(၂) မြန်မာနိုင်ငံ ဟူသော အမည်သည် မြန်မာမင်းများ၊ အင်္ဂလိပ်မင်းများက သတ်မှတ်သုံးစွဲသော အမည်ဖြစ်သည်။ အင်္ဂလိပ်တို့ ခေါ်ဝေါ်သော Burma ဟူသည် " မြန်မာနိုင်ငံ"ကို ရည်ညွန်းသည်။
အင်္ဂလိပ်အစိုးရလက်ထက် အစိုးရထီလက်မှတ်တွင် တရားဝင် သတ်မှတ်သည်မှာ Burma State (မြန်မာနိုင်ငံ) ဖြစ်သည်။
(၃) အောက်ဖော်ပြပါ ထီလက်မှတ်များ ထုတ်ဝေကာလသည် ကိုလိုနီခေတ် - ၁၉၃၈၊ ၁၉၃၉၊ ၁၉၄၀၊ ၁၉၄၁ ဖြစ်သည်။ ၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေ Government of Burma Act, 1935 အာဏာတည်သော ( ၉၁ ဌာန ) အုပ်ချုပ်ရေးကာလ ဖြစ်၏။
မြန်မာမင်း၊ အင်္ဂလိပ်မင်းတို့ရည်ညွန်းသော "မြန်မာနိုင်ငံ"ဟူသည် မြန်မာမင်းပိုင်နယ်မြေများကိုသာ ရည်ညွန်းကြောင်း ထင်ရှားသည်။ တိုင်းရင်းသားပိုင်နယ်မြေအားလုံး (အထူးသဖြင့် ရှမ်း၊ချင်း၊ကချင်စသော တောင်တန်းဒေသ နှင့် ကယားပြည်နယ်) ကို ခြံုငုံခေါ်ဝေါ်သော အမည်မဟုတ်ချေ။
မက္ခရာမင်းသားကြီး၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်
၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုအက်ဥပဒေ ( ၉၁ ဌာန အုပ်ချုပ်ရေး )
ဆက်လက် လေ့လာဆဲ ( ကူညီ အဖြေရှာပေးပါရန် ) -> ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မြန်မာနိုင်ငံ ဟူသည် မည်သည့် အဓိပ္ပါယ်ဆောင်သနည်း







[ မူရင်းစာသား အပြည်အစုံဖော်ပြပြီး ကူးယူ၊ မျှဝေနိုင်ပါသည်။ စာသားများ ချန်လှပ်ပြီး ကူးယူခြင်း မပြုပါရန် မေတ္တာရပ်ခံပါသည်။ ]
0 comments:
Post a Comment