ဗမာနဲ့ မြန်မာ မှာ ဘယ်စကားက ပြည်မနေ လူမျိုးကို ကိုယ်စားပြုပြီး၊ ဘယ်စကားက တိုင်းရင်းသား အားလုံးပါဝင်တဲ့ တနိုင်ငံလုံးကို ကိုယ်စားပြုသင့်ပါသလဲ။ ဘာသာဗေဒနဲ့ စာပေပညာရှင်တွေ ဖြစ်ကြတဲ့ ဆရာမောင်သာနိုး၊ ဆရာ ဦးစောထွန်းတို့နဲ့ ဆွေးနွေးထားပါတယ်။
ကဲ…ပထမဆုံးတော့သမိုင်းဝင်တေးသီချင်းတပုဒ်ကိုနားဆင်ကြည့်ကြပါစို့။
နောင်ဥဒါန်း×××ဘယ်မပြေစရာ××× ရာဇဝင်တင်ထား××× မျိုးရိုး နွယ်သာ×××ကမ္ဘာတခွင်မှာဖြင့် ××× ဗမာထင်ရှား ××× ဒို့ခေတ်တွင်မှ××× ညံ့ကြ တော့မှာလားဒို့ဗဗာ-ဒို့ဗမာ ××× မဟုတ်လေသလား××× (ဒို့ဗမာ-ငါတို့ ဗမာ) ၂×× (ဒါ-ငါတို့ဗမာ) ၂
နယ်ချဲ့တော်လှန်ရေးကိုရှေ့တန်းကဦးဆောင်ခဲ့တဲ့ဒို့ဗမာအစည်းအရုံး ရဲ့သမိုင်းဝင်အမျိုးသားရေးလှံု့ဆော်တေးသီချင်းကြီးပါ။ ဒီသီချင်း မှာဆိုသွားတဲ့ဒို့ဗမာဆိုတာဟာပြည်မမြေပြန့်ဒေသမှာနေထိုင်တဲ့အများ စုလူမျိုးတမျိုးတည်းကိုပြောတာလား။ ဒါမှမဟုတ်ရှမ်း၊ ကချင်၊ ကရင်၊ ကယား ၊ မွန်၊ ရခိုင်၊ ချင်းအပါအဝင်နိုင်ငံတခုလုံးအတွင်းမှာမှီတင်း နေထိုင်ကြတဲ့လူမျိုးအားလုံးကိုဆိုလိုတာပါလား။ သောတရှင်တို့ ဘယ်လိုထင်ပါသလဲ။
ဒို့ဗမာအစည်းအရုံးသမိုင်းစာမျက်နှာ၂၁၅မှာဒို့မြန်မာအစည်းအရုံးလို့မ ခေါ်ဘဲဘာကြောင့်ဒို့ဗမာအစည်းအရုံးလို့ခေါ်သလဲဆိုတာကိုရှင်းလင်း ဖွင့်ဆိုထားပါတယ်။ မြန်မာဆိုတာဟာပြည်မမြေပြန့်ဒေသမှာနေထိုင်တဲ့လူမျိုး ကိုသာခေါ်တာဖြစ်တယ်၊ မြန်မာပဒေသရာဇ်တွေပေးထားတဲ့နာမည်ဖြစ်တယ်၊
လူမျိုးကြီးဝါဒသဘောပါဝင်တယ်၊ ဒါ့ကြောင့်လူမျိုးအားလုံး၊ တိုင်း ရင်းသားအားလုံးပါဝင်တဲ့နိုင်ငံကိုမြန်မာတမျိုးတည်းအပိုင်အဖြစ်သုံး နှုန်းတာဟာမမှန်ကန်ဘူး၊ လူမျိုးအားလုံးအကျံုးဝင်တဲ့ နိုင်ငံကိုဗမာနိုင်ငံလို့ခေါ်မှသာညီညွတ်မှန်ကန်မယ်လို့အတိအလင်းဖွင့် ဆိုထားခဲ့ပါတယ်။
ကဲ…ဒီတော့…ပညာရှင်တွေကရောဘယ်လိုမြင်ပါသလဲ။ ဘာသာဗေဒပညာရှင်ဆရာမောင်သာနိုးရဲ့အမြင်ကတော့…
“ဗမာကမူလဗျ၊ ဗြဟ္မာကလာတာကိုး။ ဗထက်ချိုက်ဟရစ်ဟမဆင့်၊ ဗြဟ္မာကလာတာကိုး ။ ဗြဟ္မာကနေပြီးတော့ဗမာဖြစ်သွားတာ။ အဲဒါကိုမှထပ်ပြီးတော့ ဗမာကိုဗထက်ချိုက်နဲ့မနဲ့ပြောင်းပြီးတော့မြန်မာဖြစ်သွားတာ။ အဲတော့ မြန်မာကဒုတိယ၊ ဗြဟ္မာဆိုတဲ့ဗမာကအဓိကပင်မဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိ တွေယူဆကြတယ်။ အဲဒီဗမာနဲ့မြန်မာမှာကအင်္ဂလိပ်ခေတ်ကဝံသာနုခေတ်ကဒို့ ဗမာအစည်းအရုံးခေတ်ကသူတို့ကဗထက်ချိုက်မရေးချမာကိုချင်းကော၊ ကချင်ကော၊ ကရင်ကော၊ မြန်မာကောအားလုံးအတွက်သတ်မှတ်တယ်။ မြန်မာကိုတော့ မြန်မာလူမျိုး (ကျနော်တို့၊ ခင်ဗျားတို့ပေါ့ လေ) အတွက်ပဲသတ်မှတ်တယ်။
အဲဒီလိုအယူအဆရှိတယ်လို့ကျနော့်ကိုတလောဆီကသေဆုံး သွားတဲ့ရေနံချောင်းသခင်ခင်ညွန့်ကပြောဖူးတယ်ဗျ။ အခုပြောင်းပြန်ဖြစ် နေပြီတဲ့မြန်မာကကချင်ရော၊ ကရင်ရော၊ ရှမ်းကောကို ခေါ်တာ။ ဗမာကမှဒီလူမျိုးလေးကိုခေါ်တာလို့ဖြစ်နေတယ်။ ဒါဟာငါတို့ဝံသာနု ခေတ်ကဟာနဲ့ပြောင်းပြန်လို့သခင်ခင်ညွန့်ကပြောတယ်ဗျ။ ဒီ ခေတ်ကျမှဘယ်လိုလုပ်ပြီးတော့ပြောင်းပြန်ဖြစ်သွားသလဲမသိဘူး”
ဒါတွေကိုပြောင်းပြန်လှန်ပစ်သူအဖြစ်အများနားလည်ထားကြတာကတော့သွား လေသူဗိုလ်ချုပ်နေဝင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ဗမာစာဗမာစကား မှာဝင်ရောက်စွက်ဖက်ပါဝင်မှုတွေအနက်ကတခုဖြစ်ပါတယ်။
ဗိုလ်ချုပ်နေဝင်းရဲ့ဒီအမွေကိုသူ့ရဲ့လက်ရင်းတပည့်လို့ပြောဆိုလေ့ ရှိကြတဲ့ဗိုလ်ချုပ်ခင်ညွန့်ကနိုင်ငံရေးရည်ရွယ်ချက်နဲ့ ၁၉၈၉ခုနှစ်မှာအသုံးပြုခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးအားလုံး အပါအဝင်ဖြစ်တဲ့နိုင်ငံကိုမြန်မာလို့သုံးရမယ်၊ ပြည်မကလူမျိုးကိုဗမာလို့ သုံးရမယ်ဆိုပြီးတော့အဓိပ္ပာယ်ပြောင်းပြန်သတ်မှတ်ပြီးတော့သုံး စွဲဖို့အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်သားသမဂ္ဂများအဖွဲ့ချုပ်ကိုလူမျိုး စုတစုတည်းရဲ့အဖွဲ့အဖြစ်သေးသိမ်အောင်လုပ်ပြီးကျောင်းသားတွေကိုလည်း သဘောထားကွဲလွဲမှုဖြစ်အောင်သွေးခွဲခဲ့တဲ့ လုပ်ရပ်အဖြစ်အဲဒီအချိန်ကလူသိများခဲ့ပါတယ်။
(ဦးသာနိုးအသံ) “ကျနော်ကတော့ဒို့ဗမာအစည်းအရုံးကိုထောက်ခံတယ်၊ စာပေ ရေးအရတော့ထောက်ခံတယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ခုန ပြောသလိုပဲဗမာဆိုတဲ့ဗထက်ချိုက်မာကဗြဟ္မာကလာတာ။ ဗြဟ္မာဆိုတာကပါဠိပေါ့ ဗျာ။ အိန္ဒိယမှာလည်းခုထက်ထိပဲမြန်မာကိုဗြမ္မာခေါ်ကြတာပဲ။ ဗမာစာကိုဘာရမီလို့ ခေါ်တယ်။ မြန်မာစကားဆိုရင်ဘာရမီဘာသာလို့ခေါ်တယ်ဗျ။ ဗမာကသာလျှင်တပြည်လုံး ကိုခြံုတဲ့အမြင်ဖြစ်တယ်။ မြန်မာကခင်ဗျားတို့၊ ကျနော်တို့ အပါအဝင်ရန်ကုန်၊ မန္တလေးကလူတစုကိုခေါ်တာ။ ရှမ်း၊ ကချင်မပါဘူး”
အီလွီနွိုက်တက္ကသိုလ်ကအငြိမ်းစားမြန်မာစာပါမောက္ခဆရာဦးစောထွန်းကတော့ ထိုင်းနိုင်ငံမှာလည်းဗမာလူမျိုးကိုဖမာလို့ခေါ်တာကိုလည်းစဉ်းစား စရာအဖြစ်ထောက်ပြပါတယ်။ ဒါ့အပြင်…
(ဦးစောထွန်းအသံ) “ပါဠိအဘိဓာန်ထဲမှာဆိုရင်မြန်မာပြည်ဆိုတာကိုဗြဟ္မာ ဒေသဆိုပြီးတော့ဗြဟ္မာဆိုပြီးတော့ပြတာရှိတယ်။ နောက်ဆရာတော်ကြီး တွေကဗြဟ္မာလို့ရေးကြတာတွေရှိတယ်။ အဲဒီကနေပြီးတော့အသံပြောင်းပြီး တော့ဗမာလို့ဖြစ်မယ်ဆိုလည်းပဲဖြစ်ခွင့်တော့ရှိတာပဲ”
ပုဂံခေတ်မှာတော့မြေပြန့်နေလူမျိုးကိုမြန်မာအဖြစ်ကျောက်စာရေးထွင်း ခဲ့တဲ့အထောက်အထားတွေခဲ့ရတာကိုလည်းဆရာဦးစောထွန်းကအခုလို ပြောပြပါတယ်။
“မွန်တွေကသူတို့ကျောက်စာတွေထိုးတာရှိတယ်။ မွန်ကျောက်စာထဲမှာကျန်စစ်သား လက်ထက်ကလူတွေအကြောင်းပြောတော့ဗမာတွေကိုသူတို့ကမရမာလို့ပဲသူတို့ ပြောတာပါပဲ”
ဟုတ်ကဲ့ဆရာ၊ တိုင်းရင်းသားလူမျိုးအားလုံးကိုမြန်မာလို့သုံးခဲ့တာမျိုးရောအထောက်အထားတွေ့မိခဲ့သလားဆရာ။
“သမိုင်းကြောင်းအရကတော့မြန်မာဆိုတာလည်းဗမာ၊ ဗမာဆိုတာလည်း မြန်မာဖြစ်ခဲ့တော့တိုင်းရင်းသားအားလုံးကိုခြံုပြီးတော့မြန်မာလို့ ခေါ်တာမျိုးတော့ရှိတယ်လို့မပြောနိုင်ဘူးလေ။ ဒါကတော့နောက်မှနိုင်ငံ ရေးအရသတ်မှတ်ချက်တခုပေါ့လေ”
ကဲ…ဒီတော့ဗမာ၊ မြန်မာဆိုတဲ့အသုံးအနှုန်းဟာနိုင်ငံရေးပယောဂကြောင့် ကပြောင်းကပြန်ဖြစ်ခဲ့ရတယ်ဆိုတာရှင်းလင်းပြီထင်ပါရဲ့နော်။
နောင်တချိန်မှာနိုင်ငံရေးပယောဂကင်းကင်းနဲ့ပညာရှင်တွေစုဝေး တိုင်ပင်ပြီးတော့အများပြည်သူရဲ့သဘောတူညီချက်ပါရယူဆုံးဖြတ်သင့်တဲ့ ကိစ္စမျိုးလို့ထင်မိပါတယ်။
မူရင်း-ဘီဘီစီ Myanmar နဲ့ Burma စကားလုံးအသုံးအငြင်းပွားတဲ့အခါကိုးကားချင်ကိုးကားနိုင်ဖို့ဒီပို့စ်ကိုတင်ပါတယ်။
0 comments:
Post a Comment