ဗမာဝါဒမှ သတ်မှတ်​သော "သခင်"သည် ပြည်သူပိုင်၊​ အများ​ပိုင်သ​ဘော​ဆောင်သည်။ တတိုင်း​ပြည်လုံး​၏ အရှင်သခင်သည် တဦး​တ​ယောက်တဖွဲ့​ပိုင် မဟုတ်၊​တိုင်း​ရင်း​သား​နှင့်​ ပြည်သူလူထု အများ​ပိုင်ဖြစ်သည်။ ပြည်သူသည် သခင်ဖြစ်သည်၊​ "ဗမာ" သည် သခင်ဖြစ်သည်။ ဤကား​ တဦး​ပိုင် ရှင်ဘုရင်သခင်ကို ပလ္လင်​ပေါ်က ဆွဲချလိုက်ခြင်း​ ဖြစ်သည်။

အုပ်ချုပ်သူတို့​သည် ပြည်သူ့​အခွန်ကို စား​ကြ၏။ ပြည်သူ့​​အ​စေခံဖြစ်၏ ဟု ​ပြောင်​ပြောင်တင်း​တင်း​ ရည်ရွယ်​အဓိပ္ပာယ် ဖွင့်​ဆိုခဲ့​သည်။ အုပ်ချုပ်သူသည် အ​စေခံ၊​ အအုပ်ချုပ်ခံ ပြည်သူသည် သခင် ဟူ​သော ဝါဒကို အဘယ်​အာဏာရှင်​အစိုး​​ရက ကြိုက်မည်နည်း​။

မကြိုက်၍ ကိုလိုနီ​ခေတ်၊​ မ-ဆ-လ​ခေတ်တွင် မတရား​အသင်း​ ​ကြေညာခံရ၏၊​ သမိုင်း​ဖျောက်ခံရ၏။ ​ဖျောက်မရ​သော အမည်ကို မလိမ့်​တပတ် ဖလှယ်ခံရ၏။ [ လွတ်လပ်​ရေး​ရပြီး​အထိ (၁၉၄၈ လွတ်လပ်​ရေး​ကြေညာစာတမ်း​တွင်ပင်) မြန်မာလူမျိုး​ဟု တရား​ဝင်သုံး​စွဲဆဲဖြစ်၏။ ] မ-ဆ-လ ​ခေတ်​ရောက်မှသာ ပြည်သူ့​ကိုယ်စား​ပြု ဗမာ​အမည်ကို ဗမာလူမျိုး​အမည်အဖြစ် မလိမ့်​တပတ် ဖလှယ်ခံရ၏။

မူလအဓိပ္ပာယ် ​ဝေါဟာရရှု​ထောင့်​မှ ကြည့်​လျှင် "သခင်" ကို တို့​ဗမာအစည်း​အရုံး​က တီတွင်သည် မဟုတ်။ သခင်အမည် ​ရှေ့​တပ်​ခေါ်ခြင်း​သည်လည်း​ တို့​ဗမာအစည်း​အရုံး​က စတင်ခဲ့​သည် မဟုတ်။ "ဝဏ္ဏ​သေး​"ရွာတွင် ရွာသား​တိုင်း​ နာမည်​ရှေ့​တွင် "သခင်" တပ်​ခေါ်​သော ဓ​လေ့​ရှိခဲ့​ပြီး​ ဖြစ်သည်။

သို့​ဆိုလျှင် တို့​ဗမာအစည်း​အရုံး​သည် မည်သည်​ကို တီတွင်သနည်း​။ နိုင်ငံ​ရေး​​သ​ဘော​ပါ​သော ရည်ရွယ်​အဓိ​ပ္ပာယ်​ကို ပထမ​ဆုံး​ သတ်မှတ်ခြင်း​ဖြင့်​ အမည်​သစ် တီတွင်ခြင်း​ဖြစ်သည်။

ထိုနည်း​တူ "အတွင်း​ရေး​မှူး​"၊​ "အမှတ်စဉ်" စ​သော ​ဝေါဟာရများ​ကို တီတွင်ခဲ့​သည်။

အုပ်ချုပ်​ရေး​သီး​ခြား​ဖြစ်​သော ​တောင်တန်း​သား​တို့​ ဆန္ဒပါဝင်သ​လောဟု ​မေး​ကြ​ပေလိမ့်​မည်။ ပညာတတ် လူငယ် တစုမှ သတ်မှတ်ခြင်း​ဖြစ်ပါသည်၊​ ရန်ကုန်ရှိ အိမ်​လေး​တလုံး​မှ စတင်ပါသည်။ သတ်မှတ်​နေစဉ် နယ်ခြား​ဒေသ မဆိုထား​နှင့်​ ရန်ကုန်မြို့​ရှိ လူထုပင် မသိလိုက်ပါ။ ထို့​အတွက် ဝါဒဖြန့်​ရပါသည်။

သီချင်း​ရေး​စပ်၍ ​ရွှေတိဂုံ၊​ ​ကျောင်း​သား​သမဂ္ဂမှစ၍ ​တောမြို့​မကျန် ​နေရာအနှံ့​ သီချင်း​ဆိုပြ၊​ ရှင်း​လင်း​ပြရပါသည်။ လက်ခံသူရှိသလို၊​ လက်မခံသူများ​လည်း​ ရှိပါသည်။ ကန့်​ကွက်ကြသူများ​တွင် ပညာတတ် မြန်မာအမျိုး​သား​ကြီး​များ​ပင် ပါဝင်ပါသည်။လ ( မြန်မာ့​အလင်း​ဦး​စိန် နှင့်​ ဦး​ဘ​ဖေတို့​က ​တောသုံး​ရပ်သုံး​စကား​ကို စာ​ပေထဲဆွဲ​ခေါ်ပြီး​ မြန်မာ​ဝေါဟာရကို မဖျက်စီး​ရန် သခင်လူငယ်​တွေကို အပြင်း​အထန်ကန့်​ကွက်ခဲ့​ကြသည်။ မြန်မာ့​အလင်း​သတင်း​စာမှ ပြည်သူများ​အား​ လွဲမှား​သောအမည်ရှိ ထိုအဖွဲ့​အစည်း​၌ မပါဝင်ကြရန် ​ဆော်ဩ​ရေး​သား​ခဲ့​သည်။ ဦး​ဘ​ဖေဦး​​စီး​သော သူရိယသတင်း​စာမှလည်း​ တို့​ဗမာအစည်း​အရုံး​သတင်း​များ​ ​ဖော်ပြရာတွင် "တို့​ဗမာ" အစား​ "တို့​မြန်မာ" ဟု ၁၉၃၆ ဝန်း​ကျင်အထိ ​ပြောင်း​လဲပုံနှိပ်ခဲ့​သည်။)

45. Ibid, p. 3.

46. Thuriya, dated 24. 7. 36, pp. 11-2, 27. 7. 36, p. 50, 31. 7. 36, pp. 13-4.)

(ဦး​) ​ဇော်စိုး​ဝင်း​ "မြန်မာ​အမျိုး​သား​ရေး​လှုပ်ရှား​မှုတွင် တို့​ဗမာ​အစည်း​​အရုံး​ နှင့်​ သခင်​များ​ ​ပေါ်ထွန်း​​​လာခြင်း​​စာ​တမ်း​"



စ​​နေနဂါး​​နီ ဂျာနယ်မှ အတွဲ ၂ အမှတ် ၂၄ ၊​ ၁၉၄၀ နိုဝင်ဘာ ၁၆

သို့​​​သော် ​​အောင်မြင်ပါသည်။လူမျိုး​​စံ​ု ရှမ်း​​၊​မွန်၊​ ရခိုင် စ​​သော တိုင်း​​ရင်း​​သား​​များ​​ သာမက ကုလား​​၊​တရုတ်လူမျိုး​​များ​​ပင် ပါဝင်လက်ခံ​ပြီး​​ သခင်ဘွဲ့​​ ခံ​ကြသည်။ အဘယ့်​​​ကြောင့်​​နည်း​​။ ရည်ရွယ်ရာ ​​စေတနာမှန်​​သော​​ကြောင့်​​ ဖြစ်သည်။ အစည်း​​အရံ​ုး​​အင်အား​​ကြီး​​ထွား​​လာပြီး​​ "ဗမာ"​​ဝေါဟာရကို သတင်း​​စာများ​​ကပါ ပံ​ုနှိပ်သံ​ုး​​စွဲလာကြသည်။

​​ဒေါက်တာဘ​​မော် အစရှိ ပညာတတ်များ​​လက်ခံ​လာပြီး​​ ဗမာအမည်ဖြင့်​​ အဖွဲ့​​အစည်း​​များ​​စွာ​​ပေါ်​​ပေါက်ခဲ့​​သည်။ နိုင်ငံ​လံ​ုး​​ဆိုင်ရာ ညီလာခံ​ကြီး​​များ​​ကျင်း​​ပနိုင်ပြီး​​ ဆရာစံ​၊​ ၁၃၀၀ ပြည့်​​အ​​ရေး​​​တော်ပံ​ုမှသည် ရဲ​​ဘော်သံ​ုး​​ကျိပ်၊​ ဗမာ့​​တပ်မ​​တော်အလယ်၊​ လွတ်လပ်​​ရေး​​အဆံ​ုး​​ ဦး​​​ဆောင်နိုင်ခဲ့​​သည်။

ရည်ရွယ်အဓိပ္ပာယ်ကို ပွင့်​​လင်း​​စွာချပြနိုင်ခြင်း​​​ကြောင့်​​ သိ၍ ကြိုက်၍ လိုက်ကြခြင်း​​ ဖြစ်သည်။ မလိမ့်​​တပတ်မလုပ်။

သို့​​ဆိုလျှင် ဒို့​​ဗမာအမည်ကို တိုင်း​​ရင်း​​သား​​အား​​လံ​ုး​​ ​​ကျေနပ်ပါ၏​​လော။ ဆန္ဒပါ ပါ၏​​လော။ ပြည်သူ့​​ဆန္ဒကို ​​ဖော်ထုတ်ရာတွင် မဲ​​ပေး​​ခြင်း​​ စနစ်သည် ကိရိယာတခုသာ ဖြစ်သည်။ သခင်​​ပေါက်စ ​​ထောင်​​ခြောက်လ​​ခေတ်၊​ ပြည်မ​​တောင်တန်း​​ခွဲခြား​​​သော​​ခေတ်တွင် မဲစနစ်ကို အသံ​ုး​​မပြုနိုင်။ လူထုလိုက်ပါကျင့်​​သံ​ုး​​မှုကို ကြည့်​​ပြီး​​ သိသာနိုင်ပါသည်။

သတိပြုရန်မှာ"ဗမာ" အမည် တီတွင်ခြင်း​​သည် တစိတ်တပိုင်း​​သာဖြစ်သည်။ အဓိကမှာ သခင်ဝါဒဖြစ်သည်။ တို့​​ဗမာဝါဒ ကျင့်​​သံ​ုး​​နိုင်ခြင်း​​သည် ပင်မရည်ရွယ်ချက်ဖြစ်သည်။

အမည်သစ် အသံ​ုး​​ပြုရာ၌ ​​ရော​​ထွေး​​မှုများ​​ရှိသည်။ တပြည်လံ​ုး​​ ကျယ်ပြန့်​​လာသည်နှင့်​​ အမျှ အချို့​​သူများ​​သည် "မြန်မာ" "ဗမာ" လူမျိုး​​၊​ နိုင်ငံ​ ​​ရော​​ထွေး​​​ရေး​​သား​​မှုများ​​ရှိလာသည်။ သမိုင်း​​မမှီသူ ​​နှောင်း​​​ခေတ်လူတို့​​ မျက်စိလည်စရာဖြစ်လာသည်။





နိုင်ငံ​အမည်

ကိုလိုနီ​​ခေတ် ထီလက်မှတ် ၁၉၃၉

ကိုလိုနီ​​ခေတ်တွင် အင်္ဂလိပ်တို့​​က နိုင်ငံ​အမည်ကို "မြန်မာနိုင်ငံ​" ဟုသာ သံ​ုး​​စွဲသည်။ "ဗမာနိုင်ငံ​"ဟု မသံ​ုး​​နှုန်း​​​ချေ။ တို့​​ဗမာအစည်း​​အရံ​ုး​​မှ တီတွင်​​သော "ဗမာ" အမည်ကို ၁၉၄၃ ဂျပန်မှ ​​ပေး​​​သော လွတ်လပ်​​ရေး​​တွင် စတင်အသံ​ုး​​ပြု၏။ "ဗမာနိုင်ငံ​​​တော်" ဟု ဗိုလ်ချုပ်​​အောင်ဆန်း​​၊​ သခင်ကိုယ်​​တော်မှိုင်း​​၊​ သခင်နု စ​​သော လွတ်လပ်​​ရေး​​​ခေါင်း​​​ဆောင်တို့​​ သတ်မှတ်ကြ၏။ ပြည်သူ့​​"ဗမာ" အမည်သည် ပြည်သူကြား​​မှ နိုင်ငံ​​​တော်အစိုး​​ရအထိ ​​ရောက်ရှိခဲ့​​သည်။

ထို​​ခေါင်း​​​ဆောင်တို့​​ပင် ၁၉၄၈ အင်္ဂလိပ်မှ ​​ပေး​​​သော လွတ်လပ်​​ရေး​​တွင် "ပြည်​​ထောင်စုမြန်မာနိုင်ငံ​​​တော်" ဟု သတ်မှတ်ပြန်သည်။ အဘယ်သို့​​နည်း​​။ မည်သို့​​ ကွာခြား​​သနည်း​​။

၁၉၄၃ နိုင်ငံ​အမည် "ဗမာ"ဟူသည် တိုင်း​​ရင်း​​သား​​ပြည်သူအ​​ပေါင်း​​ကို ရည်ရွယ်​​ကြောင်း​​ ရှင်း​​ပြပြီး​​ဖြစ်သည်။

​​ရှေး​​ယခင်က ဂျပန်ဥပ​​ဒေ ပြဒါန်း​​ထား​​ခြင်း​​ မရှိခဲ့​​၍ ဂျပန်ထံ​မှ ယူ​​သော လွတ်လပ်​​ရေး​​ကား​​ ဥပ​​ဒေ​​ကြောင်း​​အရ ညှိယူရန် မလိုအပ်​​ပေ။ "ဗမာ" ကိုယ်၌က ပြည်​​ထောင်စုသ​​ဘော သက်ဝင်ပြီး​​ ဖြစ်သည်။

၁၉၄၈ နိုင်ငံ​အမည်ကို သတိထား​​ကြည့်​​လျှင် "ပြည်​​ထောင်စု" ဟူ​​သော ​​ဝေါဟာရ ပါဝင်လာ​​ကြောင်း​​ ​​တွေ့​​ရမည်။ (၁) အင်္ဂလိပ်ထံ​မှ လွဲ​​ပြောင်း​​ယူခြင်း​​ဖြစ်ခြင်း​​​ကြောင့်​​ နဂိုပြဒါန်း​​ထား​​​သော အင်္ဂလိပ်ဥပ​​ဒေများ​​နှင့်​​ လိုက်​​လျောညီ​​စေရန် "မြန်မာနိုင်ငံ​" (၂) ထို "မြန်မာနိုင်ငံ​" ပြည်မအား​​ ​​တောင်တန်း​​​ဒေသပူး​​​ပေါင်း​​သဖြင့်​​ "ပြည်​​ထောင်စု" ဟူ​​သော ​​ဝေါဟာရ နှစ်မျိုး​​ဖြင့်​​ ​​ပေါင်း​​စုထား​​ခြင်း​​ဖြစ်သည်။

( ၁၉၄ရဖွဲ့​​စည်း​​ပံ​ုအ​​ခြေခံ​ဥပ​​ဒေတွင် "မြန်မာနိုင်ငံ​"ဟူ​​သော စကား​​ရပ်သည် ၁၉၃၅ မြန်မာနိုင်ငံ​ စီမံ​အုပ်ချုပ်မှု ဥပ​​ဒေကို ရည်ညွန်း​​ချက်ပါဝင်သည်။)

၁၉၄၈ အမည်ဖြစ်​​သော "ပြည်​​ထောင်စု+ မြန်မာ"ကို ပူး​​တွဲ​​ခေါ်ရမည်။ "မြန်မာနိုင်ငံ​" ဟု ခွဲခြား​​ မ​​ခေါ်သင့်​​။ "မြန်မာနိုင်ငံ​" ချည်း​​သက်သက် သံ​ုး​​စွဲလျှင် ပြည်မ​​နေ မြန်မာလူမျိုး​​ကိုသာ အဓိက ရည်ရွယ်ရာ ​​ရောက်သည်။ မပြည့်​​စံ​ု။ ခွဲခြား​​​ခေါ်​​သော​​ကြောင့်​​ ပြသနာတတ်ခဲ့​​သည်။ ၁၉၆၂ တွင် ကုလသမဂ္ဂသို့​​ တင်သွင်း​​​သော နိုင်ငံ​အမည်တွင် "ပြည်​​ထောင်စု"ကို ချန်လှပ်ပြီး​​ "မြန်မာနိုင်ငံ​ = Burma " ဟုသာ ​​ရေး​​သား​​မိ၍ တိုင်း​​ရင်း​​သား​​တို့​​ ကန့်​​ကွက်ခဲ့​​ကြသည်။

လူမျိုး​​အမည်

အထက်တွင် နိုင်ငံ​အမည်ကို ရှင်း​​လင်း​​ပြီး​​ ဖြစ်သည်။ လူမျိုး​​အမည်ကို ဆက်လက် သံ​ုး​​သပ်ရ​​သော်.....

တို့​​ဗမာ​​ခေတ်အလွန်တွင် သတင်း​​ဂျာနယ်နှင့်​​ ပြည်သူအကြား​​ လူမျိုး​​အမည်ကို မြန်မာ-ဗမာ​​ရော​​ထွေး​​ အသံ​ုး​​ပြုလာကြသည်။ ရည်ရွယ်ချက်မရှိ၊​ မသိ၍​​သော်လည်း​​​ကောင်၊​ အမှတ်မဲ့​​​သော်လည်း​​​ကောင်း​​ မှား​​ယွင်း​​တတ်ကြသည်။ တရား​​ဝင် "ဗမာ"လူမျိုး​​ဟု အစိုး​​ရမှ ထုတ်ပြန်ခြင်း​​မရှိ။ မြန်မာဘုရင်မှအစ၊​ အင်္ဂလိပ်အစိုး​​ရအလယ်၊​ ဖ-ဆ-ပ-လအစိုး​​ရ အဆံ​ုး​​ အစိုး​​ရကိုယ်တိုင် "မြန်မာ"လူမျိုး​​ဟုသာ အစဉ်အဆက် သံ​ုး​​စွဲခဲ့​​သည်။ လွတ်လပ်​​ရေး​​​ကြေညာစာတမ်း​​တွင် "ပြည်​​ထောင်စုမြန်မာနိုင်ငံ​"၊​ " မြန်မာလူမျိုး​​" ဟု အတိအလင်း​​ပါရှိသည်။

ဦး​​​နေဝင်း​​ အစိုး​​ရ လက်ထက်မှ စ၍ လူမျိုး​​အမည်ကို "ဗမာ" ဟု မသိမသာ ဖလှယ်ထုတ်ပြီး​​ နဝတ-နအဖ စစ်အစိုး​​ရလက်ထက်တွင် ဥပ​​ဒေထုတ်၍ ​​ပြောင်း​​လဲခဲ့​​သည်။တို့​​ဗမာအစည်း​​အရံ​ုး​​ကဲ့​​သို့​​ ရည်ရွယ်အဓိပ္ပာယ်ကို မထုတ်ပြန်၊​ မဖွင့်​​ဆို။ ၁၉၄၇ တိုင်း​​ပြုပြည်ပြုလွတ်​​တော်ကဲ့​​သို့​​ ပြည်သူ့​​ဆန္ဒမပါဝင်။

ဤသို့​​အား​​ဖြင့်​​ သမိုင်း​​မှတ်တမ်း​​ ရာဇဝင် အဆက်ဆက်ပါ "မြန်မာ"လူမျိုး​​သည် တိုင်း​​ရင်း​​သား​​အား​​လံ​ုး​​အမည်ဖြစ်သွား​​သည်။ မြန်မာဘုရင်တို့​​သည် တိုင်း​​ရင်း​​သား​​အား​​လံ​ုး​​၏ မင်း​​တရား​​များ​​ဖြစ်သွား​​သည်။ ရာဇာဓိရာဇ်အ​​ရေး​​​တော်ပံ​ုလာ မွန်-မြန်မာစစ်ပွဲသည် လူမျိုး​​ နှစ်မျိုး​​ကြား​​ စစ်ပွဲမဟုတ်​​တော့​​။ မွန်က တဘက်၊​ မြန်မာဟူ​​သော တိုင်း​​ရင်း​​သား​​​ပေါင်း​​စံ​ုက တဘက်တိုက်​​သော စစ်ပွဲဖြစ်သွား​​သည်။ တို့​​ဗမာအစည်း​​အရံ​ုး​​ သမိုင်း​​​ပျောက်ကွယ် သည့်​​​နောက် မြန်မာလူမျိုး​​တို့​​သည်လည်း​​ မြန်မာ-ဗမာ မ​​ရေရာ​​သော လူမျိုး​​ဖြစ်သွား​​​တော့​​မည်။

အချုပ်ဆိုရ​​သော် "မြန်မာ"သည် လူမျိုး​​အမည် ဖြစ်​​ကြောင်း​​၊​ နိုင်ငံ​အမည်ဖြင့်​​ကား​​ "ပြည်​​ထောင်စုမြန်မာနိုင်ငံ​" နှင့်​​ "ဗမာနိုင်ငံ​" သည် သ​​ဘောသဘာဝ အတူတူပင် ဖြစ်​​ကြောင်း​​၊​ မြန်မာနိုင်ငံ​ဟု သီး​​ခြား​​မသံ​ုး​​စွဲသင့်​​ပဲ "ပြည်​​ထောင်စု" ဟူ​​သော နာမဝိ​​သေသနဖြင့်​​ အမြဲယှဉ်တွဲ​​ခေါ်​​ဝေါ်သင့်​​​ကြောင်း​​၊​ ဗမာနိုင်ငံ​ဟူသည် မူလရည်ရွယ်အဓိပ္ပာယ်၌ပင် ပြည်​​ထောင်စုသ​​ဘော ကိန်း​​ဝပ်ပြီး​​ဖြစ်​​ကြောင်း​​ တင်ပြလိုက်ပါသည်။

မြန်မာ ​​ဝေါဟာရ သမိုင်း​​​ကြောင်း​​ နှင့်​​ ဒို့​​ဗမာ



၁၉၄၃ ခုနှစ် စာပို့​​တံ​စိပ်​​ခေါင်း​​ နှင့်​​ စာအိတ်

​​ရေး​​သား​​သူ - ဗမာ့​​သား​​

ဗမာနဲ့​ မြန်မာ အပေါ် ဘာသာ​​ဗေဒနဲ့​ စာ​ပေ​ပညာရှင်​တွေ အမြင်

ဗမာနဲ့​ မြန်မာ မှာ ဘယ်စကား​က ပြည်မ​နေ လူမျိုး​ကို ကိုယ်စား​ပြုပြီး​၊​ ဘယ်စကား​က တိုင်း​ရင်း​သား​ အား​လုံး​ပါဝင်တဲ့​ တနိုင်ငံလုံး​ကို ကိုယ်စား​ပြုသင့်​ပါသလဲ။ ဘာသာ​ဗေဒနဲ့​ စာ​ပေပညာရှင်​တွေ ဖြစ်ကြတဲ့​ ဆရာ​မောင်သာနိုး​၊​ ဆရာ ဦး​စောထွန်း​တို့​နဲ့​ ​ဆွေး​နွေး​ထား​ပါတယ်။

(အသံဖြင့်နားဆင်ရန်)

ကဲ…ပထမဆုံး​​တော့​သမိုင်း​ဝင်​တေး​သီချင်း​တပုဒ်ကိုနား​ဆင်ကြည့​်ကြပါစို့​။

​နောင်ဥဒါန်း​×××ဘယ်မ​ပြေစရာ××× ရာဇဝင်တင်ထား​××× မျိုး​ရိုး​ နွယ်သာ×××ကမ္ဘာတခွင်မှာဖြင့်​ ××× ဗမာထင်ရှား​ ××× ဒို့​​ခေတ်တွင်မှ××× ညံ့​ကြ ​တော့​မှာလား​ဒို့​ဗဗာ-ဒို့​ဗမာ ××× မဟုတ်​လေသလား​××× (ဒို့​ဗမာ-ငါတို့​ ဗမာ) ၂×× (ဒါ-ငါတို့​ဗမာ) ၂

နယ်ချဲ့​​တော်လှန်​ရေး​ကို​ရှေ့​တန်း​ကဦး​​ဆောင်ခဲ့​တဲ့​ဒို့​ဗမာအစည်း​အရုံး​ ရဲ့​သမိုင်း​ဝင်အမျိုး​သား​​ရေး​လှံု့​​ဆော်​တေး​သီချင်း​ကြီး​ပါ။ ဒီသီချင်း​ မှာဆိုသွား​တဲ့​ဒို့​ဗမာဆိုတာဟာပြည်မ​မြေပြန့​်​ဒေသမှာ​နေထိုင်တဲ့​အများ​ စုလူမျိုး​တမျိုး​တည်း​ကို​ပြောတာလား​။ ဒါမှမဟုတ်ရှမ်း​၊ ကချင်၊ ကရင်၊ ကယား​ ၊ မွန်၊ ရခိုင်၊ ချင်း​အပါအဝင်နိုင်ငံတခုလုံး​အတွင်း​မှာမှီတင်း​ ​နေထိုင်ကြတဲ့​လူမျိုး​အား​လုံး​ကိုဆိုလိုတာပါလား​။ ​သောတရှင်တို့​ ဘယ်လိုထင်ပါသလဲ။

ဒို့​ဗမာအစည်း​အရုံး​သမိုင်း​စာမျက်နှာ၂၁၅မှာဒို့​မြန်မာအစည်း​အရုံး​လို့​မ ​ခေါ်ဘဲဘာ​ကြောင့​်ဒို့​ဗမာအစည်း​အရုံး​လို့​​ခေါ်သလဲဆိုတာကိုရှင်း​လင်း​ ဖွင့​်ဆိုထား​ပါတယ်။ မြန်မာဆိုတာဟာပြည်မ​မြေပြန့​်​ဒေသမှာ​နေထိုင်တဲ့​လူမျိုး​ ကိုသာ​ခေါ်တာဖြစ်တယ်၊ မြန်မာပ​ဒေသရာဇ်​တွေ​ပေး​ထား​တဲ့​နာမည်ဖြစ်တယ်၊

လူမျိုး​ကြီး​ဝါဒသ​ဘောပါဝင်တယ်၊ ဒါ့​​ကြောင့​်လူမျိုး​အား​လုံး​၊ တိုင်း​ ရင်း​သား​အား​လုံး​ပါဝင်တဲ့​နိုင်ငံကိုမြန်မာတမျိုး​တည်း​အပိုင်အဖြစ်သုံး​ နှုန်း​တာဟာမမှန်ကန်ဘူး​၊ လူမျိုး​အား​လုံး​အကျံုး​ဝင်တဲ့​ နိုင်ငံကိုဗမာနိုင်ငံလို့​​ခေါ်မှသာညီညွတ်မှန်ကန်မယ်လို့​အတိအလင်း​ဖွင့​် ဆိုထား​ခဲ့​ပါတယ်။

ကဲ…ဒီ​တော့​…ပညာရှင်​တွေက​ရောဘယ်လိုမြင်ပါသလဲ။ ဘာသာ​ဗေဒပညာရှင်ဆရာ​မောင်သာနိုး​ရဲ့​အမြင်က​တော့​…

“ဗမာကမူလဗျ၊ ဗြဟ္မာကလာတာကိုး​။ ဗထက်ချိုက်ဟရစ်ဟမဆင့​်၊ ဗြဟ္မာကလာတာကိုး​ ။ ဗြဟ္မာက​နေပြီး​​တော့​ဗမာဖြစ်သွား​တာ။ အဲဒါကိုမှထပ်ပြီး​​တော့​ ဗမာကိုဗထက်ချိုက်နဲ့​မနဲ့​​ပြောင်း​ပြီး​​တော့​မြန်မာဖြစ်သွား​တာ။ အဲ​တော့​ မြန်မာကဒုတိယ၊ ဗြဟ္မာဆိုတဲ့​ဗမာကအဓိကပင်မဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိ ​တွေယူဆကြတယ်။ အဲဒီဗမာနဲ့​မြန်မာမှာကအင်္ဂလိပ်​ခေတ်ကဝံသာနု​ခေတ်ကဒို့​ ဗမာအစည်း​အရုံး​​ခေတ်ကသူတို့​ကဗထက်ချိုက်မ​ရေး​ချမာကိုချင်း​​ကော၊ ကချင်​ကော၊ ကရင်​ကော၊ မြန်မာ​ကောအား​လုံး​အတွက်သတ်မှတ်တယ်။ မြန်မာကို​တော့​ မြန်မာလူမျိုး​ (ကျ​နော်တို့​၊ ခင်ဗျား​တို့​​ပေါ့​ ​လေ) အတွက်ပဲသတ်မှတ်တယ်။

အဲဒီလိုအယူအဆရှိတယ်လို့​ကျ​နော့​်ကိုတ​လောဆီက​သေဆုံး​ သွား​တဲ့​​ရေနံ​ချောင်း​သခင်ခင်ညွန့​်က​ပြောဖူး​တယ်ဗျ။ အခု​ပြောင်း​ပြန်ဖြစ် ​နေပြီတဲ့​မြန်မာကကချင်​ရော၊ ကရင်​ရော၊ ရှမ်း​​ကောကို ​ခေါ်တာ။ ဗမာကမှဒီလူမျိုး​​လေး​ကို​ခေါ်တာလို့​ဖြစ်​နေတယ်။ ဒါဟာငါတို့​ဝံသာနု ​ခေတ်ကဟာနဲ့​​ပြောင်း​ပြန်လို့​သခင်ခင်ညွန့​်က​ပြောတယ်ဗျ။ ဒီ ​ခေတ်ကျမှဘယ်လိုလုပ်ပြီး​​တော့​​ပြောင်း​ပြန်ဖြစ်သွား​သလဲမသိဘူး​”

ဒါ​တွေကို​ပြောင်း​ပြန်လှန်ပစ်သူအဖြစ်အများ​နား​လည်ထား​ကြတာက​တော့​သွား​ ​လေသူဗိုလ်ချုပ်​နေဝင်း​ဖြစ်ပါတယ်။ ဗိုလ်ချုပ်​နေဝင်း​ရဲ့​ဗမာစာဗမာစကား​ မှာဝင်​ရောက်စွက်ဖက်ပါဝင်မှု​တွေအနက်ကတခုဖြစ်ပါတယ်။

ဗိုလ်ချုပ်​နေဝင်း​ရဲ့​ဒီအ​မွေကိုသူ့​ရဲ့​လက်ရင်း​တပည့​်လို့​​ပြောဆို​လေ့​ ရှိကြတဲ့​ဗိုလ်ချုပ်ခင်ညွန့​်ကနိုင်ငံ​ရေး​ရည်ရွယ်ချက်နဲ့​ ၁၉၈၉ခုနှစ်မှာအသုံး​ပြုခဲ့​ပါတယ်။ တိုင်း​ရင်း​သား​လူမျိုး​အား​လုံး​ အပါအဝင်ဖြစ်တဲ့​နိုင်ငံကိုမြန်မာလို့​သုံး​ရမယ်၊ ပြည်မကလူမျိုး​ကိုဗမာလို့​ သုံး​ရမယ်ဆိုပြီး​​တော့​အဓိပ္ပာယ်​ပြောင်း​ပြန်သတ်မှတ်ပြီး​​တော့​သုံး​ စွဲဖို့​အမိန့​်ထုတ်ပြန်ခဲ့​တာဖြစ်ပါတယ်။

ဗမာနိုင်ငံလုံး​ဆိုင်ရာ​ကျောင်သား​သမဂ္ဂများ​အဖွဲ့​ချုပ်ကိုလူမျိုး​ စုတစုတည်း​ရဲ့​အဖွဲ့​အဖြစ်​သေး​သိမ်​အောင်လုပ်ပြီး​​ကျောင်း​သား​​တွေကိုလည်း​ သ​ဘောထား​ကွဲလွဲမှုဖြစ်​အောင်​သွေး​ခွဲခဲ့​တဲ့​ လုပ်ရပ်အဖြစ်အဲဒီအချိန်ကလူသိများ​ခဲ့​ပါတယ်။

(ဦး​သာနိုး​အသံ) “ကျ​နော်က​တော့​ဒို့​ဗမာအစည်း​အရုံး​ကို​ထောက်ခံတယ်၊ စာ​ပေ ​ရေး​အရ​တော့​​ထောက်ခံတယ်ဗျာ၊ ဘာ​ကြောင့​်လဲဆို​တော့​ခုန ​ပြောသလိုပဲဗမာဆိုတဲ့​ဗထက်ချိုက်မာကဗြဟ္မာကလာတာ။ ဗြဟ္မာဆိုတာကပါဠိ​ပေါ့​ ဗျာ။ အိန္ဒိယမှာလည်း​ခုထက်ထိပဲမြန်မာကိုဗြမ္မာ​ခေါ်ကြတာပဲ။ ဗမာစာကိုဘာရမီလို့​ ​ခေါ်တယ်။ မြန်မာစကား​ဆိုရင်ဘာရမီဘာသာလို့​​ခေါ်တယ်ဗျ။ ဗမာကသာလျှင်တပြည်လုံး​ ကိုခြံုတဲ့​အမြင်ဖြစ်တယ်။ မြန်မာကခင်ဗျား​တို့​၊ ကျ​နော်တို့​ အပါအဝင်ရန်ကုန်၊ မန္တ​လေး​ကလူတစုကို​ခေါ်တာ။ ရှမ်း​၊ ကချင်မပါဘူး​”

အီလွီနွိုက်တက္ကသိုလ်ကအငြိမ်း​စား​မြန်မာစာပါ​မောက္ခဆရာဦး​​စောထွန်း​က​တော့​ ထိုင်း​နိုင်ငံမှာလည်း​ဗမာလူမျိုး​ကိုဖမာလို့​​ခေါ်တာကိုလည်း​စဉ်း​စား​ စရာအဖြစ်​ထောက်ပြပါတယ်။ ဒါ့​အပြင်…

(ဦး​​စောထွန်း​အသံ) “ပါဠိအဘိဓာန်ထဲမှာဆိုရင်မြန်မာပြည်ဆိုတာကိုဗြဟ္မာ ​ဒေသဆိုပြီး​​တော့​ဗြဟ္မာဆိုပြီး​​တော့​ပြတာရှိတယ်။ ​နောက်ဆရာ​တော်ကြီး​ ​တွေကဗြဟ္မာလို့​​ရေး​ကြတာ​တွေရှိတယ်။ အဲဒီက​နေပြီး​​တော့​အသံ​ပြောင်း​ပြီး​ ​တော့​ဗမာလို့​ဖြစ်မယ်ဆိုလည်း​ပဲဖြစ်ခွင့​်​တော့​ရှိတာပဲ”

ပုဂံ​ခေတ်မှာ​တော့​​မြေပြန့​်​နေလူမျိုး​ကိုမြန်မာအဖြစ်​ကျောက်စာ​ရေး​ထွင်း​ ခဲ့​တဲ့​အ​ထောက်အထား​​တွေခဲ့​ရတာကိုလည်း​ဆရာဦး​​စောထွန်း​ကအခုလို ​ပြောပြပါတယ်။

“မွန်​တွေကသူတို့​​ကျောက်စာ​တွေထိုး​တာရှိတယ်။ မွန်​ကျောက်စာထဲမှာကျန်စစ်သား​ လက်ထက်ကလူ​တွေအ​ကြောင်း​​ပြော​တော့​ဗမာ​တွေကိုသူတို့​ကမရမာလို့​ပဲသူတို့​ ​ပြောတာပါပဲ”

ဟုတ်ကဲ့​ဆရာ၊ တိုင်း​ရင်း​သား​လူမျိုး​အား​လုံး​ကိုမြန်မာလို့​သုံး​ခဲ့​တာမျိုး​​ရောအ​ထောက်အထား​​တွေ့​မိခဲ့​သလား​ဆရာ။

“သမိုင်း​​ကြောင်း​အရက​တော့​မြန်မာဆိုတာလည်း​ဗမာ၊ ဗမာဆိုတာလည်း​ မြန်မာဖြစ်ခဲ့​​တော့​တိုင်း​ရင်း​သား​အား​လုံး​ကိုခြံုပြီး​​တော့​မြန်မာလို့​ ​ခေါ်တာမျိုး​​တော့​ရှိတယ်လို့​မ​ပြောနိုင်ဘူး​​လေ။ ဒါက​တော့​​နောက်မှနိုင်ငံ ​ရေး​အရသတ်မှတ်ချက်တခု​ပေါ့​​လေ”

ကဲ…ဒီ​တော့​ဗမာ၊ မြန်မာဆိုတဲ့​အသုံး​အနှုန်း​ဟာနိုင်ငံ​ရေး​ပ​ယောဂ​ကြောင့​် က​ပြောင်း​ကပြန်ဖြစ်ခဲ့​ရတယ်ဆိုတာရှင်း​လင်း​ပြီထင်ပါရဲ့​​နော်။

​နောင်တချိန်မှာနိုင်ငံ​ရေး​ပ​ယောဂကင်း​ကင်း​နဲ့​ပညာရှင်​တွေစု​ဝေး​ တိုင်ပင်ပြီး​​တော့​အများ​ပြည်သူရဲ့​သ​ဘောတူညီချက်ပါရယူဆုံး​ဖြတ်သင့​်တဲ့​ ကိစ္စမျိုး​လို့​ထင်မိပါတယ်။

မူရင်း​-ဘီဘီစီ Myanmar နဲ့​ Burma စကား​လုံး​အသုံး​အငြင်း​ပွား​တဲ့​အခါကိုး​ကား​ချင်ကိုး​ကား​နိုင်ဖို့​ဒီပို့​စ်ကိုတင်ပါတယ်။

Burma / Burmese ဆိုတာ မြန်မာနိုင်ငံ / မြန်မာလူမျိုး​

အင်္ဂလိပ်အစိုး​ရ၏ ထီလက်မှတ်ပါ တရား​ဝင်အ​ခေါ်အ​ဝေါ်



အင်္ဂလိပ် အစိုး​ရ ထုတ်​ဝေသည့်​ သူကြီး​ဂေဇက်ပါ အသုံး​အနှံုး​






ဘီအိုစီ ( Burmah Oil Company - မြန်မာပြည် ​ရေနံကုမ္ပဏီ၏ ) ၏ ​ကြေညာ - ဗမာ့​ခေတ် သတင်း​စာ



၁၈၄၁ တွင် ထုတ်​ဝေသည့်​ ဘိုး​တော်ဘုရား​ ဗဒုံမင်း​၏ သား​တော် မက္ခရာမင်း​သား​ကြီး​၏ အဘိဓာန်ပါ ​ဝေါဟာရ




၁၈၄၉ တွင် ထုတ်​ဝေသည့်​ ဆရာယုဒသန် ( ဂျပ်ဆင် ) ၏ အဘိဓာန်ပါ ​ဝေါဟာရ




၁၈၅၃ တွင်ထုတ်​ဝေသည့်​ မက်ကန်ဇီး​ ၏ Burmah & The Burmese စာအုပ်



( Burman သည် မြန်မာလူမျိုး​၊​ တလိုင်း​သည် မွန်လူမျိုး​ ဖြစ်​ကြောင်း​ ထင်ရှား​စွာပြသည်။ )





အင်္ဂလိပ်တို့​သည် "ဗမာပြည်၊​ ဗမာလူမျိုး​" ဟူ၍ သုံး​စွဲခြင်း​မရှိ​ပေ။ မြန်မာဘုရင်များ​လက်ထက်၌လည်း​ "ဗမာပြည်၊​ ဗမာလူမျိုး​" ဟူ၍ သုံး​စွဲခြင်း​မရှိ​ပေ။

ဤသက်​သေသည် အင်္ဂလိပ်တို့​ခေါ်​သော Burma သည် ဗမာကို ကိုယ်စား​ပြုသည် ဟူ​သော အယူအဆအမှား​ကို ​ချေဖျက်လိုက်ပါသည်။



ဆက်စပ်ဖတ်ရှူရန်

ထီလက်မှတ်များ​က ​ပြော​သော မြန်မာ / Burma

အင်္ဂလိပ်အစိုး​ရထုတ် သူကြီး​ဂေဇက်ပါ မြန်မာနိုင်ငံ/ မြန်မာလူမျိုး​၊​ / Burma

ဘီအိုစီ Burmah Oil Company "မြန်မာပြည်​ရေနံကုမ္ပဏိ"

ကျမ်း​ကျိမ်လွှာတခု - ( မြန်မာလူမျိုး​ )

မြန်မာ ​ဝေါဟာရ သမိုင်း​ကြောင်း​

သက္ကရာဇ် ၈၁၇ ရခိုင်​မင်း​သမီး​ ဧချင်း​ပါ "မြန်မာ" လူမျိုး​

ရခိုင်မင်း​သမီး​ (​မောက်​တော်) ဧချင်း​ "မြန်မာ" လူမျိုး​

သက္ကရာဇ် ၈၁၇ ရခိုင်ဘုရင် ဘ​စောဖြူမင်း​ လက်ထက် အမတ်ကြီး​ ဘဒူမင်း​ညို၏ ရခိုင်မင်း​သမီး​ ဧချင်း​ ​ခေါ် ​မောက်​တော် ဧချင်း​ပါ "မြန်မာ" လူမျိုး​



ထီလက်မှတ်များ​က ​ပြော​သော မြန်မာ / Burma

(၁) အချို့​သူများ​ ထင်မြင်ကြ​သော Burma မှ "ဗမာ" ဖြစ်လာသည်။ "ဗမာ" ကို အမှီပြု၍ အင်္ဂလိပ်တို့​က Burma ဟု သတ်မှတ်သည်ဟူ​သော ယူဆချက်မှာ မှား​ယွင်း​သည်။

(၂) မြန်မာနိုင်ငံ ဟူ​သော အမည်သည် မြန်မာမင်း​များ​၊​ အင်္ဂလိပ်မင်း​များ​က သတ်မှတ်သုံး​စွဲ​သော အမည်ဖြစ်သည်။ အင်္ဂလိပ်တို့​ ​ခေါ်​ဝေါ်​သော Burma ဟူသည် " မြန်မာနိုင်ငံ"ကို ရည်ညွန်း​သည်။
အင်္ဂလိပ်အစိုး​ရလက်ထက် အစိုး​ရထီလက်မှတ်တွင် တရား​ဝင် သတ်မှတ်သည်မှာ Burma State (မြန်မာနိုင်ငံ) ဖြစ်သည်။

(၃) ​အောက်​ဖော်ပြပါ ထီလက်မှတ်များ​ ထုတ်​ဝေကာလသည် ကိုလိုနီ​ခေတ် - ၁၉၃၈၊​ ၁၉၃၉၊​ ၁၉၄၀၊​ ၁၉၄၁ ဖြစ်သည်။ ၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပ​ဒေ Government of Burma Act, 1935 အာဏာတည်​သော ( ၉၁ ဌာန ) အုပ်ချုပ်​ရေး​ကာလ ဖြစ်၏။

မြန်မာမင်း​၊​ အင်္ဂလိပ်မင်း​တို့​ရည်ညွန်း​သော "မြန်မာနိုင်ငံ"ဟူသည် မြန်မာမင်း​ပိုင်နယ်​မြေများ​ကိုသာ ရည်ညွန်း​ကြောင်း​ ထင်ရှား​သည်။ တိုင်း​ရင်း​သား​ပိုင်နယ်​မြေအား​လုံး​ (အထူး​သဖြင့်​ ရှမ်း​၊​ချင်း​၊​ကချင်စ​သော ​တောင်တန်း​ဒေသ နှင့်​ ကယား​ပြည်နယ်) ကို ခြံုငုံ​ခေါ်​ဝေါ်​သော အမည်မဟုတ်​ချေ။

မက္ခရာမင်း​သား​ကြီး​၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်

၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုအက်ဥပ​ဒေ ( ၉၁ ဌာန အုပ်ချုပ်​ရေး​ )

ဆက်လက် ​လေ့​လာဆဲ ( ကူညီ အ​ဖြေရှာ​ပေး​ပါရန် ) -> ၁၉၄၇ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေပါ မြန်မာနိုင်ငံ ဟူသည် မည်သည့်​ အဓိပ္ပါယ်​ဆောင်သနည်း​









[ မူရင်း​စာသား​ အပြည်အစုံ​ဖော်ပြပြီး​ ကူး​ယူ၊​ မျှ​ဝေနိုင်ပါသည်။ စာသား​များ​ ချန်လှပ်ပြီး​ ကူး​ယူခြင်း​ မပြုပါရန် ​မေတ္တာရပ်ခံပါသည်။ ]