ဒေါ်​အောင်ဆန်း​စုကြည် ပြောတဲ့​ Burma/ Myanmar အသုံး​အနှုန်း​

ဂျပန်နိုင်ငံမြို့​တော် တိုကျိုမှာ ဧပြီ ၁၃ က လူထုပရိသတ်ထဲက တ​ယောက်က ​မေး​လို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ထပ်မံ ရှင်း​လင်း​ခဲ့​တဲ့​ Burma/ Myanmar အသုံး​အနှုန်း​ ကိစ္စ။


ဂျပန်နိုင်ငံ​ရောက်​​ရှိ​နေစဉ် ပရိ​သတ်​​တဦး​​​​၏ အမေး​​​​အား​ပြန်လည်​​ဖြေကြား​​သည်​​​အ​သံ​ဖိုင်​​နား​ထောင်​​ရန်



ဟာဝိုင်ယီတွင်ပြောကြားခဲ့သည့်​ရုပ်သံ


(၁) စစ်အစိုး​ရက ၁၉၈၉- ၁၉၉၀ မှာ Myanmar လို့​အမည်​ပြောင်း​ပါတယ်။ Myanmar ဟာ တိုင်း​ရင်း​သား​အား​လုံး​ကို ကိုယ်စား​ပြုတယ်လို့​ ဆိုပါတယ်။ မမှန်ပါဘူး​။

(၂) မြန်မာဆိုတာ ဗမာလို့​ ​ခေါ်​နေတဲ့​ လူမျိုး​စု၏ စာ​ပေသုံး​ဝေါဟာရဖြစ်ပါတယ်။ တခြား​လူမျိုး​စု​တွေကို ကိုယ်စား​မပြုပါဘူး​။

Aung San Suu Kyi speech East-Westcenter HAWAII 25.JANUARY 2013


ဂျာမဏီအဓိပတိ​ဟောင်း​ ဝီလီယံဘရန့်​ ဆုလက်ခံပွဲ အခမ်း​အနား​တွင် ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ကြား​သော Burma / Myanmar အ​ကြောင်း​

Burma ​ဟာ ​များ​စွာ​သော ​တိုင်း​ရင်း​သား​လူ​မျိုး​စု​တို့​ရဲ ​မြေ​ဖြစ်​ပါ​တယ်။ ​လူ​တော်​တော်​များ​များ​က ​မေး​ကြ​တော့ ​ကျ​မ ​ဘာ​ကြော​င့် Burma ​လို့ ​သုံး​နှုံး​တယ်​ဆို​တာ ​ရှင်း​ပြ​ဖို့ ​လို​အပ်​ပြီ ​ထင်​ပါ​တယ်။ ၁၉၄၈​မှာ ​ကျ​မ​တို့ ​လွတ်​လပ်​ရေး​ရ​တဲ့ ​အ​ချိန်​မှာ Burma ​ဟု​သာ (​နိုင်​ငံ​တ​ကာ​က) ​သိ​ကြ​ပါ​တယ်။ ​နှစ်​ကာ​လ ​ကျ​မ​သေ​သေ​ချာ​ချာ ​မ​မှတ်​မိ​ပေ​မ​ယ့် ​အ​နှစ် ၂​ဝေ​ကျာ် ​ဆို​ရှယ်​လစ်​စ​နစ်​အ​တွင်း ၁၉၇၀ -၁၉၈၀ ​ကာ​လ​တွေ​အ​ထိ ​ကျ​မ​တို့ Burma ​လို့​သာ ​သုံး​စွဲ​ခဲ့​ကြ​တာ​ပါ။ ​ဒါ​ပေ​မ​ယ့် ၁၉၈၈​မှာ ​စစ်​အ​စိုး​ရ ​အာ​ဏာ​သိမ်း​ပြီး​နောက် ​နေ့​တ​နေ့​မှာ Myanmar ​လို့ ​ခေါ်​ဖို့၊ Burma ​လို့ ​ဆက်​လက် ​မ​သုံး​စွဲ​ဖို့ ​သ​တင်း​စာ​နဲ့ ​နိုင်​ငံ​ပိုင်​အ​သံ​လွှ​င့်​ဌာ​န​က ​ကြေ​ညာ​ပါ​တယ်။ ​တ​ရား​ဝင်​ထုတ်​ပြန်​တဲ့ ​ရှင်း​လင်း​ချက်​မှာ Burma ​ဆို​တာ ​ကို​လို​နီ​တွေ​ရဲ့ ​ဖန်​တီး​ချက်​ဖြစ်​တယ်။ Myanmar ​ဆို​မှ ​သ​ဘော​ဝ​ကျ​တဲ့ ​အ​မည်​ဖြစ်​တယ်၊ ​ကျ​မ​တို့ ​နိုင်​ငံ​အ​မည်​ဖြစ်​တယ် ​လို့ ​ဖော်​ပြ​ပါ​တယ်။ ​အဲ​ဒါ​ဟာ ​မ​မှန်​ပါ​ဘူး။ ​အ​ရင်​က ​ကျ​မ​ပြော​ခဲ့​သ​လို Burma ​ဟာ ​များ​စွာ​သော ​တိုင်း​ရင်း​သား​လူ​မျိုး​စု​တို့​ရဲ ​တိုင်း​ပြည်​ဖြစ်​ပါ​တယ်၊

Burmese ​ဆို​တာ ​အဲ​ဒီ​လူ​မျိုး​စု​တွေ​ထဲ​က ​တ​စု​သာ​ဖြစ်​တယ်။ Burmese ​ရဲ့ ( ​မြန်​မာ​လို ) ​စာ​သုံး​ပေ​သုံး​ဝေါ​ဟာ​ရ ​အ​မည်​ဟာ " ​မြန်​မာ" ​ပါ​ပဲ။ ​အ​မှန်​တော့ " ​မြန်​မာ" ​ဆို​တာ ​အ​ကြီး​ဆုံး​လူ​မျိုး​စု​တ​စု (Burmese)​ရဲ့ ​စာ​ပေ​သုံး​လူ​မျိုး​အ​မည်​ဖြစ်​တယ်​ဆို​တာ ​ရှင်း​ရှင်း​လင်း​လင်း​သိ​သာ​ပါ​တယ်။ ​ကျ​မ​ဟာ Burmese ​ဖြစ်​ပါ​တယ်။ ​ကျ​မ​ဟာ ​မြန်​မာ​လူ​မျိုး​ဖြစ်​ပါ​တယ်။ ( ​ရယ်​သံ​များ )

​ကျ​မ ​မြန်​မာ​စ​ကား​နဲ့ ​ပြော​တဲ့ ​အ​ခါ​မှာ ​ကျ​မ​ကိုယ်​ကျ​မ "​ဘာ​မီးစ် " ​လို့ ​တ​ခါ​မှ ​မ​ပြော​ဘူး။ ​ကျ​မ​ကိုယ်​ကျ​မ " ​မြန်​မာ​လူ​မျိုး" ​ပါ​လို့​ပဲ​ပြော​ပါ​တယ်။

​ရှင်​တို့​မှာ​လဲ ​ဒီ​လို​ပုံ​စံ​မျိး ​ရှိ​မယ်​လို့ ​ကျ​မ​ထင်​ပါ​တယ်။ ​ရှင်​တို့ ​အ​င်္ဂလိပ်​လို ​ပြော​ဆို​တဲ့ ​အ​ခါ​မှာ ​ရှင်​တို့​ကိုယ် ​ရှင်​တို့ German ( ​အ​င်္ဂလိပ်​ဘာ​သာ​သုံး) ​လို့​ပဲ ​သုံး​နှုံး​လေ့​ရှိ​ပြီး Deutsche ( ​ဂျာ​မန်​ဘာ​သာ​သုံး) ​လို့ ​ရည်​ညွန်း​မ​ရှိ​ပါ​ဘူး။ ​ဒါ​ဟာ ​လုံး​ဝ​သ​ဘာ​ဝ​ကျ​ပါ​တယ်။ ​ဒီ​နည်း​အ​တိုင်း​ပဲ ​ပြင်​သစ်​လူ​မျိုး​အား​လုံး​ဟာ ​အ​င်္ဂလိပ်​လို ​ပြော​ဆို​တဲ့ ​အ​ခါ​မှာ ​မိ​မိ​ကိုယ် ​မိ​မိ Française ( ​ပြင်​သစ်​ဘာ​သာ​သုံး) ​လို့ ​ပြော​လေ့​နည်း​ပါး​ပြီး French ( ​အ​င်္ဂလိပ်​ဘာ​သာ​သုံး) ​လို့​ပဲ ​သုံး​နှုံး​လေ့​ရှိ​ပါ​တယ်။

​ဒီ​အ​တိုင်း​ပါ​ပဲ ​ကျ​မ​လဲ ​အ​င်္ဂလိပ်​လို ​ပြော​ဆို​တဲ့ ​အ​ခါ​မှာ ​ကျ​မ​နိုင်​ငံ​ကို Burma ​လို့ ​ရည်​ညွန်း​သုံး​စွဲ​ပါ​တယ်။

​ကျ​မ​အ​နေ​နဲ့ ​နိုင်​ငံ​အ​မည်​သစ် Myanmar ( ​အ​င်္ဂလိပ်​ဘာ​သာ​သုံး) ​ကို ​ဆန့်​ကျင်​တာ​က ​ဒါ​ဟာ ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ကို ​တောင်း​ခံ​ခြင်း​မ​ရှိ​ပဲ ​အ​တင်း​အ​ကြပ်​သုံး​ခိုင်း​လို့​ပါ​ပဲ။ ​တ​နည်း​ပြော​ရ​ရင် Myanmar ​ဆို​တာ ​ဒီ​မို​က​ရေ​စီ​မ​ကျ​တဲ့ ​ပုံ​သ​ဏ္ဌန်​မျိုး​နဲ့ ​ကျ​မ​တို့​ကို ​သတ်​မှတ်​ပေး​လိုက်​တဲ့ ​အ​မည်​ပဲ​ဖြစ်​ပါ​တယ်။ ​ဒီ​လို ​အာ​ဏာ​ရှိ​သူ​တွေ​က (​သူ​တို့​ဘာ​သာ) ​ဆုံး​ဖြတ်​လိုက်​လိုက်​ပြီး​မှ ​ဒီ​လို​နည်း​နဲ့ ​ကျ​မ​တို့​ကို ​အ​သိ​ပေး​ခဲ့​တယ်။

​ကဲ...၊ ​ကျ​မ​က​တော့ ​တိုင်း​ပြည်​ကို ( ​အ​င်္ဂလိပ်​ဘာ​သာ​သုံး​အ​နေ​နဲ့ ) Burma ​လို့​ပဲ ​ဆက်​လက်​ခေါ်​ပါ​မယ်။ ( ​လက်​ခုပ်​သံ​များ) ​ဒါ​ပေ​မ​ယ့် ​ဒီ​မို​က​ရေ​စီ​ကို ​ယုံ​ကြည်​သူ​တ​ဦး​ဖြစ်​တဲ့​အ​လျှောက် ​လူ​တိုင်း​ဟာ ​ကျ​မ​တို့​တိုင်း​ပြည်​ကို Burma ​လို့​ခေါ်​မ​လား၊ Myanmar ​လို့​ခေါ်​မ​လား​ဆို​တာ ​မိ​မိ​တို့ ​ကိုယ်​တိုင်​ရွေး​ချယ်​နိုင်​ပါ​တယ်။ ​ရှင်​တို့ ​သ​ဘော​ဆ​န္ဒ​အ​ရ ​ဖြစ်​မယ်၊ ​တ​ဦး​တ​ယောက်​က ​အ​တင်း​အ​ကြပ်​ခိုင်း​တာ​မျိုး ​မ​ဟုတ်​ဘူး​ဆို​ရင် ​ကျ​မ ​နှစ်​မျိုး​စ​လုံး​ကို ​လက်​ခံ​နိုင်​ပါ​တယ်။

Daw Aung San Suu Kyi's speech receiving Willy Brandt prize

Burma is a land of many ethnic nationalities. Now I think at this point I must explain my use of Burma because many people have asked me about this. When we became independent in 1948, we were known as Burma. I can't quite remember exact years which is how much important I put on it, but during 20 years of Burma Socialist program party I think somewhere 1970 or 1980 we can continue to use Burma. But after Military regime took over 1988, one day it is announced in newspaper and on state radio that our country would here forth be known internationally as Myanmar and no longer as Burma.

The official explanation given to us was that Burma was a colonial invention , Myanmar was a nature name. It was our name for our country. This is of course it's not true as I said earlier Burma is a country of many ethnic nationalities and Burmese is just one of this ethnic nationalities.

The literally name for Burmese is Myanmar.In fact, the name Myanmar is simply literally name of one particular ethnic group, the biggest ethnic group, the Burmese, I am Burmese. Now I am all Myanmar. When I say in Burmese, I never refer to us as Burmese.

I refer to us as Myanmar.I think the same way when you say in English, you refer to yourself as German rather than Deutsche. That is perfectly natural. All French say that French rather than Française when you speak English. In same way, when I speak English, I refer to our country as Burma.

The main reason why I object to new name Myanmar is because it is imposed on our country without following the will of our people. In another words, Myanmar is a name given to us entirely undemocratic fashion.

This was decided by those in power. It is how we are going to be known.

So, I can continue to refer to my country as Burma. But as somebody who believe in democracy, everyone of you may decide for yourself whether to refer to my country as Burma or Myanmar. Both are equally acceptable to me if you use it out of your own free will and not because because somebody has force you to use that name so.

@receiving Willy Brandt prize - 11-04-2014

မြန်မာ / ဗမာနှင့်​​ နိုင်ငံ​​​တော်အမည်

မြန်မာ "မြန်မာ" ဟူ​သော အက္ခရာ​ရေး​ထုံး​သည် "လူမျိုး​အမည်၊​ နိုင်ငံအမည်" အဖြစ် ပုဂံ​ခေတ်​ကျောက်စာများ​မှ စတင်၍ လွတ်လပ်​ရေး​ကာလ အထိ တစဉ်တဆက်တည်း​ ​ရေး​သား​ခဲ့​သည်။ အရပ်သုံး​စကား​ အဖြစ် "ဗမာ" ဟု ​ပြောဆို​ခေါ်​ဝေါ်​နေကြသည်လည်း​ ရှိ၏။ မငြင်း​ဆိုပါ။ သို့​သော် အက္ခရာ​ရေး​ထုံး​၊​ ထီး​သုံး​နန်း​သုံး​ (ရုံး​သုံး​) သည် "မြန်မာလူမျိုး​၊​ မြန်မာနိုင်ငံ" သာ ရှိ၏။

"ဗမာ" ဟူ၍ စာတတ်​ပေတတ် ပုဂ္ဂိုလ်၊​မူး​မတ် အစိုး​ရမင်း​များ​က မသုံး​ကြ၊​ မ​ရေး​ကြ။ "ဗမာ" ဟူသည် ဗြဏ္မာမှ ဆင်း​သက်​ကောင်း​ ဆင်း​သက်နိုင်မည်။ သို့​သော် မြန်မာစာ​ပေဟု မား​မား​မတ်မတ်​ပေါ်လာ​သော အ​နော်ရထာပုဂံ​ခေတ်မှ စတင်၍ "မြန်မာလူမျိုး​၊​ မြန်မာနိုင်ငံ"သာလျှင် အက္ခရာ​ရေး​ထုံး​၊​ ရုံး​သုံး​ (ဝါ) ထီး​နန်း​သုံး​ဖြစ်သည်။

သီ​ပေါမင်း​ပါ​တော်မူသည်အထိ တိုင်း​ရင်း​သား​အား​လုံး​ ပါဝင်​သောအမည်ကို မည်သည့်​ဘုရင်မှ အဓိပ္ပာယ်ဖွင့်​ဆို သတ်မှတ်​ပေး​သွား​ခြင်း​မရှိ။ မြန်မာပြည်၊​ ရှမ်း​ပြည်၊​ ရခိုင်ပြည်ဟူ​သော လူမျိုး​အမည်ကိုသာ နိုင်ငံအမည် သတ်မှတ်ခဲ့​ကြသည်။

​ရှေး​က လူမျိုး​တမျိုး​တည်း​ ​နေထိုင်ပြီး​ တထီး​တနန်း​ မင်း​အစိုး​ရရှိ​သော သီး​ခြား​ နယ်​မြေကို ရှမ်း​ပြည်၊​ မွန်ပြည်၊​ ရခိုင်ပြည်ဟု သတ်မှတ်ကြသည်။ ထိုစဉ်က တိုင်း​ရင်း​သား​ဟူ​သော သတ်မှတ်ချက်မရှိ။ လူမျိုး​ (၁၀၁)ပါး​ စသည်ဖြင့်​ လူမျိုး​သတ်မှတ်ချက်သာရှိ၏။

ထိုလူမျိုး​တမျိုး​က တခြား​လူမျိုး​၏ နယ်​မြေကို သိမ်း​ပိုက်​သောအခါလည်း​ရှိသည်။ ထိုအခါ စစ်နိုင်လူမျိုး​၏ အမည်ကို နိုင်ငံ၏ အမည်အဖြစ် ​ယေဘုယျ သိမ်း​ကြံုး​ သတ်မှတ်​ခေါ်​ဝေါ်ကြ​သော်လည်း​ ရှမ်း​ပြည်၊​ မွန်ပြည်၊​ ရခိုင်ပြည်ဟူ​သော အမည်ကို ပယ်ဖျက်ခြင်း​မရှိ​ခြေ။ ထိုကာလတွင် ပြည်နယ်ခွဲ သတ်မှတ်မှုမရှိ။




သက္ကရာဇ် ၈၁၇ ရခိုင်ဘုရင် ဘ​​စောဖြူမင်း​​ လက်ထက် အမတ်ကြီး​​ ဘဒူမင်း​​ညို၏ ရခိုင်မင်း​​သမီး​​ ဧချင်း​​ ​​ခေါ် ​​မောက်​​တော် ဧချင်း​​



၁၇၉၉ ထုတ် Francis Buchanan ​ရေး​သား​သည့်​ "A Comparative Vocabulary of Some of the Languages Spoken in the Burma Empire " စာအုပ်

ဗမာ

လူမျိုး​အား​လုံး​ပါဝင်​ရေး​ မူဝါဒ နှင့်​ အမည်သစ် သတ်မှတ်မှုမှာ ၁၉၃ဝတွင် ​ရှေး​ရိုး​စဉ်လာမှ ခွဲထွက်ပြီး​ စည်း​လုံး​မှုတည်​ဆောက်လို​သော ပညာတတ်လူငယ်တစုမှ စတင်ကြိုး​စား​ခဲ့​သည်။ လူထုပွဲတခုတွင် "ဒို့​ဗမာ" ဟု ဟစ်​ကြွေး​သံကြား​ပြီး​ ထိုအမည်သစ် စိတ်ကူး​ရလာကြသည်။

အသစ်အဆန်း​ရှာ​ဖွေမည့်​အစား​ နှုတ်ကျိုး​နေ​သော ထိုအာ​မေဒိဋ်သံကို ပြည်သူအား​လုံး​၏အမည်သစ် အဖြစ် သတ်မှတ်ရန် ဆုံး​ဖြတ်ကြသည်။ ပြည်သူအား​လုံး​ဆိုသည်မှာ (ယ​နေ့​သတ်မှတ်​သော တိုင်း​ရင်း​သား​များ​ သာမက) တပြည်လုံး​ရှိ ပြည်သူအား​လုံး​ကို ရည်ရွယ်သည်။လူမျိုး​ ခွဲခြား​မှုမရှိ။

"ဗမာ" ဟူ​သော အရပ်သုံး​စကား​ကို ထီး​သုံး​နန်း​သုံး​ (ရုံး​သုံး​) အဖြစ် နိုင်ငံ​ရေး​ရည်ရွယ်ဖြင့်​ ပြည်သူ့​အမည်သစ်အဖြစ် သတ်မှတ်ကြခြင်း​ဖြစ်သည်။ ယ​နေ့​ခေတ် "ပဲခူး​"ကို "ပဂိုး​" အဖြစ် ပုံနှိပ်လျှင် သတ်ပုံမှား​သည်ဟု ​ဝေဖန်ကြလိမ့်​မည်။ ထို​ခေတ်တွင်လည်း​ ​တောခြံုကြား​က "ဗမာ"ကို စာရွက်​ပေါ်တင်လာ​သော အခါ စာတတ်​ပေတတ် လူကြီး​များ​မှ ​ဝေဖန်ကန့်​ကွက်ကြသည်။ ဤကား​ ​ခေတ်စမ်း​တီတွင်မှုတည်း​။

တခြား​အမည် မရှာဘဲ အဘယ့်​ကြောင့်​ "ဗမာ"ကို ​ရွေး​ချယ်သနည်း​။ စဉ်း​စား​စရာ ဖြစ်​ပေမည်။ အကယ်၍ လုံး​ဝပြည်သူနှင့်​ မနီး​စပ်​သော အသစ်အဆန်း​ကို တီတွင်ပါက ပြည်သူကြား​ ကျယ်ပြန့်​ ​ပေါက်​မြောက်မည်မဟုတ်။ သို့​တိုင် "ဗမာ" အမည် နှင့်​ ဝါဒကို လူသိများ​စေရန် "တို့​ဗမာ" သီချင်း​ဖြင့်​ အခမ်း​အနား​ကျင်း​ပကာ လှံု့​ဆော်မြှင့်​တင်ခဲ့​ရသည်။ တို့​ဗမာသီချင်း​သည် ရိုး​ရိုး​သီချင်း​ မဟုတ်၊​ ဝါဒဖြန့်​ သီချင်း​ဖြစ်သည်။ အစည်း​အရုံး​ထက် သီချင်း​က ​ရှေး​ပိုကျသည်။ အစည်း​အရုံး​ ရုံး​ခန်း​ မထူ​ထောင်နိုင်ခင် သီချင်း​က ထွက်နှင့်​ပြီး​ ဖြစ်သည်။ မူလရည်ရွယ်အဓိပ္ပာယ်ကို သီချင်း​တွင် "တိုင်း​ရင်း​သား​စုံညီ တို့​ပြည်လို့​ မှတ်ထင်၊​ တို့​ဗမာခင်" ဟု အတိအလင်း​ဖော်ပြခဲ့​သည်။

ထိုနည်း​တူ မူလအဓိပ္ပာယ်ရှိပြီး​ အမည်တခုကို ရည်ရွယ်အဓိပ္ပာယ်သို့​ ​ပြောင်း​လဲတီတွင်မှု များ​စွာပြုလုပ်ခဲ့​သည်။

အထင်ရှား​ဆုံး​ သာဓက တခုမှာ "သခင်" ​ဝေါဟာရဖြစ်သည်။ မူလအဓိပ္ပာယ် "သခင်" သည် ပုဂ္ဂလိကပိုင်သ​ဘော ​ဆောင်သည်။ တဦး​တ​ယောက်၏ ပိုင်ဆိုင်မှု သ​ဘော​ဆောင်သည်။ တို့​ဗမာဝါဒမှ သတ်မှတ်​သော "သခင်"သည် ပြည်သူပိုင်၊​ အများ​ပိုင်သ​ဘော​ဆောင်သည်။ တတိုင်း​ပြည်လုံး​၏ အရှင်သခင်သည် တဦး​တ​ယောက်တဖွဲ့​ပိုင် မဟုတ်၊​တိုင်း​ရင်း​သား​နှင့်​ ပြည်သူလူထု အများ​ပိုင်ဖြစ်သည်။ ပြည်သူသည် သခင်ဖြစ်သည်၊​ "ဗမာ" သည် သခင်ဖြစ်သည်။ ဤကား​ တဦး​ပိုင် ရှင်ဘုရင်သခင်ကို ပလ္လင်​ပေါ်က ဆွဲချလိုက်ခြင်း​ ဖြစ်သည်။

အုပ်ချုပ်သူတို့​သည် ပြည်သူ့​အခွန်ကို စား​ကြ၏။ ပြည်သူ့​​အ​စေခံဖြစ်၏ ဟု ​ပြောင်​ပြောင်တင်း​တင်း​ ရည်ရွယ်​အဓိပ္ပာယ် ဖွင့်​ဆိုခဲ့​သည်။ အုပ်ချုပ်သူသည် အ​စေခံ၊​ အအုပ်ချုပ်ခံ ပြည်သူသည် သခင် ဟူ​သော ဝါဒကို အဘယ်​အာဏာရှင်​အစိုး​​ရက ကြိုက်မည်နည်း​။

မကြိုက်၍ ကိုလိုနီ​ခေတ်၊​ မ-ဆ-လ​ခေတ်တွင် မတရား​အသင်း​ ​ကြေညာခံရ၏၊​ သမိုင်း​ဖျောက်ခံရ၏။ ​ဖျောက်မရ​သော အမည်ကို မလိမ့်​တပတ် ဖလှယ်ခံရ၏။ [ လွတ်လပ်​ရေး​ရပြီး​အထိ (၁၉၄၈ လွတ်လပ်​ရေး​ကြေညာစာတမ်း​တွင်ပင်) မြန်မာလူမျိုး​ဟု တရား​ဝင်သုံး​စွဲဆဲဖြစ်၏။ ] မ-ဆ-လ ​ခေတ်​ရောက်မှသာ ပြည်သူ့​ကိုယ်စား​ပြု ဗမာ​အမည်ကို ဗမာလူမျိုး​အမည်အဖြစ် မလိမ့်​တပတ် ဖလှယ်ခံရ၏။

မူလအဓိပ္ပာယ် ​ဝေါဟာရရှု​ထောင့်​မှ ကြည့်​လျှင် "သခင်" ကို တို့​ဗမာအစည်း​အရုံး​က တီတွင်သည် မဟုတ်။ သခင်အမည် ​ရှေ့​တပ်​ခေါ်ခြင်း​သည်လည်း​ တို့​ဗမာအစည်း​အရုံး​က စတင်ခဲ့​သည် မဟုတ်။ "ဝဏ္ဏ​သေး​"ရွာတွင် ရွာသား​တိုင်း​ နာမည်​ရှေ့​တွင် "သခင်" တပ်​ခေါ်​သော ဓ​လေ့​ရှိခဲ့​ပြီး​ ဖြစ်သည်။

သို့​ဆိုလျှင် တို့​ဗမာအစည်း​အရုံး​သည် မည်သည်​ကို တီတွင်သနည်း​။ နိုင်ငံ​ရေး​​သ​ဘော​ပါ​သော ရည်ရွယ်​အဓိ​ပ္ပာယ်​ကို ပထမ​ဆုံး​ သတ်မှတ်ခြင်း​ဖြင့်​ အမည်​သစ် တီတွင်ခြင်း​ဖြစ်သည်။

ထိုနည်း​တူ "အတွင်း​ရေး​မှူး​"၊​ "အမှတ်စဉ်" စ​သော ​ဝေါဟာရများ​ကို တီတွင်ခဲ့​သည်။

အုပ်ချုပ်​ရေး​သီး​ခြား​ဖြစ်​သော ​တောင်တန်း​သား​တို့​ ဆန္ဒပါဝင်သ​လောဟု ​မေး​ကြ​ပေလိမ့်​မည်။ ပညာတတ် လူငယ် တစုမှ သတ်မှတ်ခြင်း​ဖြစ်ပါသည်၊​ ရန်ကုန်ရှိ အိမ်​လေး​တလုံး​မှ စတင်ပါသည်။ သတ်မှတ်​နေစဉ် နယ်ခြား​ဒေသ မဆိုထား​နှင့်​ ရန်ကုန်မြို့​ရှိ လူထုပင် မသိလိုက်ပါ။ ထို့​အတွက် ဝါဒဖြန့်​ရပါသည်။

သီချင်း​ရေး​စပ်၍ ​ရွှေတိဂုံ၊​ ​ကျောင်း​သား​သမဂ္ဂမှစ၍ ​တောမြို့​မကျန် ​နေရာအနှံ့​ သီချင်း​ဆိုပြ၊​ ရှင်း​လင်း​ပြရပါသည်။ လက်ခံသူရှိသလို၊​ လက်မခံသူများ​လည်း​ ရှိပါသည်။ ကန့်​ကွက်ကြသူများ​တွင် ပညာတတ် မြန်မာအမျိုး​သား​ကြီး​များ​ပင် ပါဝင်ပါသည်။လ ( မြန်မာ့​အလင်း​ဦး​စိန် နှင့်​ ဦး​ဘ​ဖေတို့​က ​တောသုံး​ရပ်သုံး​စကား​ကို စာ​ပေထဲဆွဲ​ခေါ်ပြီး​ မြန်မာ​ဝေါဟာရကို မဖျက်စီး​ရန် သခင်လူငယ်​တွေကို အပြင်း​အထန်ကန့်​ကွက်ခဲ့​ကြသည်။ မြန်မာ့​အလင်း​သတင်း​စာမှ ပြည်သူများ​အား​ လွဲမှား​သောအမည်ရှိ ထိုအဖွဲ့​အစည်း​၌ မပါဝင်ကြရန် ​ဆော်ဩ​ရေး​သား​ခဲ့​သည်။ ဦး​ဘ​ဖေဦး​​စီး​သော သူရိယသတင်း​စာမှလည်း​ တို့​ဗမာအစည်း​အရုံး​သတင်း​များ​ ​ဖော်ပြရာတွင် "တို့​ဗမာ" အစား​ "တို့​မြန်မာ" ဟု ၁၉၃၆ ဝန်း​ကျင်အထိ ​ပြောင်း​လဲပုံနှိပ်ခဲ့​သည်။)

45. Ibid, p. 3.

46. Thuriya, dated 24. 7. 36, pp. 11-2, 27. 7. 36, p. 50, 31. 7. 36, pp. 13-4.)

(ဦး​) ​ဇော်စိုး​ဝင်း​ "မြန်မာ​အမျိုး​သား​ရေး​လှုပ်ရှား​မှုတွင် တို့​ဗမာ​အစည်း​​အရုံး​ နှင့်​ သခင်​များ​ ​ပေါ်ထွန်း​​​လာခြင်း​​စာ​တမ်း​"



စ​​နေနဂါး​​နီ ဂျာနယ်မှ အတွဲ ၂ အမှတ် ၂၄ ၊​ ၁၉၄၀ နိုဝင်ဘာ ၁၆

သို့​​​သော် ​​အောင်မြင်ပါသည်။လူမျိုး​​စံ​ု ရှမ်း​​၊​မွန်၊​ ရခိုင် စ​​သော တိုင်း​​ရင်း​​သား​​များ​​ သာမက ကုလား​​၊​တရုတ်လူမျိုး​​များ​​ပင် ပါဝင်လက်ခံ​ပြီး​​ သခင်ဘွဲ့​​ ခံ​ကြသည်။ အဘယ့်​​​ကြောင့်​​နည်း​​။ ရည်ရွယ်ရာ ​​စေတနာမှန်​​သော​​ကြောင့်​​ ဖြစ်သည်။ အစည်း​​အရံ​ုး​​အင်အား​​ကြီး​​ထွား​​လာပြီး​​ "ဗမာ"​​ဝေါဟာရကို သတင်း​​စာများ​​ကပါ ပံ​ုနှိပ်သံ​ုး​​စွဲလာကြသည်။

​​ဒေါက်တာဘ​​မော် အစရှိ ပညာတတ်များ​​လက်ခံ​လာပြီး​​ ဗမာအမည်ဖြင့်​​ အဖွဲ့​​အစည်း​​များ​​စွာ​​ပေါ်​​ပေါက်ခဲ့​​သည်။ နိုင်ငံ​လံ​ုး​​ဆိုင်ရာ ညီလာခံ​ကြီး​​များ​​ကျင်း​​ပနိုင်ပြီး​​ ဆရာစံ​၊​ ၁၃၀၀ ပြည့်​​အ​​ရေး​​​တော်ပံ​ုမှသည် ရဲ​​ဘော်သံ​ုး​​ကျိပ်၊​ ဗမာ့​​တပ်မ​​တော်အလယ်၊​ လွတ်လပ်​​ရေး​​အဆံ​ုး​​ ဦး​​​ဆောင်နိုင်ခဲ့​​သည်။

ရည်ရွယ်အဓိပ္ပာယ်ကို ပွင့်​​လင်း​​စွာချပြနိုင်ခြင်း​​​ကြောင့်​​ သိ၍ ကြိုက်၍ လိုက်ကြခြင်း​​ ဖြစ်သည်။ မလိမ့်​​တပတ်မလုပ်။

သို့​​ဆိုလျှင် ဒို့​​ဗမာအမည်ကို တိုင်း​​ရင်း​​သား​​အား​​လံ​ုး​​ ​​ကျေနပ်ပါ၏​​လော။ ဆန္ဒပါ ပါ၏​​လော။ ပြည်သူ့​​ဆန္ဒကို ​​ဖော်ထုတ်ရာတွင် မဲ​​ပေး​​ခြင်း​​ စနစ်သည် ကိရိယာတခုသာ ဖြစ်သည်။ သခင်​​ပေါက်စ ​​ထောင်​​ခြောက်လ​​ခေတ်၊​ ပြည်မ​​တောင်တန်း​​ခွဲခြား​​​သော​​ခေတ်တွင် မဲစနစ်ကို အသံ​ုး​​မပြုနိုင်။ လူထုလိုက်ပါကျင့်​​သံ​ုး​​မှုကို ကြည့်​​ပြီး​​ သိသာနိုင်ပါသည်။

သတိပြုရန်မှာ"ဗမာ" အမည် တီတွင်ခြင်း​​သည် တစိတ်တပိုင်း​​သာဖြစ်သည်။ အဓိကမှာ သခင်ဝါဒဖြစ်သည်။ တို့​​ဗမာဝါဒ ကျင့်​​သံ​ုး​​နိုင်ခြင်း​​သည် ပင်မရည်ရွယ်ချက်ဖြစ်သည်။

အမည်သစ် အသံ​ုး​​ပြုရာ၌ ​​ရော​​ထွေး​​မှုများ​​ရှိသည်။ တပြည်လံ​ုး​​ ကျယ်ပြန့်​​လာသည်နှင့်​​ အမျှ အချို့​​သူများ​​သည် "မြန်မာ" "ဗမာ" လူမျိုး​​၊​ နိုင်ငံ​ ​​ရော​​ထွေး​​​ရေး​​သား​​မှုများ​​ရှိလာသည်။ သမိုင်း​​မမှီသူ ​​နှောင်း​​​ခေတ်လူတို့​​ မျက်စိလည်စရာဖြစ်လာသည်။





နိုင်ငံ​အမည်

ကိုလိုနီ​​ခေတ် ထီလက်မှတ် ၁၉၃၉

ကိုလိုနီ​​ခေတ်တွင် အင်္ဂလိပ်တို့​​က နိုင်ငံ​အမည်ကို "မြန်မာနိုင်ငံ​" ဟုသာ သံ​ုး​​စွဲသည်။ "ဗမာနိုင်ငံ​"ဟု မသံ​ုး​​နှုန်း​​​ချေ။ တို့​​ဗမာအစည်း​​အရံ​ုး​​မှ တီတွင်​​သော "ဗမာ" အမည်ကို ၁၉၄၃ ဂျပန်မှ ​​ပေး​​​သော လွတ်လပ်​​ရေး​​တွင် စတင်အသံ​ုး​​ပြု၏။ "ဗမာနိုင်ငံ​​​တော်" ဟု ဗိုလ်ချုပ်​​အောင်ဆန်း​​၊​ သခင်ကိုယ်​​တော်မှိုင်း​​၊​ သခင်နု စ​​သော လွတ်လပ်​​ရေး​​​ခေါင်း​​​ဆောင်တို့​​ သတ်မှတ်ကြ၏။ ပြည်သူ့​​"ဗမာ" အမည်သည် ပြည်သူကြား​​မှ နိုင်ငံ​​​တော်အစိုး​​ရအထိ ​​ရောက်ရှိခဲ့​​သည်။

ထို​​ခေါင်း​​​ဆောင်တို့​​ပင် ၁၉၄၈ အင်္ဂလိပ်မှ ​​ပေး​​​သော လွတ်လပ်​​ရေး​​တွင် "ပြည်​​ထောင်စုမြန်မာနိုင်ငံ​​​တော်" ဟု သတ်မှတ်ပြန်သည်။ အဘယ်သို့​​နည်း​​။ မည်သို့​​ ကွာခြား​​သနည်း​​။

၁၉၄၃ နိုင်ငံ​အမည် "ဗမာ"ဟူသည် တိုင်း​​ရင်း​​သား​​ပြည်သူအ​​ပေါင်း​​ကို ရည်ရွယ်​​ကြောင်း​​ ရှင်း​​ပြပြီး​​ဖြစ်သည်။

​​ရှေး​​ယခင်က ဂျပန်ဥပ​​ဒေ ပြဒါန်း​​ထား​​ခြင်း​​ မရှိခဲ့​​၍ ဂျပန်ထံ​မှ ယူ​​သော လွတ်လပ်​​ရေး​​ကား​​ ဥပ​​ဒေ​​ကြောင်း​​အရ ညှိယူရန် မလိုအပ်​​ပေ။ "ဗမာ" ကိုယ်၌က ပြည်​​ထောင်စုသ​​ဘော သက်ဝင်ပြီး​​ ဖြစ်သည်။

၁၉၄၈ နိုင်ငံ​အမည်ကို သတိထား​​ကြည့်​​လျှင် "ပြည်​​ထောင်စု" ဟူ​​သော ​​ဝေါဟာရ ပါဝင်လာ​​ကြောင်း​​ ​​တွေ့​​ရမည်။ (၁) အင်္ဂလိပ်ထံ​မှ လွဲ​​ပြောင်း​​ယူခြင်း​​ဖြစ်ခြင်း​​​ကြောင့်​​ နဂိုပြဒါန်း​​ထား​​​သော အင်္ဂလိပ်ဥပ​​ဒေများ​​နှင့်​​ လိုက်​​လျောညီ​​စေရန် "မြန်မာနိုင်ငံ​" (၂) ထို "မြန်မာနိုင်ငံ​" ပြည်မအား​​ ​​တောင်တန်း​​​ဒေသပူး​​​ပေါင်း​​သဖြင့်​​ "ပြည်​​ထောင်စု" ဟူ​​သော ​​ဝေါဟာရ နှစ်မျိုး​​ဖြင့်​​ ​​ပေါင်း​​စုထား​​ခြင်း​​ဖြစ်သည်။

( ၁၉၄ရဖွဲ့​​စည်း​​ပံ​ုအ​​ခြေခံ​ဥပ​​ဒေတွင် "မြန်မာနိုင်ငံ​"ဟူ​​သော စကား​​ရပ်သည် ၁၉၃၅ မြန်မာနိုင်ငံ​ စီမံ​အုပ်ချုပ်မှု ဥပ​​ဒေကို ရည်ညွန်း​​ချက်ပါဝင်သည်။)

၁၉၄၈ အမည်ဖြစ်​​သော "ပြည်​​ထောင်စု+ မြန်မာ"ကို ပူး​​တွဲ​​ခေါ်ရမည်။ "မြန်မာနိုင်ငံ​" ဟု ခွဲခြား​​ မ​​ခေါ်သင့်​​။ "မြန်မာနိုင်ငံ​" ချည်း​​သက်သက် သံ​ုး​​စွဲလျှင် ပြည်မ​​နေ မြန်မာလူမျိုး​​ကိုသာ အဓိက ရည်ရွယ်ရာ ​​ရောက်သည်။ မပြည့်​​စံ​ု။ ခွဲခြား​​​ခေါ်​​သော​​ကြောင့်​​ ပြသနာတတ်ခဲ့​​သည်။ ၁၉၆၂ တွင် ကုလသမဂ္ဂသို့​​ တင်သွင်း​​​သော နိုင်ငံ​အမည်တွင် "ပြည်​​ထောင်စု"ကို ချန်လှပ်ပြီး​​ "မြန်မာနိုင်ငံ​ = Burma " ဟုသာ ​​ရေး​​သား​​မိ၍ တိုင်း​​ရင်း​​သား​​တို့​​ ကန့်​​ကွက်ခဲ့​​ကြသည်။

လူမျိုး​​အမည်

အထက်တွင် နိုင်ငံ​အမည်ကို ရှင်း​​လင်း​​ပြီး​​ ဖြစ်သည်။ လူမျိုး​​အမည်ကို ဆက်လက် သံ​ုး​​သပ်ရ​​သော်.....

တို့​​ဗမာ​​ခေတ်အလွန်တွင် သတင်း​​ဂျာနယ်နှင့်​​ ပြည်သူအကြား​​ လူမျိုး​​အမည်ကို မြန်မာ-ဗမာ​​ရော​​ထွေး​​ အသံ​ုး​​ပြုလာကြသည်။ ရည်ရွယ်ချက်မရှိ၊​ မသိ၍​​သော်လည်း​​​ကောင်၊​ အမှတ်မဲ့​​​သော်လည်း​​​ကောင်း​​ မှား​​ယွင်း​​တတ်ကြသည်။ တရား​​ဝင် "ဗမာ"လူမျိုး​​ဟု အစိုး​​ရမှ ထုတ်ပြန်ခြင်း​​မရှိ။ မြန်မာဘုရင်မှအစ၊​ အင်္ဂလိပ်အစိုး​​ရအလယ်၊​ ဖ-ဆ-ပ-လအစိုး​​ရ အဆံ​ုး​​ အစိုး​​ရကိုယ်တိုင် "မြန်မာ"လူမျိုး​​ဟုသာ အစဉ်အဆက် သံ​ုး​​စွဲခဲ့​​သည်။ လွတ်လပ်​​ရေး​​​ကြေညာစာတမ်း​​တွင် "ပြည်​​ထောင်စုမြန်မာနိုင်ငံ​"၊​ " မြန်မာလူမျိုး​​" ဟု အတိအလင်း​​ပါရှိသည်။

ဦး​​​နေဝင်း​​ အစိုး​​ရ လက်ထက်မှ စ၍ လူမျိုး​​အမည်ကို "ဗမာ" ဟု မသိမသာ ဖလှယ်ထုတ်ပြီး​​ နဝတ-နအဖ စစ်အစိုး​​ရလက်ထက်တွင် ဥပ​​ဒေထုတ်၍ ​​ပြောင်း​​လဲခဲ့​​သည်။တို့​​ဗမာအစည်း​​အရံ​ုး​​ကဲ့​​သို့​​ ရည်ရွယ်အဓိပ္ပာယ်ကို မထုတ်ပြန်၊​ မဖွင့်​​ဆို။ ၁၉၄၇ တိုင်း​​ပြုပြည်ပြုလွတ်​​တော်ကဲ့​​သို့​​ ပြည်သူ့​​ဆန္ဒမပါဝင်။

ဤသို့​​အား​​ဖြင့်​​ သမိုင်း​​မှတ်တမ်း​​ ရာဇဝင် အဆက်ဆက်ပါ "မြန်မာ"လူမျိုး​​သည် တိုင်း​​ရင်း​​သား​​အား​​လံ​ုး​​အမည်ဖြစ်သွား​​သည်။ မြန်မာဘုရင်တို့​​သည် တိုင်း​​ရင်း​​သား​​အား​​လံ​ုး​​၏ မင်း​​တရား​​များ​​ဖြစ်သွား​​သည်။ ရာဇာဓိရာဇ်အ​​ရေး​​​တော်ပံ​ုလာ မွန်-မြန်မာစစ်ပွဲသည် လူမျိုး​​ နှစ်မျိုး​​ကြား​​ စစ်ပွဲမဟုတ်​​တော့​​။ မွန်က တဘက်၊​ မြန်မာဟူ​​သော တိုင်း​​ရင်း​​သား​​​ပေါင်း​​စံ​ုက တဘက်တိုက်​​သော စစ်ပွဲဖြစ်သွား​​သည်။ တို့​​ဗမာအစည်း​​အရံ​ုး​​ သမိုင်း​​​ပျောက်ကွယ် သည့်​​​နောက် မြန်မာလူမျိုး​​တို့​​သည်လည်း​​ မြန်မာ-ဗမာ မ​​ရေရာ​​သော လူမျိုး​​ဖြစ်သွား​​​တော့​​မည်။

အချုပ်ဆိုရ​​သော် "မြန်မာ"သည် လူမျိုး​​အမည် ဖြစ်​​ကြောင်း​​၊​ နိုင်ငံ​အမည်ဖြင့်​​ကား​​ "ပြည်​​ထောင်စုမြန်မာနိုင်ငံ​" နှင့်​​ "ဗမာနိုင်ငံ​" သည် သ​​ဘောသဘာဝ အတူတူပင် ဖြစ်​​ကြောင်း​​၊​ မြန်မာနိုင်ငံ​ဟု သီး​​ခြား​​မသံ​ုး​​စွဲသင့်​​ပဲ "ပြည်​​ထောင်စု" ဟူ​​သော နာမဝိ​​သေသနဖြင့်​​ အမြဲယှဉ်တွဲ​​ခေါ်​​ဝေါ်သင့်​​​ကြောင်း​​၊​ ဗမာနိုင်ငံ​ဟူသည် မူလရည်ရွယ်အဓိပ္ပာယ်၌ပင် ပြည်​​ထောင်စုသ​​ဘော ကိန်း​​ဝပ်ပြီး​​ဖြစ်​​ကြောင်း​​ တင်ပြလိုက်ပါသည်။

မြန်မာ ​​ဝေါဟာရ သမိုင်း​​​ကြောင်း​​ နှင့်​​ ဒို့​​ဗမာ



၁၉၄၃ ခုနှစ် စာပို့​​တံ​စိပ်​​ခေါင်း​​ နှင့်​​ စာအိတ်

​​ရေး​​သား​​သူ - ဗမာ့​​သား​​

ဗမာနဲ့​ မြန်မာ အပေါ် ဘာသာ​​ဗေဒနဲ့​ စာ​ပေ​ပညာရှင်​တွေ အမြင်

ဗမာနဲ့​ မြန်မာ မှာ ဘယ်စကား​က ပြည်မ​နေ လူမျိုး​ကို ကိုယ်စား​ပြုပြီး​၊​ ဘယ်စကား​က တိုင်း​ရင်း​သား​ အား​လုံး​ပါဝင်တဲ့​ တနိုင်ငံလုံး​ကို ကိုယ်စား​ပြုသင့်​ပါသလဲ။ ဘာသာ​ဗေဒနဲ့​ စာ​ပေပညာရှင်​တွေ ဖြစ်ကြတဲ့​ ဆရာ​မောင်သာနိုး​၊​ ဆရာ ဦး​စောထွန်း​တို့​နဲ့​ ​ဆွေး​နွေး​ထား​ပါတယ်။

(အသံဖြင့်နားဆင်ရန်)

ကဲ…ပထမဆုံး​​တော့​သမိုင်း​ဝင်​တေး​သီချင်း​တပုဒ်ကိုနား​ဆင်ကြည့​်ကြပါစို့​။

​နောင်ဥဒါန်း​×××ဘယ်မ​ပြေစရာ××× ရာဇဝင်တင်ထား​××× မျိုး​ရိုး​ နွယ်သာ×××ကမ္ဘာတခွင်မှာဖြင့်​ ××× ဗမာထင်ရှား​ ××× ဒို့​​ခေတ်တွင်မှ××× ညံ့​ကြ ​တော့​မှာလား​ဒို့​ဗဗာ-ဒို့​ဗမာ ××× မဟုတ်​လေသလား​××× (ဒို့​ဗမာ-ငါတို့​ ဗမာ) ၂×× (ဒါ-ငါတို့​ဗမာ) ၂

နယ်ချဲ့​​တော်လှန်​ရေး​ကို​ရှေ့​တန်း​ကဦး​​ဆောင်ခဲ့​တဲ့​ဒို့​ဗမာအစည်း​အရုံး​ ရဲ့​သမိုင်း​ဝင်အမျိုး​သား​​ရေး​လှံု့​​ဆော်​တေး​သီချင်း​ကြီး​ပါ။ ဒီသီချင်း​ မှာဆိုသွား​တဲ့​ဒို့​ဗမာဆိုတာဟာပြည်မ​မြေပြန့​်​ဒေသမှာ​နေထိုင်တဲ့​အများ​ စုလူမျိုး​တမျိုး​တည်း​ကို​ပြောတာလား​။ ဒါမှမဟုတ်ရှမ်း​၊ ကချင်၊ ကရင်၊ ကယား​ ၊ မွန်၊ ရခိုင်၊ ချင်း​အပါအဝင်နိုင်ငံတခုလုံး​အတွင်း​မှာမှီတင်း​ ​နေထိုင်ကြတဲ့​လူမျိုး​အား​လုံး​ကိုဆိုလိုတာပါလား​။ ​သောတရှင်တို့​ ဘယ်လိုထင်ပါသလဲ။

ဒို့​ဗမာအစည်း​အရုံး​သမိုင်း​စာမျက်နှာ၂၁၅မှာဒို့​မြန်မာအစည်း​အရုံး​လို့​မ ​ခေါ်ဘဲဘာ​ကြောင့​်ဒို့​ဗမာအစည်း​အရုံး​လို့​​ခေါ်သလဲဆိုတာကိုရှင်း​လင်း​ ဖွင့​်ဆိုထား​ပါတယ်။ မြန်မာဆိုတာဟာပြည်မ​မြေပြန့​်​ဒေသမှာ​နေထိုင်တဲ့​လူမျိုး​ ကိုသာ​ခေါ်တာဖြစ်တယ်၊ မြန်မာပ​ဒေသရာဇ်​တွေ​ပေး​ထား​တဲ့​နာမည်ဖြစ်တယ်၊

လူမျိုး​ကြီး​ဝါဒသ​ဘောပါဝင်တယ်၊ ဒါ့​​ကြောင့​်လူမျိုး​အား​လုံး​၊ တိုင်း​ ရင်း​သား​အား​လုံး​ပါဝင်တဲ့​နိုင်ငံကိုမြန်မာတမျိုး​တည်း​အပိုင်အဖြစ်သုံး​ နှုန်း​တာဟာမမှန်ကန်ဘူး​၊ လူမျိုး​အား​လုံး​အကျံုး​ဝင်တဲ့​ နိုင်ငံကိုဗမာနိုင်ငံလို့​​ခေါ်မှသာညီညွတ်မှန်ကန်မယ်လို့​အတိအလင်း​ဖွင့​် ဆိုထား​ခဲ့​ပါတယ်။

ကဲ…ဒီ​တော့​…ပညာရှင်​တွေက​ရောဘယ်လိုမြင်ပါသလဲ။ ဘာသာ​ဗေဒပညာရှင်ဆရာ​မောင်သာနိုး​ရဲ့​အမြင်က​တော့​…

“ဗမာကမူလဗျ၊ ဗြဟ္မာကလာတာကိုး​။ ဗထက်ချိုက်ဟရစ်ဟမဆင့​်၊ ဗြဟ္မာကလာတာကိုး​ ။ ဗြဟ္မာက​နေပြီး​​တော့​ဗမာဖြစ်သွား​တာ။ အဲဒါကိုမှထပ်ပြီး​​တော့​ ဗမာကိုဗထက်ချိုက်နဲ့​မနဲ့​​ပြောင်း​ပြီး​​တော့​မြန်မာဖြစ်သွား​တာ။ အဲ​တော့​ မြန်မာကဒုတိယ၊ ဗြဟ္မာဆိုတဲ့​ဗမာကအဓိကပင်မဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိ ​တွေယူဆကြတယ်။ အဲဒီဗမာနဲ့​မြန်မာမှာကအင်္ဂလိပ်​ခေတ်ကဝံသာနု​ခေတ်ကဒို့​ ဗမာအစည်း​အရုံး​​ခေတ်ကသူတို့​ကဗထက်ချိုက်မ​ရေး​ချမာကိုချင်း​​ကော၊ ကချင်​ကော၊ ကရင်​ကော၊ မြန်မာ​ကောအား​လုံး​အတွက်သတ်မှတ်တယ်။ မြန်မာကို​တော့​ မြန်မာလူမျိုး​ (ကျ​နော်တို့​၊ ခင်ဗျား​တို့​​ပေါ့​ ​လေ) အတွက်ပဲသတ်မှတ်တယ်။

အဲဒီလိုအယူအဆရှိတယ်လို့​ကျ​နော့​်ကိုတ​လောဆီက​သေဆုံး​ သွား​တဲ့​​ရေနံ​ချောင်း​သခင်ခင်ညွန့​်က​ပြောဖူး​တယ်ဗျ။ အခု​ပြောင်း​ပြန်ဖြစ် ​နေပြီတဲ့​မြန်မာကကချင်​ရော၊ ကရင်​ရော၊ ရှမ်း​​ကောကို ​ခေါ်တာ။ ဗမာကမှဒီလူမျိုး​​လေး​ကို​ခေါ်တာလို့​ဖြစ်​နေတယ်။ ဒါဟာငါတို့​ဝံသာနု ​ခေတ်ကဟာနဲ့​​ပြောင်း​ပြန်လို့​သခင်ခင်ညွန့​်က​ပြောတယ်ဗျ။ ဒီ ​ခေတ်ကျမှဘယ်လိုလုပ်ပြီး​​တော့​​ပြောင်း​ပြန်ဖြစ်သွား​သလဲမသိဘူး​”

ဒါ​တွေကို​ပြောင်း​ပြန်လှန်ပစ်သူအဖြစ်အများ​နား​လည်ထား​ကြတာက​တော့​သွား​ ​လေသူဗိုလ်ချုပ်​နေဝင်း​ဖြစ်ပါတယ်။ ဗိုလ်ချုပ်​နေဝင်း​ရဲ့​ဗမာစာဗမာစကား​ မှာဝင်​ရောက်စွက်ဖက်ပါဝင်မှု​တွေအနက်ကတခုဖြစ်ပါတယ်။

ဗိုလ်ချုပ်​နေဝင်း​ရဲ့​ဒီအ​မွေကိုသူ့​ရဲ့​လက်ရင်း​တပည့​်လို့​​ပြောဆို​လေ့​ ရှိကြတဲ့​ဗိုလ်ချုပ်ခင်ညွန့​်ကနိုင်ငံ​ရေး​ရည်ရွယ်ချက်နဲ့​ ၁၉၈၉ခုနှစ်မှာအသုံး​ပြုခဲ့​ပါတယ်။ တိုင်း​ရင်း​သား​လူမျိုး​အား​လုံး​ အပါအဝင်ဖြစ်တဲ့​နိုင်ငံကိုမြန်မာလို့​သုံး​ရမယ်၊ ပြည်မကလူမျိုး​ကိုဗမာလို့​ သုံး​ရမယ်ဆိုပြီး​​တော့​အဓိပ္ပာယ်​ပြောင်း​ပြန်သတ်မှတ်ပြီး​​တော့​သုံး​ စွဲဖို့​အမိန့​်ထုတ်ပြန်ခဲ့​တာဖြစ်ပါတယ်။

ဗမာနိုင်ငံလုံး​ဆိုင်ရာ​ကျောင်သား​သမဂ္ဂများ​အဖွဲ့​ချုပ်ကိုလူမျိုး​ စုတစုတည်း​ရဲ့​အဖွဲ့​အဖြစ်​သေး​သိမ်​အောင်လုပ်ပြီး​​ကျောင်း​သား​​တွေကိုလည်း​ သ​ဘောထား​ကွဲလွဲမှုဖြစ်​အောင်​သွေး​ခွဲခဲ့​တဲ့​ လုပ်ရပ်အဖြစ်အဲဒီအချိန်ကလူသိများ​ခဲ့​ပါတယ်။

(ဦး​သာနိုး​အသံ) “ကျ​နော်က​တော့​ဒို့​ဗမာအစည်း​အရုံး​ကို​ထောက်ခံတယ်၊ စာ​ပေ ​ရေး​အရ​တော့​​ထောက်ခံတယ်ဗျာ၊ ဘာ​ကြောင့​်လဲဆို​တော့​ခုန ​ပြောသလိုပဲဗမာဆိုတဲ့​ဗထက်ချိုက်မာကဗြဟ္မာကလာတာ။ ဗြဟ္မာဆိုတာကပါဠိ​ပေါ့​ ဗျာ။ အိန္ဒိယမှာလည်း​ခုထက်ထိပဲမြန်မာကိုဗြမ္မာ​ခေါ်ကြတာပဲ။ ဗမာစာကိုဘာရမီလို့​ ​ခေါ်တယ်။ မြန်မာစကား​ဆိုရင်ဘာရမီဘာသာလို့​​ခေါ်တယ်ဗျ။ ဗမာကသာလျှင်တပြည်လုံး​ ကိုခြံုတဲ့​အမြင်ဖြစ်တယ်။ မြန်မာကခင်ဗျား​တို့​၊ ကျ​နော်တို့​ အပါအဝင်ရန်ကုန်၊ မန္တ​လေး​ကလူတစုကို​ခေါ်တာ။ ရှမ်း​၊ ကချင်မပါဘူး​”

အီလွီနွိုက်တက္ကသိုလ်ကအငြိမ်း​စား​မြန်မာစာပါ​မောက္ခဆရာဦး​​စောထွန်း​က​တော့​ ထိုင်း​နိုင်ငံမှာလည်း​ဗမာလူမျိုး​ကိုဖမာလို့​​ခေါ်တာကိုလည်း​စဉ်း​စား​ စရာအဖြစ်​ထောက်ပြပါတယ်။ ဒါ့​အပြင်…

(ဦး​​စောထွန်း​အသံ) “ပါဠိအဘိဓာန်ထဲမှာဆိုရင်မြန်မာပြည်ဆိုတာကိုဗြဟ္မာ ​ဒေသဆိုပြီး​​တော့​ဗြဟ္မာဆိုပြီး​​တော့​ပြတာရှိတယ်။ ​နောက်ဆရာ​တော်ကြီး​ ​တွေကဗြဟ္မာလို့​​ရေး​ကြတာ​တွေရှိတယ်။ အဲဒီက​နေပြီး​​တော့​အသံ​ပြောင်း​ပြီး​ ​တော့​ဗမာလို့​ဖြစ်မယ်ဆိုလည်း​ပဲဖြစ်ခွင့​်​တော့​ရှိတာပဲ”

ပုဂံ​ခေတ်မှာ​တော့​​မြေပြန့​်​နေလူမျိုး​ကိုမြန်မာအဖြစ်​ကျောက်စာ​ရေး​ထွင်း​ ခဲ့​တဲ့​အ​ထောက်အထား​​တွေခဲ့​ရတာကိုလည်း​ဆရာဦး​​စောထွန်း​ကအခုလို ​ပြောပြပါတယ်။

“မွန်​တွေကသူတို့​​ကျောက်စာ​တွေထိုး​တာရှိတယ်။ မွန်​ကျောက်စာထဲမှာကျန်စစ်သား​ လက်ထက်ကလူ​တွေအ​ကြောင်း​​ပြော​တော့​ဗမာ​တွေကိုသူတို့​ကမရမာလို့​ပဲသူတို့​ ​ပြောတာပါပဲ”

ဟုတ်ကဲ့​ဆရာ၊ တိုင်း​ရင်း​သား​လူမျိုး​အား​လုံး​ကိုမြန်မာလို့​သုံး​ခဲ့​တာမျိုး​​ရောအ​ထောက်အထား​​တွေ့​မိခဲ့​သလား​ဆရာ။

“သမိုင်း​​ကြောင်း​အရက​တော့​မြန်မာဆိုတာလည်း​ဗမာ၊ ဗမာဆိုတာလည်း​ မြန်မာဖြစ်ခဲ့​​တော့​တိုင်း​ရင်း​သား​အား​လုံး​ကိုခြံုပြီး​​တော့​မြန်မာလို့​ ​ခေါ်တာမျိုး​​တော့​ရှိတယ်လို့​မ​ပြောနိုင်ဘူး​​လေ။ ဒါက​တော့​​နောက်မှနိုင်ငံ ​ရေး​အရသတ်မှတ်ချက်တခု​ပေါ့​​လေ”

ကဲ…ဒီ​တော့​ဗမာ၊ မြန်မာဆိုတဲ့​အသုံး​အနှုန်း​ဟာနိုင်ငံ​ရေး​ပ​ယောဂ​ကြောင့​် က​ပြောင်း​ကပြန်ဖြစ်ခဲ့​ရတယ်ဆိုတာရှင်း​လင်း​ပြီထင်ပါရဲ့​​နော်။

​နောင်တချိန်မှာနိုင်ငံ​ရေး​ပ​ယောဂကင်း​ကင်း​နဲ့​ပညာရှင်​တွေစု​ဝေး​ တိုင်ပင်ပြီး​​တော့​အများ​ပြည်သူရဲ့​သ​ဘောတူညီချက်ပါရယူဆုံး​ဖြတ်သင့​်တဲ့​ ကိစ္စမျိုး​လို့​ထင်မိပါတယ်။

မူရင်း​-ဘီဘီစီ Myanmar နဲ့​ Burma စကား​လုံး​အသုံး​အငြင်း​ပွား​တဲ့​အခါကိုး​ကား​ချင်ကိုး​ကား​နိုင်ဖို့​ဒီပို့​စ်ကိုတင်ပါတယ်။

Burma / Burmese ဆိုတာ မြန်မာနိုင်ငံ / မြန်မာလူမျိုး​

အင်္ဂလိပ်အစိုး​ရ၏ ထီလက်မှတ်ပါ တရား​ဝင်အ​ခေါ်အ​ဝေါ်



အင်္ဂလိပ် အစိုး​ရ ထုတ်​ဝေသည့်​ သူကြီး​ဂေဇက်ပါ အသုံး​အနှံုး​






ဘီအိုစီ ( Burmah Oil Company - မြန်မာပြည် ​ရေနံကုမ္ပဏီ၏ ) ၏ ​ကြေညာ - ဗမာ့​ခေတ် သတင်း​စာ



၁၈၄၁ တွင် ထုတ်​ဝေသည့်​ ဘိုး​တော်ဘုရား​ ဗဒုံမင်း​၏ သား​တော် မက္ခရာမင်း​သား​ကြီး​၏ အဘိဓာန်ပါ ​ဝေါဟာရ




၁၈၄၉ တွင် ထုတ်​ဝေသည့်​ ဆရာယုဒသန် ( ဂျပ်ဆင် ) ၏ အဘိဓာန်ပါ ​ဝေါဟာရ




၁၈၅၃ တွင်ထုတ်​ဝေသည့်​ မက်ကန်ဇီး​ ၏ Burmah & The Burmese စာအုပ်



( Burman သည် မြန်မာလူမျိုး​၊​ တလိုင်း​သည် မွန်လူမျိုး​ ဖြစ်​ကြောင်း​ ထင်ရှား​စွာပြသည်။ )





အင်္ဂလိပ်တို့​သည် "ဗမာပြည်၊​ ဗမာလူမျိုး​" ဟူ၍ သုံး​စွဲခြင်း​မရှိ​ပေ။ မြန်မာဘုရင်များ​လက်ထက်၌လည်း​ "ဗမာပြည်၊​ ဗမာလူမျိုး​" ဟူ၍ သုံး​စွဲခြင်း​မရှိ​ပေ။

ဤသက်​သေသည် အင်္ဂလိပ်တို့​ခေါ်​သော Burma သည် ဗမာကို ကိုယ်စား​ပြုသည် ဟူ​သော အယူအဆအမှား​ကို ​ချေဖျက်လိုက်ပါသည်။



ဆက်စပ်ဖတ်ရှူရန်

ထီလက်မှတ်များ​က ​ပြော​သော မြန်မာ / Burma

အင်္ဂလိပ်အစိုး​ရထုတ် သူကြီး​ဂေဇက်ပါ မြန်မာနိုင်ငံ/ မြန်မာလူမျိုး​၊​ / Burma

ဘီအိုစီ Burmah Oil Company "မြန်မာပြည်​ရေနံကုမ္ပဏိ"

ကျမ်း​ကျိမ်လွှာတခု - ( မြန်မာလူမျိုး​ )

မြန်မာ ​ဝေါဟာရ သမိုင်း​ကြောင်း​

သက္ကရာဇ် ၈၁၇ ရခိုင်​မင်း​သမီး​ ဧချင်း​ပါ "မြန်မာ" လူမျိုး​

ရခိုင်မင်း​သမီး​ (​မောက်​တော်) ဧချင်း​ "မြန်မာ" လူမျိုး​

သက္ကရာဇ် ၈၁၇ ရခိုင်ဘုရင် ဘ​စောဖြူမင်း​ လက်ထက် အမတ်ကြီး​ ဘဒူမင်း​ညို၏ ရခိုင်မင်း​သမီး​ ဧချင်း​ ​ခေါ် ​မောက်​တော် ဧချင်း​ပါ "မြန်မာ" လူမျိုး​



ထီလက်မှတ်များ​က ​ပြော​သော မြန်မာ / Burma

(၁) အချို့​သူများ​ ထင်မြင်ကြ​သော Burma မှ "ဗမာ" ဖြစ်လာသည်။ "ဗမာ" ကို အမှီပြု၍ အင်္ဂလိပ်တို့​က Burma ဟု သတ်မှတ်သည်ဟူ​သော ယူဆချက်မှာ မှား​ယွင်း​သည်။

(၂) မြန်မာနိုင်ငံ ဟူ​သော အမည်သည် မြန်မာမင်း​များ​၊​ အင်္ဂလိပ်မင်း​များ​က သတ်မှတ်သုံး​စွဲ​သော အမည်ဖြစ်သည်။ အင်္ဂလိပ်တို့​ ​ခေါ်​ဝေါ်​သော Burma ဟူသည် " မြန်မာနိုင်ငံ"ကို ရည်ညွန်း​သည်။
အင်္ဂလိပ်အစိုး​ရလက်ထက် အစိုး​ရထီလက်မှတ်တွင် တရား​ဝင် သတ်မှတ်သည်မှာ Burma State (မြန်မာနိုင်ငံ) ဖြစ်သည်။

(၃) ​အောက်​ဖော်ပြပါ ထီလက်မှတ်များ​ ထုတ်​ဝေကာလသည် ကိုလိုနီ​ခေတ် - ၁၉၃၈၊​ ၁၉၃၉၊​ ၁၉၄၀၊​ ၁၉၄၁ ဖြစ်သည်။ ၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပ​ဒေ Government of Burma Act, 1935 အာဏာတည်​သော ( ၉၁ ဌာန ) အုပ်ချုပ်​ရေး​ကာလ ဖြစ်၏။

မြန်မာမင်း​၊​ အင်္ဂလိပ်မင်း​တို့​ရည်ညွန်း​သော "မြန်မာနိုင်ငံ"ဟူသည် မြန်မာမင်း​ပိုင်နယ်​မြေများ​ကိုသာ ရည်ညွန်း​ကြောင်း​ ထင်ရှား​သည်။ တိုင်း​ရင်း​သား​ပိုင်နယ်​မြေအား​လုံး​ (အထူး​သဖြင့်​ ရှမ်း​၊​ချင်း​၊​ကချင်စ​သော ​တောင်တန်း​ဒေသ နှင့်​ ကယား​ပြည်နယ်) ကို ခြံုငုံ​ခေါ်​ဝေါ်​သော အမည်မဟုတ်​ချေ။

မက္ခရာမင်း​သား​ကြီး​၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်

၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုအက်ဥပ​ဒေ ( ၉၁ ဌာန အုပ်ချုပ်​ရေး​ )

ဆက်လက် ​လေ့​လာဆဲ ( ကူညီ အ​ဖြေရှာ​ပေး​ပါရန် ) -> ၁၉၄၇ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေပါ မြန်မာနိုင်ငံ ဟူသည် မည်သည့်​ အဓိပ္ပါယ်​ဆောင်သနည်း​









[ မူရင်း​စာသား​ အပြည်အစုံ​ဖော်ပြပြီး​ ကူး​ယူ၊​ မျှ​ဝေနိုင်ပါသည်။ စာသား​များ​ ချန်လှပ်ပြီး​ ကူး​ယူခြင်း​ မပြုပါရန် ​မေတ္တာရပ်ခံပါသည်။ ]

မြန်မာလူမျိုး​ - ( မက္ခရာမင်း​သား​ကြီး​၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်)

ဗဒုံမင်း​တရား​ (ဘိုး​တော်ဘုရား​)၏ သား​တော် မက္ခရာမင်း​သား​ကြီး​ကိုယ်တိုင် ပြစု ​သော ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင် "မြန်မာလူမျိုး​" အသုံး​အနှုန်း​ကို ဤသို့​ ​တွေ့​ရသည်။



မက္ခရာ မင်း​သား​ကြီး​

(ဆရာ မင်း​ယု​ဝေ ​ရေး​သား​သော “ပထမ မြန်မာများ​” စာအုပ်မှ)

မြန်မာ့​သမိုင်း​၌ ကျွန်​တော်သိ​သော “မက္ခရာမင်း​သား​” နှစ်ပါး​ရှိသည်။ တစ်ပါး​မှာ အမရပူရ ပထမမြို့​တည် ဗဒုံမင်း​တရား​ (ဘိုး​တော်ဘုရား​)၏ သား​တော် ဖြစ်သည်။ ငယ်မည် ​မောင်ပျိုး​၊​ ဘွဲ့​အမည် မင်း​ရဲ​ကျော်စွာ ဖြစ်သည်။ ​နောင်အခါ မက္ခရာမြို့​ကို စား​ရသဖြင့်​ မက္ခရာ မင်း​သား​ဟု တွင်သည်။ အင်း​ဝဘုရင် ဘကြီး​တော်နှင့်​ သာယာဝတီမင်း​တို့​၏ ဦး​လေး​တော် ဖြစ်သည်။ မြန်မာနိုင်ငံကို ​ခေတ်သစ် ထူ​ထောင်လိုသူအဖြစ် လည်း​ကောင်း​၊​ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုသူအဖြစ် လည်း​ကောင်း​ ထင်ရှား​သည်။

ကျန်တစ်ပါး​မှာမူ ရတနာပုံ ပထမမြို့​တည် မင်း​တုန်း​မင်း​၏ သား​တော် ဖြစ်သည်။ ငယ်မည် ​မောင်သန့်​၊​ ဘွဲ့​မည် မင်း​ရဲစည်သူ ဖြစ်သည်။ ​နောင်အခါ မက္ခရာမြို့​ကို စား​ရသဖြင့်​ မက္ခရာမင်း​သား​ တွင်သည်။ အိမ်​ရှေ့​စံ က​နောင်မင်း​သား​ လွန်ပြီး​နောက် က​နောင်မင်း​သား​ အုပ်ချုပ်ခဲ့​သည့်​ ရတနာပုံ စက်ရုံများ​ကို အုပ်ချုပ်ခဲ့​သူ ဖြစ်သည်။ မင်း​တုန်း​မင်း​၏ အရိုက်အရာကို ဆက်ခံထိုက်သူ အရည်အချင်း​ ပြည့်​သော သား​တော်ကြီး​တစ်ပါး​ အဖြစ် ထင်ရှား​သည်။ သီ​ပေါမင်း​ကို နန်း​တင်စဉ် မင်း​ညီမင်း​သား​ အများ​ ကွပ်မျက်ခံရရာ၊​ ထိုမင်း​သား​လည်း​ ကွပ်မျက်ခံရရှာသည်။

ယခု တင်ပြလိုသူမှာ အဘိဓာန်ဆရာ မက္ခရာမင်း​သား​ကြီး​ပင် ဖြစ်သည်။ အ​မေရိကန် သာသနာပြုဆရာ ​ဒေါက်တာ ဂျပ်ဆင်၏ မှတ်တမ်း​များ​အရ မက္ခရာ မင်း​သား​ကြီး​သည် ရုပ်ရည်ရူပကာ တင့်​တယ်သည်။ သို့​ရာတွင် ​ခြေလက်တို့​မှာ ​လေဖြတ်ထား​သဖြင့်​ မသန်မစွမ်း​ ဖြစ်​နေသည်ဟု ဆိုသည်။

ယင်း​သို့​ ဖြစ်လင့်​ကစား​ မင်း​သား​ကြီး​သည် ဘဝကို အရှံုး​မ​ပေး​။ နိုင်ငံနှင့်​ လူမျိုး​အကျိုး​ကို အစွမ်း​ကုန် ​ဆောင်ရွက်ခဲ့​သည်။ ​ဆောင်ရွက်သည် ဆိုရာ၌ နိုင်ငံ​ရေး​အရ မဟုတ်။ စာ​ပေ​ရေး​၊​ ပညာ​ရေး​အရ ​ဆောင်ရွက်ခြင်း​ ဖြစ်သည်။ ထိုစဉ်က မြန်မာတို့​သည် အ​နောက်တိုင်း​ ဝိဇ္ဇာ၊​ သိပ္ပံ ပညာရပ်များ​ကို မတတ်​မြောက်ကြ​သေး​၊​ ​ခေတ်မမီကြ​သေး​။ ကမ္ဘာပြား​သည် ဟူ​သော အယူကိုပင် ယူကြဆဲဖြစ်သည်။ ထိုအချက်ကို မင်း​သား​ကြီး​သည် ​ကောင်း​စွာ သတိပြု ဆင်ခြင်မိသည်။

မင်း​သား​ကြီး​သည် အင်း​ဝ ​နေပြည်​တော်​ရောက် ​ပေါ်တူဂီလူမျိုး​များ​၊​ အင်္ဂလိပ်လူမျိုး​များ​နှင့်​ ဆက်ဆံရာတွင် ထိုသူတို့​မှတစ်ဆင့်​ ​ခေတ်မီ ဝိဇ္ဇာသိပ္ပံ ပညာရပ်များ​၏ သ​ဘောကို သိရှိ နား​လည်ခဲ့​သည်။ ထိုပညာရပ်များ​ကို တတ်​မြောက်မှသာ မြန်မာတို့​ ​ခေတ်မီ နိုင်မည်ဟု သ​ဘော​ပေါက်ခဲ့​သည်။ တစ်ဖက်က နယ်ချဲ့​ရန်လည်း​ ရှိ​နေရာ ထိုသို့​ ​ခေတ်မီမှလည်း​ နယ်ချဲ့​ရန်ကို တွန်း​လှန်နိုင်မည်ဟု မြင်ခဲ့​ဟန်တူသည်။ ထို့​ကြောင့်​ မြန်မာများ​ ​ခေတ်မီ​ရေး​ကို မင်း​သား​ကြီး​သည် အစွမ်း​ကုန် ကြိုး​ပမ်း​ခဲ့​လေသည်။

မင်း​သား​ကြီး​သည် အင်း​ဝသို့​ ​ရောက်ရှိ​နေသည့်​ အင်္ဂလိပ် ကုန်သည်ကြီး​ မစ္စတာ ​ရော်ဂျာထံမှ အင်္ဂလိပ်စာကို သင်ယူသည်။ ထို့​နောက် အင်္ဂလိပ်ဘာသာဖြင့်​ ​ရေး​ထား​သည့်​ အ​နောက်တိုင်း​ ဝိဇ္ဇာသိပ္ပံဆိုင်ရာ ပညာရပ်များ​ကို ​လေ့​လာဆည်း​ပူး​သည်။ အထူး​သဖြင့်​ “ရီး​၏ စွယ်စုံကျမ်း​ (Ree’s Encyclopedia) ကို​လေ့​လာ ဆည်း​ပူး​သည်။ မြန်မာအမျိုး​သား​တို့​ ​လေ့​လာ ဆည်း​ပူး​နိုင်ရန်လည်း​ ထိုကျမ်း​ပါ သိပ္ပံပညာရပ်အချို့​ကို မြန်မာဘာသာ ပြန်ဆိုသည်။

မင်း​သား​ကြီး​သည် အလွန်​ခေတ်မီသူ ဖြစ်သည်။ သူ့​အိမ် စာကြည့်​ဆောင် နံရံတွင် အပူအ​အေး​ ချိန်​သော သာမိုမီတာနှင့်​ ​လေဖိအား​ ချိန်​သော ဘရိုမီတာတို့​ကို အမြတ်တနိုး​ ချိတ်ဆွဲထား​သည်။ ကမ္ဘာလုံး​သည် ဟူ​သော အယူအဆကိုလည်း​ နှစ်သက်လက်ခံ ယုံကြည်ထား​သည်။ ထိုစဉ်က ထိုအယူအဆကို လက်ခံသူမှာ မြန်မာအမျိုး​သား​တို့​ အထဲတွင် အလွန် ရှား​ပါး​လှသည်။ မင်း​သား​ကြီး​သည် ​လော်ဂရစ်သမ် ဂဏန်း​သင်္ချာ တွက်နည်း​ကို အင်း​ဝ​ရောက် အင်္ဂလိပ်ကုန်သည်ကြီး​ မစ္စတာလိန်း​ထံက သင်ကြား​လေသည်။

ဘကြီး​တော်လက်ထက် ၁၈၂၆ ခုတွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွား​သည်။ ၂နှစ်ခန့်​ တိုက်ခိုက်ကြပြီး​နောက် မြန်မာတို့​ အ​ရေး​နိမ့်​သဖြင့်​ စစ်​ပြေငြိမ်း​ကြသည်။ ရန္တပိုစာချုပ်ကို ချုပ်ဆိုကြသည်။ စာချုပ်အရ မြန်မာတို့​က အင်္ဂလိပ်တို့​အား​ ရခိုင်တိုင်း​နှင့်​ တနင်္သာရီတိုင်း​တို့​ကို ​ပေး​လိုက်ရသည်။

နှစ်နိုင်ငံ ဆက်ဆံ​ရေး​ လွယ်ကူ​စေရန် မြန်မာ​နေပြည်​တော် အင်း​ဝနှင့်​ အင်္ဂလိပ်ပိုင် ကာလကတ္တား​တို့​တွင် အ​ရေး​ပိုင် ဝန်ကြီး​တစ်ဦး​စီ ခန့်​ထား​ကြသည်။

အင်္ဂလိပ်တို့​က အင်္ဂလိပ် စစ်ဗိုလ်မှူး​ကြီး​ ကာနယ် ဗား​နေး​ကို အင်း​ဝသို့​ အ​ရေး​ပိုင်ဝန်ကြီး​အဖြစ် ခန့်​အပ် ​စေလွှတ်လိုက်သည်။ ကာနယ် ဗား​နေး​သည် အင်း​ဝတွင် ရနှစ်တိုင် ​နေထိုင်လျက် အမှုထမ်း​ရွက်ခဲ့​လေသည်။ ကာနယ် ဗား​နေး​သည် အင်း​ဝသို့​ ​ရောက်​သောအခါ မက္ခရာမင်း​သား​ကြီး​ကို သွား​ရောက် ​တွေ့​ဆုံ​လေသည်။ ​တွေ့​ဆုံသည်မှာ တာဝန်အရ မဟုတ်၊​ နိုင်ငံ​ရေး​အရ မဟုတ်။ အင်္ဂလိပ်စာ တတ်ကျွမ်း​၍ ​ခေတ်မီ ဝိဇ္ဇာသိပ္ပံ ပညာရပ်များ​ကို ​လေ့​လာလိုက်စား​သူ ပညာရှင်တစ်ဦး​ကို ​လေး​စား​ ကြည်ညို​သောအား​ဖြင့်​ သွား​ရောက် ​တွေ့​ဆုံခြင်း​သာ ဖြစ်သည်။

မင်း​သား​ကြီး​ကလည်း​ ကာနယ်ဗား​နေး​ကို ​ကောင်း​စွာ ဆီး​ကြိုဧည့်​ခံသည်။ မင်း​သား​ကြီး​၏ စာကြည့်​ဆောင် နံရံတွင် သာမိုမီတာနှင့်​ ဘရိုမီတာတို့​ ချိတ်ဆွဲထား​သည်ကို ကာနယ်ဗား​နေး​သည် အံ့​ချီး​စွာ ​တွေ့​ခဲ့​ရသည်။ မင်း​သား​ကြီး​နှင့်​ ကာနယ်ဗား​နေး​တို့​ ​ပြောဆို ​ဆွေး​နွေး​ကြသည်တို့​မှာ စိတ်ဝင်စား​ဖွယ် ​ကောင်း​လှသည်။ မင်း​သား​ကြီး​က ကာနယ်ဗား​နေး​အား​ လန်ဒန်၊​ ကာလကတ္တား​၊​ အင်း​ဝ၊​ ဘန်​ကောက်မြို့​များ​၏ လတ္တီကျူ မျဉ်း​ကြောင်း​များ​၊​ ​လောင်ဂျီကျူ မျဉ်း​ကြောင်း​များ​ကို ​မေး​သည်။ အဘယ့်​ကြောင့်​ သ​င်္ဘောသား​ အိမ်​မြှောင် ​မြောက်ဘက်သို့​သာ ​ခေါင်း​လှည့်​ ​နေတတ်သည်ကိုလည်း​ ​မေး​သည်။

​ကောင်း​ကင်၌ ဒုတိယအကြိမ် ​ပေါ်ထွက်လာ​သော ကြယ်တံခွန် အ​ကြောင်း​ကိုလည်း​ ​မေး​သည်။ သာမိုမီတာနှင့်​ ဘရိုမီတာတို့​ကို မည့်​ကဲ့​သို့​ စီရင် ပြုလုပ်သည်ကိုလည်း​ ​မေး​သည်။ ထို့​ပြင် မင်း​သား​ကြီး​က အက္ခရာသင်္ချာကို သူအလွန် တတ်ကျွမ်း​လို​ကြောင်း​လည်း​ ​ပြော​လေသည်။

ကာနယ်ဗား​နေး​သည် မင်း​သား​ကြီး​၏ ပညာဗဟုသုတကို အထူး​လေး​စား​ ချီး​ကျူး​မိသည်။ မင်း​သား​ကြီး​ကို အထူး​လေး​စား​ ကြည်ညိုမိသည်။ ထို့​ကြောင့်​ သူ၏မှတ်တမ်း​တွင်

“ကျွန်ုပ်သည် မင်း​သား​ကြီး​၏ ဗဟုသုတ စုံလင်ပုံကို မချီး​မွမ်း​ဘဲ မ​နေနိုင်ပါ။ ဤမြန်မာနိုင်ငံတွင် မင်း​သား​ကြီး​ကဲ့​သို့​ ပညာဗဟုသုတ ပြည့်​စုံ ၍ ဉာဏ်ထက်မြက်​သော ပုဂ္ဂိုလ်မျိုး​ကို မ​တွေ့​ဖူး​ပါ။ ဤမင်း​သား​ကြီး​ကဲ့​သို့​ ပညာဗဟုသုတ အရာတွင် အငတ်မ​ပြေ သိကျွမ်း​လို​သော သူမျိုး​ကို မ​တွေ့​ဖူး​ပါ”

ဟူ၍ ​ရေး​ထား​ခဲ့​လေသည်။

မင်း​သား​ကြီး​သည် သိပ္ပံပညာကို အထူး​ ဝါသနာထုံသူ ဖြစ်သည်။ ကာနယ်ဗား​နေး​နှင့်​ သာမက အခြား​ နိုင်ငံခြား​သား​ ပုဂ္ဂိုလ်များ​နှင့်​လည်း​ သိပ္ပံပညာအ​ကြောင်း​ ​ဆွေး​နွေး​တတ်သည်။ ကာနယ်ဗား​နေး​နှင့်​ မ​တွေ့​မီ ၁၈၂၂ ခုတွင် ​ဒေါက်တာ ဂျပ်ဆင်နှင့်​ ​တွေ့​ဆုံစဉ်ကလည်း​ သိပ္ပံပညာအ​ကြောင်း​ ​ဆွေး​နွေး​ခဲ့​ဖူး​သည်။ ​ဒေါက်တာဂျပ်ဆင်က နက္ခတ္တ​ဗေဒနှင့်​ ပထဝီပညာများ​ကို သူနှင့်​ မက္ခရာမင်း​သား​ကြီး​တို့​ ​ဆွေး​နွေး​ခဲ့​ကြောင်း​ မှတ်တမ်း​တင်ထား​သည်။ ယင်း​သို့​ မှတ်တမ်း​တင်ရာ၌ မက္ခရာမင်း​သား​ကြီး​သည် အ​နောက်တိုင်း​ သိပ္ပံပညာကို အထူး​ ​လေ့​လာလိုက်စား​သူ ဖြစ်သည်ဟူ၍လည်း​ မှတ်ချက်ချထား​ပေသည်။

မင်း​သား​ကြီး​သည် ထိုစဉ်က အင်္ဂလိပ်စာ​ပေ၌ ​ခေတ်စား​သည့်​ ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို အ​ခေါက်​ခေါက် အခါခါ ​လေ့​လာသည်။ ယင်း​သို့​ ​လေ့​လာရာမှ အင်္ဂလိပ်-မြန်မာ အဘိဓာန် တစ်​စောင် ကြိုး​ပမ်း​ပြုစုရ​သော် နိုင်ငံနှင့်​ လူမျိုး​အတွက် အကျိုး​ရှိ​ပေအံ့​။ မြန်မာတို့​ အင်္ဂလိပ်ဘာသာ တတ်ကျွမ်း​ရေး​အတွက် အ​ထောက်အကူ ရ​ပေအံ့​။ ​ခေတ်မီ ဝိဇ္ဇာသိပ္ပံ ပညာရပ်များ​ကို ​လေ့​လာရာတွင် လည်း​ကောင်း​၊​ ယင်း​တို့​ကို မြန်မာဘာသာ ပြန်ဆိုရာတွင် လည်း​ကောင်း​ ကြီး​စွာ​သော အ​ထောက်အကူ ရ​ပေအံ့​ဟု ဆင်ခြင်မိရာသည်။

ထို့​ကြောင့်​ သူ့​ကို ​လောဂရစ်သမ် ဂဏန်း​သင်္ချာ သင်​ပေး​ခဲ့​ဖူး​သည့်​ အင်္ဂလိပ်ကုန်သည်ကြီး​ မစ္စတာ ချား​လိန်း​နှင့်​ တွဲဖက်လျက် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို တီထွင်ပြုစု​လေသည်။

ပြုစုရာ၌ မစ္စတာလိန်း​က ​ရှေး​ဦး​စွာ အင်္ဂလိပ် အဘိဓာန်ကို မြန်မာဘာသာ ပြန်ဆိုသည်။

ထို့​နောက် မြန်မာဘာသာပြန်ချက်ကိုမင်း​သား​ကြီး​က ​စေ့​စပ်​သေချာစွာ ပြင်ဆင်တည်း​ဖြတ် ​ပေး​သည်။

ယင်း​အဘိဓာန်ကို ၁၈၃၃ ခုတွင် စတင် ကြိုး​ပမ်း​ပြုစုသည်။ ၁၈၄၁ ခုတွင် ကာလကတ္တား​မြို့​၊​ သာသနာပြု ပုံနှိပ်တိုက်၌ ပုံနှိပ် ထုတ်​ဝေနိုင်ခဲ့​သည်။ အဘိဓာန်အရွယ်မှာ ဒီမိုင်း​ ဆိုဒ်ကြီး​ဖြစ်၍ စာမျက်နှာ ၄၈၆ မျက်နှာ အထူရှိသည်။

ယင်း​အဘိဓာန် နိဒါန်း​ကို မက္ခရာမင်း​သား​ကြီး​ ကိုယ်တိုင် မြန်မာဘာသာဖြင့်​ ​ရေး​သား​သည်။ နိဒါန်း​တွင် ယင်း​အဘိဓာန် ထုတ်​ဝေရခြင်း​၏ ရည်ရွယ်ချက်ကို မင်း​သား​ကြီး​က ဤသို့​ ​ရေး​ထား​သည်။

“အထူး​ထူး​သော ဘာသာ၊​ များ​စွာ​သော လူမျိုး​တို့​တွင် အင်္ဂလိပ်လူမျိုး​သည် ဟုတ်မှန်​သော၊​ ထင်ရှား​ မျက်​မှောက်​တွေ့​မြင်​သော အတတ်ပညာကိုသာ ရှာ​ဖွေ နှိုင်း​ယှဉ်ပြီး​လျှင် ရုံး​စု မှတ်သား​လေ့​ရှိသည် ဖြစ်၍ အင်္ဂလိပ်ဘာသာကို နား​လည် သိမြင်ခြင်း​သည် ဗဟုသုတအရာ၌ များ​စွာ အကျိုး​ရှိသည်။ ထို့​ကြောင့်​ ဗဟုသုတကို အလိုရှိကုန်​သော မြန်မာလူမျိုး​တို့​အား​ အင်္ဂလိပ်ဘာသာကို မြန်မာဘာသား​အား​ဖြင့်​ နား​လည် သိမြင်​စေခြင်း​ အကျိုး​ဌာ မက္ခရာမင်း​သား​က သ​င်္ဘောသူကြီး​ ကပ္ပတိန်လျင်ကို အင်္ဂလိပ် အဘိဓာန်စာ ရှိသည်အတိုင်း​ မြန်မာဘာသာ မှန်ကန်​အောင် ပြန်ဆိုပါဆို၍ မြန်မာသက္ကရာဇ် ၁၁၉၅ ခုနှစ်၊​ အင်္ဂလိပ်သက္ကရာဇ် ၁၈၃၃ ခုနှစ်မှစ၍ ပြန်ဆို​ရေး​သား​သည်။ ပြန်ဆိုအပ်​သော အဘိဓာန်စာသည်ကား​ အင်္ဂလိပ်အက္ခရာကို ဖတ်နိုင်ကာမျှ သင်ပြီး​၍ ​ရှေ့​နောက်စကား​ ကြည့်​ရှုမှတ်သား​ပြီး​လျှင် ထိုအဘိဓာန်စာကို အမှီပြု၍ အင်္ဂလိပ်ပညာစာ ၄၅ မှစ၍ အင်္ဂလိပ်စာတို့​ကို မြန်မာဘာသာအား​ဖြင့်​ သိမြင် နား​လည်နိုင်ရာသည်။”

ယ​နေ့​ဆိုလျှင် ယင်း​အဘိဓာန်ကြီး​ ​ပေါ်ထွက်ခဲ့​သည်မှာ နှစ်​ပေါင်း​ ၁၂၀ ​ကျော် ရှိခဲ့​ပြီ။ ယင်း​အဘိဓာန်သည် မြန်မာနိုင်ငံသား​တို့​ကို အင်္ဂလိပ်ဘာသာ သင်ကြား​ရာ၌ ​ကောင်း​စွာ အ​ထောက်အကူ ပြုနိုင်ခဲ့​သည်။ မြန်မာဘာသာ သင်ကြား​သော နိုင်ငံခြား​သား​များ​ကိုလည်း​ ​ကောင်း​စွာ အ​ထောက်အကူ ပြုခဲ့​သည်။ ထို့​ပြင် “လမ်း​ရိုး​ဟောင်း​တွင်၊​ ဆင့်​ကာထွင်သို့​၊​ သုတ်သင်ကာမျှ၊​ လွယ်ကာရလိမ့်​” ဟူ​သော ​ဆောင်ပုဒ်နှင့်​အညီ ​နှောင်း​အဘိဓာန် ဆရာများ​ကိုလည်း​ ​ကောင်း​စွာ အ​ထောက်အကူ ပြုခဲ့​ပေသည်။

ယင်း​အဘိဓာန်ကို ပထမအကြိမ်သာ ရိုက်နှိပ်နိုင်ခဲ့​သဖြင့်​ ယခုအခါတွင် အလွယ်တကူ ရှာ​ဖွေ မ​တွေ့​နိုင်​တော့​ပေ။ သို့​ရာတွင် ကျွန်​တော် သိရသမျှ မပျက်မစီး​ဘဲ ကြွင်း​ကျန်​နေ​သေး​သည့်​ ယင်း​အဘိဓာန် နှစ်အုပ်ကား​ ရှိ​နေ​သေး​သည်။ တစ်အုပ်မှာ အ​မေရိကန်ပြည်​ထောင်စု၊​ ဝါရှင်တန်မြို့​ ကွန်ဂရက် စာကြည့်​တိုက်တွင် ရှိသည်။ တစ်အုပ်ကား​ ရန်ကုန်မြို့​ ယဉ်​ကျေး​မှုဌာန၊​ အမျိုး​သား​စာကြည့်​တိုက်တွင် ရှိသည်။

မြန်မာစာ​ပေသမိုင်း​တွင် ​ဒေါက်တာ ဂျပ်ဆင်၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်၊​ ဦး​ရွှေကြူး​၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်၊​ ​ဒေါက်တာဘဟန်၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်များ​ ရှိရာ၊​ မက္ခရာမင်း​သား​ကြီး​၏ ဤ အင်္ဂလိပ်-မြန်မာ အဘိဓာန်သည် အ​စောဆုံး​ ဖြစ်​ပေသည်။ ဤတွင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ပြုစု​သော မြန်မာ လူမျိုး​များ​ထဲတွင် မက္ခရာ မင်း​သား​ကြီး​သည် ပထမဆုံး​ ဖြစ်သည်ဟု ဆိုရ​ပေမည်။

မက္ခရာမင်း​သား​ကြီး​သည် ပညာအရာတွင် ထက်မြက်ရုံမျှမက သိက္ခာ၊​ သမာဓိနှင့်​လည်း​ အထူး​ ပြည့်​စုံဟန်တူသည်။ ​နောင်​တော် ဘကြီး​တော်မင်း​ကို သာယာဝတီမင်း​သား​ ပုန်ကန်​သောအခါ ​စေ့​စပ် ​ဆွေး​နွေး​ရေး​အတွက် မက္ခရာ မင်း​သား​ကြီး​ပင် ဦး​ဆောင် ​ဆောက်ရွက်ခဲ့​ရ​ပေသည်။

မင်း​သား​ကြီး​သည် မြန်မာသက္ကရာဇ် ၁၁၅၃ ခုနှစ်တွင် ဖွား​၍ ၁၂၁၀ ပြည့်​နှစ်၊​ အသက် ၅၇ နှစ် အရွယ်တွင် လွန်သည်။







ဆက်စပ်ဖတ်ရှုနိုင်မည့်

“မြန်မာ” ​ဝေါဟာရ သမိုင်း​ကြောင်း​

​ရှေး​ရာဇဝင်သမိုင်း​၊​စာ​ပေမှ မြန်မာလူမျိုး​၊​ မြန်မာပြည် အသုံး​အနှုန်း​များ​ကို အကျယ်ဖတ်ရှုနိုင်ရန် ဤမှာ တတ်နိုင်သမျှ စုစည်း​ပေး​ထား​ပါသည်။

မြ​စေတီ ​ကျောက်စာ

လူမျိုး​တစ်ရာ့​တပါး​စာရင်း​

ဦး​ကုလား​ မဟာရာဇဝင်

မက္ခရာမင်း​သား​ကြီး​၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်

​ယောအတွင်း​ဝန် ဦး​ဖိုး​လှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း​

​ခေတ်မှီ မြန်မာရာဇဝင်အကျဉ်း​ -အမျိုး​သား​ပညာဝန် ဦး​ဖိုး​ကျား​

ရခိုင်ရာဇဝင်သစ်ကျမ်း​

လွတ်လပ်​ရေး​ ​ကြေညာစာတမ်း​

မြန်မာ့​စွယ်စုံကျမ်း​

​ဒေါက်တာနိုင်ပန်း​လှ၏ ရာဇာဓိရာဇ် အ​ရေး​တော်ပုံကျမ်း​

တွင်း​သင်း​မြန်မာရာဇဝင်သစ်

​ဒေါက်တာသန်း​ထွန်း​-အမိန့်​တော်ပြန်တမ်း​များ​၊​ဒုတိယတွဲ

အ​လောင်း​မင်း​တရား​ကြီး​၏ အမိန့်​တော်များ​ - ​ဒေါက်တာသန်း​ထွန်း​

မြန်မာအစ (ဦး​ဖိုး​လတ်)

Burma နဲ့ Myanmar အဓိက မဟုတ်ပါ။

“မြန်မာ” ​ဝေါဟာရ သမိုင်း​ကြောင်း​ နှင့်​ တို့​ဗမာ

​အောက်​ဖော်ပြပါ ​ဆောင်း​ပါး​တွင် တချို့​သော အချက်အလက် အနည်း​ငယ်မှ အပ သမိုင်း​အ​ထောက်အထား​ဖော်ပြချက်များ​မှာ စုံလင်လှ​ပေသည်။ ဗဟုသုတရ​စေရန် ​ဖော်ပြရင်း​ ပိုမိုပြည့်​စုံ​စေရန် မူရင်း​စာသား​ကို မပြုပြင်ပဲ ​အောက်​ခြေမှ "မှတ်ချက်၊​ ဖြည့်​စွက်ချက်" အချို့​ ထည့်​သွင်း​ထား​ပါသည်။

စာရှူသူအ​နေဖြင့်​ "ဗမာ"ဟူ​သော ​ဝေါဟာရသည် ​ရှေး​ကျောက်စာ၊​ပေစာ၊​ ရာဇဝင်ကျမ်း​တို့​တွင် မရှိ​ကြောင်း​ သတိပြုမိ​ပေလိမ့်​မည်။ ​ရှေး​ကာလက မြန်မာလူမျိုး​ပိုင်ဆိုင်ရာနယ်​မြေကို မြန်မာပြည်၊​ မွန်လူမျိုး​ပိုင်ဆိုင်ရာနယ်​မြေကို မွန်ပြည်၊​ ရခိုင်တို့​နယ်​မြေကို ရခိုင်ပြည်၊​ ရှမ်း​တို့​နယ်ကို ရှမ်း​ပြည်ဟု ​ခေါ်​ဝေါ်​ကြောင်း​ သိရှိထား​ပါက စဉ်း​စား​သုံး​သပ်ရာ၌ ပိုမိုလွယ်ကူပါမည်။

​ဆောင်း​ပါး​ရှင်က နိုင်ငံအမည်ကို အဓိကထား​သော်လည်း​ ဤမှတ်ချက်ရှင်က မြန်မာလူမျိုး​အမည်နှင့်​ ပြည်​ထောင်စုအမည်ကို အဓိကထား​စဉ်း​စား​၍ အမြင်ကွဲပြား​မှုရှိ​သော်လည်း​ ​ဆောင်း​ပါး​ရှင်၏ သမိုင်း​အချက်အလက်တင်ပြရာ၌ မုသား​မပါသည်ကို ​လေး​စား​ချီး​ကျူး​မိပါ​ကြောင်း​

“မြန်မာ” ​ဝေါဟာရ သမိုင်း​ကြောင်း​ (​ဆောင်း​ပါး​ရှင်-​ကျော်​ဇော​အောင်)
မြန်မာဟူ​သောအသုံး​အနှုန်း​ကို ပုဂံ​ခေတ် ကျန်စစ်သား​မင်း​(​အေဒီ ၁၀၈၄-၁၁၁၃)လက်ထက် ခရစ်နှစ် ၁၁၀၂ ခုနှစ်တွင် ​ရေး​ထိုး​ခဲ့​သော “ကျန်စစ်သား​မင်း​၏ နန်း​တည်​ကျောက်စာ” တွင် “မိရ်မာ” ဟူ​သော​ဝေါဟာ ရသည် မြန်မာကို ရည်ညွှန်း​ခြင်း​ဖြစ်ကာ မည်(မွန်)နှင့်​ တိရ်စုလ်(ပျူ)​ဝေါ ဟာရတို့​နှင့်​တွဲ၍ ပထမဆုံး​အကြိမ် အဖြစ်​တွေ့​ရခြင်း​ဖြစ်သည်။

ထို့​နောက်​အေဒီ ၁၁၉၀ ပြည့်​နှစ် တွင် ​ရေး​ထိုး​ထား​သည်ု့​ အမတ်ကြီး​သိင်္ဃသူ ​ကျောက်စာတွင် “မြန်မာပန်တျာ” ဟူ၍ လည်း​ကောင်း​၊​ ခရစ်နှစ် ၁၂၃၅ ခုနှစ်တွင်း​ရေး​ထိုး​သည့်​ ရတနာပုံ ​ကျောက်စာတွင် “မြန်မာပြည်” ဟူ၍လည်း​ကောင်း​၊​ ခရစ်နှစ် ၁၂၄၂ ခုနှစ်တွင် ​ရေး​ထိုး​သည့်​ဖွား​စော​ခေါ် မိဖု ရား​ဖွား​စော​ကျောက် စာတွင် “သမိအိုမြန်မာ” ဟူ၍လည်း​ကောင်း​၊​ ခရစ်နှစ် ၁၃၆၃ ခုနှစ်တွင်​ရေး​ထိုး​သော သက်​တော်ရှည် ဘုရား​ကျောက်စာတွင် “မြံမာရွာတိ” ဟူ၍လည်း​ ​ကောင်း​တွေ့​ရှိရပါ သည်။

 မြန်မာ​ဝေါဟာရ ကို ​ကျောက်စာတွင် မြံမာ၊​ မြံမာပြည်၊​ မြဟ္မ၊​ မြဟ္မာပြည်၊​ မြံမ ပြည်၊​ မြံမ္မာပြည်၊​ မြမ္မဘာသာစသည်ဖြင့်​ ​ပြောင်း​လဲ​ရေး​ထိုး​ခဲ့​ကြောင်း​ ​တွေ့​ရသည်။

ယ​နေ့​တိုင် သမိုင်း​ပညာရှင်များ​ တညီတညွတ်တည်း​လက်ခံ၍ ခိုင်လုံ​သေချာစိတ်ချရ​သောကျာက် စာအ​ထောက်အထား​များ​အရ မြန်မာဟူ​သော​ဝေါဟာရကို ပုဂံ​ခေတ်မှ စတင်​တွေ့​ရှိ ရပြီး​ ပုဂံ​ခေတ် ​နောက်ပိုင်း​တွင်လည်း​ ယင်း​သို့​ပင် ဆက်လက်သုံး​နှုန်း​ခဲ့​ကြသည်ကို အထင်အရှား​တွေ့​ရ သည်။

ထိုသည်ကို ပုဂံ​ခေတ်​နောက်ပိုင်း​တွင်လည်း​ အင်း​ဝ​ခေတ် ခရစ်နှစ် ၁၄၈၅ ခုနှစ် တွင် ​ရေး​ထိုး​ သည့်​စစ်ကိုင်း​ရတနာ​စေတီ ​ကျောက်စာတွင် “ဧရာပန်း​ရောင်၊​ ​ပေါင်း​လောင်း​ ချင်း​ တွင်း​မြစ်၊​ ​လေး​စင်း​အခံကညွတ်မျှ​နေ​သော ကြည်း​တောင်ဖျင်မျှ မြန်မာပြည်” ဟူ၍ လည်း​ကောင်း​၊​ ခရစ်နှစ် ၁၅၀၉ ခုနှစ်တွင် ​ရေး​ထိုး​သည့်​ ရတနာဗိမာန်​ကျောက်စာ၌ “​မြောက်တစ်လွှား​ ကသုပ ရန္တ၊​ ​တောင်ဘက်က တမ္ပဒီပမည်​သောတိုင်း​နှစ်တိ်ုင်း​ ကိုကြပ်တိုင်ဖုံး​အုပ်၊​ အာဏာချုပ်လျက် ပိုက် ထုပ်ရိုက် ရာသာသနလတည် မြံမာပြည်” ဟူ၍ လည်း​ကောင်း​ ​တွေ့​ရှိရ သည်။

 မြန်မာ စာ​ပေ ​ရွှေ​ခေတ်ဟု တင်စား​ခေါ်​ဝေါ်ခဲ့​သည့်​ အင်း​ဝ​ခေတ်တွင် ​ကျောက်စာများ​၌သာမ က ပျို့​စာများ​ တွင်လည်း​တွေ့​ရှိနိုင်​ပေသည်။

ထိုသည်တို့​ကို ​ထောက်ရှုခြင်း​အား​ဖြင့်​ မြန်မာဟူ​သော​ဝေါဟာရ သည် ​ရေး​နည်း​သာကွဲသွား​မည်။ ဆိုလိုရင်း​အဓိပ္ပာယ်သည် အတူတူပင်ဖြစ်သည်ကို သုံး​သပ်ရ​ပေသည် ။ မြန်မာဟူ​သော​ဝေါဟာရကို ဆက်လက်သုံး​စွဲခဲ့​ သည်က်ို ​နှောင်း​ပိုင်း​ခေတ် များ​တွင် လည်း​ ​တွေ့​နိုင်​ပေသည်။

မြန်မာနိုင်ငံတွင် ပထမဦး​ဆုံး​ရာဇဝင်ကျမ်း​ဖြစ်သည့်​ အင်း​ဝ​ခေတ် ​ရွှေနန်း​ကျော့​ရှင် နရပတိ (၁၅၀၁-၁၅၂၇) လက်ထက် ရှင်မဟာသီလဝံသ​ရေး​သား​ပြုစုသည့်​ ရာဇဝင်​ကျော်တွင် “မြန်မာ မင်း​ဆက်” အ​ကြောင်း​ဟု ​ခေါင်း​စဉ်တပ်ထား​ပြီး​ စာကိုယ်တွင်လည်း​ ‘ငါတို့​မြန်မာပြည်’ ဟု သုံး​နှံုး​ထား​ သည်။

 ရာဇဝင်​ကျော်​ပေါ်ထွက်လာပြီး​ ​နောက်ပိုင်း​ ဦး​ကုလား​ မဟာရာဇဝင်ကြီး​၊​ တွင်း​သင်း​ မြန်မာ ရာဇဝင်သစ်၊​ ဇတာ​တော်ပုံရာဇဝင်၊​ ​စေတီယကထာမည်​သော ရာဇဝင်ချုပ်၊​ မှန်နန်း​ရာ ဇဝင်​တော်ကြီး​နှင့်​ ကုန်း​ဘောင်မင်း​ဆက်မဟာရာဇဝင် တို့​တွင်လည်း​ ‘မြန်မာ’ အသုံး​အနှံုး​ များ​ဖြင့်​ ​ရေး​သား​ထား​သည်ကို ​တွေ့​ရသည်။

မှတ်ချက် ။ ။
​ဆောင်း​ပါး​ရှင်သည် ​ရှေး​ဟောင်း​စာ​ပေတို့​တွင် ​တွေ့​ရှိရ​သော မြန်မာ​ဝေါဟာရကို ​ဖော်ပြထား​ပါသည်။ ထိုအ​ထောက်အထား​တို့​တွင် မြန်မာ​ဝေါဟာရကို လူမျိုး​အမည်၊​ နိုင်ငံအမည် နှစ်မျိုး​စလုံး​၌ သုံး​စွဲကြ​ကြောင်း​ ဖြည့်​စွက် အသိ​ပေး​အပ်ပါသည်။ "ဗမာ" လူမျိုး​ဟူ၍ ​ရေး​သား​ချက် မရှိပါ။

​ရှေး​ရာဇဝင်သမိုင်း​၊​စာ​ပေမှ မြန်မာလူမျိုး​၊​ မြန်မာပြည် အသုံး​အနှုန်း​များ​ကို အကျယ်ဖတ်ရှုနိုင်ရန် ဤမှာ တတ်နိုင်သမျှ စုစည်း​ပေး​ထား​ပါသည်။

မြ​စေတီ ​ကျောက်စာ

လူမျိုး​တစ်ရာ့​တပါး​စာရင်း​

ဦး​ကုလား​ မဟာရာဇဝင်

တွင်း​သင်း​မြန်မာရာဇဝင်သစ်

မက္ခရာမင်း​သား​ကြီး​၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်

​ယောအတွင်း​ဝန် ဦး​ဖိုး​လှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း​

​ခေတ်မှီ မြန်မာရာဇဝင်အကျဉ်း​ -အမျိုး​သား​ပညာဝန် ဦး​ဖိုး​ကျား​

ရခိုင်ရာဇဝင်သစ်ကျမ်း​

လွတ်လပ်​ရေး​ ​ကြေညာစာတမ်း​

မြန်မာ့​စွယ်စုံကျမ်း​

​ဒေါက်တာနိုင်ပန်း​လှ၏ ရာဇာဓိရာဇ် အ​ရေး​တော်ပုံကျမ်း​

ကုန်း​ဘောင်ရှာပုံ​တော်

​ဒေါက်တာသန်း​ထွန်း​-အမိန့်​တော်ပြန်တမ်း​များ​၊​ဒုတိယတွဲ

အ​လောင်း​မင်း​တရား​ကြီး​၏ အမိန့်​တော်များ​ - ​ဒေါက်တာသန်း​ထွန်း​

မြန်မာအစ (ဦး​ဖိုး​လတ်)

တို့​သွေး​ချင်း​ပီပီ - မြတ်အဖွဲ့​ (မြန်မာ့​အသံ) ( ဆက်လက်​ဖော်ပြမည်)



​ညောင်ရမ်း​ခေတ်​နှောင်း​ပိုင်း​ ၁၉ ဇူလိုင်လ ၁၇၅၁ ခုနှစ်တွင် မြန်မာသံအဖွဲ့​သည် တရုတ်နိုင် ငံ ​ပေကျင်း​ (Beijing) သို့​ဆိုက်​ရောက်လာသည်။ သံ​တော်တို့​သည် ယခင် မင်မင်း​ဆက်(၁၃၆၈- ၁၆၄၄) ကာလတွင် မြန်မာသံအဖွဲ့​နေ ထိုင်ခဲ့​ဖူး​သော​နေရာတွင် ​နေရာချထား​ပေး​သည်။ ထိုသံတဲအတွင်း​တွင် ​ရှေး​ယခင်က မြန်မာတို့​ ​ရေး​ထား​ခဲ့​ဖူး​သော စာရှိ​ကြောင်း​၊​ ယင်း​တို့​အတိုင်း​ တူ​အောင်​ရေး​ရမည်ဟု ဥတည်ဘွား​က အမိန့်​တော်ရှိ၍ သံတဲအတွင်း​ တုပ​ရေး​ရသည်။

ထိုစဉ်အခါ တရုတ်​နေပြည်​တော် သို့​ရောက်လာ​သော မြန်မာသံအဖွဲ့​ဝင်များ​အား​ တူ​အောင်​ရေး​ခိုင်း​သော မြန်မာ​ဝေါဟာရများ​မှာ တရုတ်မင် မင်း​ဆက်ကာလက တည်ရှိခဲ့​ဖူး​သော ‘မြန်မာဘာသာသိပ္ပံ​ကျောင်း​’(Mien-tien-Kuan/The Institute of Myanmar Language) မှ ကျန်ရစ်ခဲ့​သော “မြန်မာ​ဝေါဟာရ​ပေါင်း​ချုပ်”မှ ​ဝေါဟာရ ဖြစ်​ကြောင်း​ ထင်ရှား​လေသည်။ မင်မင်း​ဆက်(Ming Dynasty) ကာလက ​ရေး​သား​ခဲ့​သော Mien –tien ​ဝေါဟာရကို ကြည့်​ပါက ယခု​ခေတ်မြန်မာကို ​ခေါ်​ဝေါ်​နေ​သော Mian-dian နှင့်​ ထပ်တူနီး​ပါး​ တူညီလျက် ရှိကာ အသံ ထွက်မှာ “မြိန်တြိန်”ဟူ၍ရသည်။

မြန်မာနိုင်ငံသို့​ အ​နောက်ဥ​ရောပနိုင်ငံသား​များ​ စတင်​ရောက်ရှိလာပြီး​နောက် ယင်း​တို့​က ခရီး​ သွား​မှတ်တမ်း​များ​ရေး​ရာတွင် မြန်မာနိုင်ငံကို (Burmah)၊​ မြန်မာလူမျိုး​ကို (Burman) ဟု သုံး​နှံုး​ ခဲ့​ကြသည်။ သို့​သော် ယင်း​တို့​ရေး​သား​သည့်​ မှတ်တမ်း​များ​မှာ အင်္ဂလိပ်ဘာသာဖြစ်၍ ‘မြန်မာ၊​ ဗမာ’ အငြင်း​ပွား​ဖွယ်ရာ မရှိ​ပေ။ဗြဟ္မာကို အိန္ဒိယတိုင်း​ရင်း​သား​တို့​က “ဗရ်ဟ်မာ”ဟုဖတ်ပြီး​ အင်္ဂလိပ်တို့​က “ဗာရ်မာ”ဟုဖတ်သည်။ ယင်း​ ဗာရ်ဟ်မာဟူ​သော အင်္ဂလိပ်အ​ရေး​မှ တစ််ဆင့်​ဗမာဟူ၍ လည်း​ ​ခေါ်​ဝေါ်သည်ကို​တွေ့​ ရပြန် သည်။

မြန်မာနိုင်ငံသို့​ ခရစ်ယာန်သာသနာပြုများ​လည်း​ ​ရောက်ရှိလာရာ သာသနာပြုရာတွင် ဘာသာ စကား​ အခက်အခဲရှိလာခဲ့​သည်။ ထိုလိုအပ်ချက်ကို ဖြည့်​ဆည်း​ရန် ‘အင်္ဂလိပ်-မြန်မာ အဘိဓာန်’ ‘မြန်မာ-အင်္ဂလိပ် အဘိဓာန်’များ​ပြုစုခဲ့​ကြသည်။ ထိုသို့​ပြုစုရာတွင် အသံထွက်တတ်ရန် အင်္ဂလိပ် စာလုံး​များ​ကိုလည်း​ မြန်မာအသံထွက် ထည့်​သွင်း​ရသကဲ့​သို့​ မြန်မာစကား​လုံး​ကိုလည်း​ ‘အင်္ဂလိပ်’ အသံထွက်များ​ ဖလှယ်ကာထည့်​သွင်း​ပြုစုရသည်။ ​

အေဒီ ၁၇၇၆ ခုနှစ်တွင် အီတလီနိုင် ငံ ​ရောမမြို့​တွင် ပုံနှိပ်ထုတ်​ဝေ​သော ကာပန်(Carpan) ၏ (Alphabetum Barmanorum) စာအုပ်တွင်ဘား​မား​ (Burma) မြန်မာဟု အသံထွက်အမှန်​ဖော်ပြရမည့်​အစား​ ဘား​မား​ ဟု​ဖော်ပြ ခဲ့​သည်။ ထိုနည်း​တူ ခရစ်ယာန်သာသနာပြု ပုဂ္ဂိုလ် ယုဒသန်(Jadson)သည် ​အေဒီ ၁၈၃၁ ခုနှစ် တွင် မြန်မာနိ်ုင်ငံသို့​ ​ရောက်ရှိလာပြီး​ မြန်မာစာ​ပေ၊​ မြန်မာစကား​ကို သင်ယူ​လေ့​လာခဲ့​သည်။ ထိုသ်ို့​ သင်ယူ​လေ့​လာပြီး​နောက် သူသည် “မြန်မာ-အင်္ဂလိပ်အဘိဓာန်”ကို ပြုစုခဲ့​သည်။ ထိုအဘိဓာန်ကို ၁၈၂၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ပုံနှိပ် ထုတ်​ဝေခဲ့​သည်။ ထိုအဘိဓာန်တွင်

မြန်မာ a Burma မြန်မာလူ
မြန်မာနိုင်ငံအထက်ပိုင်း​ n-Upper Burma
မြန်မာဘာသာ n-the Burmese Language ဟုအနက်ပြန်ထား​သည်။

ထိုသို့​နိုင်ငံခြား​ သား​တို့​က မြန်မာ-အင်္ဂလိပ်အဘိဓာန်များ​ ပြုစုခဲ့​ကြသကဲ့​သို့​ မင်း​တုန်း​မင်း​၏ သား​တော် တစ် ပါး​ဖြစ်​သော မက္ခရာမင်း​သား​ကြီး​သည် အင်္ဂလိပ်ကုန်သည်များ​ထံမှ အင်္ဂလိပ်စာကို သင်ယူ​လေ့​ လာခဲ့​ပြီး​ ၁၈၃၃ ခုနှစ် တွင် “အင်္ဂလိပ်-မြန်မာအဘိဓာန်”ကို စတင်ပြုစုခဲ့​ရာ မစ္စတာချာလိန်း​ (Mr.Charles Lane) က ကူညီတည်း​ဖြတ်​ပေး​ခဲ့​သည်။ ထိုအဘိဓာန်ကို ၁၈၄၂ ခုနှစ်တွင် အိန္ဒိ ယနိ်ုင်ငံ ကလကတ္တား​မြို့​တွင် စတင် ပုံနှိပ်ထုတ်​ဝေခဲ့​သည်။

ထိုစာအုပ်၏ အမှာစာကို မက္ခရာမင်း​ သား​ကြီး​က မြန်မာဘာသာဖြင့်​ရေး​ပြီး​ မစ္စတာချာလီလိန်း​ (Mr. Charles Lane) က အင်္ဂလိပ်ဘာသာသို့​ ပြန်ဆိုခဲ့​သည်။ ထိုသို့​ပြန်ဆိုရာတွင် မက္ခရာမင်း​သား​ကြီး​က “မြန်မာလူမျိုး​”ဟု ​ရေး​သည်ကို မစ္စတာချာလိန်း​ (Mr. Charles Lane) က Burmese People ဟုလည်း​ကောင်း​၊​ “မြန်မာဘာသာ” ကို Burmese Language ဟုလည်း​ကောင်း​ ပြန်ဆိုထား​သည်။

မှတ်ချက်။ ။

မြန်မာသည် လူမျိုး​လော? နိုင်ငံ​လောဟူ၍ သုံး​သပ်​နေခြင်း​ဖြစ်၍ နိုင်ငံခြား​သား​တို့​၏ အ​ခေါ်အ​ဝေါ် သုံး​သပ်မည်မဟုတ်ပါ။ ထို့​ကြောင့်​ နိုင်ငံခြား​သား​တို့​မှ ​ခေါ်​ဝေါ်​သော မြိန်တြိန်၊​ ဗာရ်ဟ်မာ၊​ ဘား​မား​ စ​သောအသံထွက်များ​ကို မှတ်ချက်​ပေး​ရန် မရှိပါ။

ပထမ-အင်္ဂလိပ် မြန်မာ အဘိဓာန်ပြုစုသူ မင်း​သား​ကြီး​ကိုယ်​တော်တိုင် အင်္ဂလိပ်-မြန်မာ ၂ ဘာသာ၌ ကျွမ်း​ကျင်သူဖြစ်ပါသည်။ အကျယ်သိလိုလျှင် ပထမ အင်္ဂလိပ်-မြန်မာအဘိဓာန်ပြုစုသူ မက္ခရာမင်း​သား​ကြီး​ (မင်း​ယု​ဝေ) တွင်ဖတ်ပါ။

အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး​တွင် မြန်မာတို့​သည် အင်္ဂလိပ်ကိုလိုနီဘဝ ကျ​ရောက်ခဲ့​ကြသည်။ ကိုလိုနီ​ခေတ်တွင် မြန်မာတို့​အမျိုး​သား​စိတ်ဓာတ်များ​ နိုး​ကြား​လာပြီး​ ၁၉၀၆ ခုနှစ် တွင် ဝိုင်အမ်ဘီ​အေ(​ခေါ်) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း​ (Young Men Buddhist Association/ YMBA) တည်​ထောင်ပြီး​ အမျိုး​၊​ ဘာသာ၊​ သာသနာအတွက် ​ဆောင်ရွက်ခဲ့​ကြသည်။ ထိုအသင်း​သည် ၁၉၂၀ ပြည့်​နှစ်တွင် ပြည်မြို့​တွင် အဌမ အကြိမ်​မြောက် ကွန်ဖရင့်​ကျင်း​ပပြီး​ ဝိုင်အမ်ဘီ​အေဟူ​သော အမည်အစား​ ဂျီစီဘီ​အေ (General Council of Burmese Association/ GCBA) မြန်မာအသင်း​ချုပ်ကြီး​ဟု အမည်​ပြောင်း​လဲ ခဲ့​သည်။

၁၉၃၈ ခုနှစ်တွင် သခင်ဘ​သောင်း​ဦး​စီး​သည့်​ တို့​ဗမာအစည်း​ အရုံး​ ​ပေါ်ပြီး​သည့်​နောက် ပိ်ုင်း​ မှစပြီး​ “ဗမာပြည်/ ဗမာ” စသည့်​ အသုံး​အနှုန်း​များ​ တွင်ကျယ်လာခဲ့​ပြန်သည်။ ၁ ​အောက်တိုဘာ ၁၉၃၉ ခုနှစ်တွင် ဗမာ့​ထွက်ရပ်ဂိုဏ်း​ကို ဖွဲ့​စည်း​သည်။ ၂၇ ဒီဇင်ဘာ ၁၉၄၂ ခုနှစ်တွင် ဗမာ့​လွတ် လပ်​ရေး​တပ်မ​တော် ဖွဲ့​စည်း​သည်။ ဂျပန်​ခေတ် (၁၉၄၂-၄၅) ခုနှစ်တွင် “ဗမာနိုင်ငံ​တော်၊​ ဗမာအမျိုး​ သား​” အသုံး​အနှုန်း​များ​ တွင်ကျယ်ခဲ့​သည်။

ဂျပန်​ခေတ်တွင် ဗမာနိုင်ငံ​တော်အုပ်ချုပ်​ရေး​၊​ စည်း​မျဉ်း​ များ​ ဥပ​ဒေ​ရေး​ဆွဲသည်၊​၊​

ဖြည့်​စွက်ချက်။ ။

မြန်မာဟူ​သော အမည်ကိုသာ စာလုံး​ပေါင်း​သတ်ပုံ အမျိုး​မျိုး​ဖြင့်​ လွန်ခဲ့​သော နှစ် ​ပေါင်း​ ၉ဝဝခန့်​က အစပြု၍ ​ကျောက်စာမင်စာတို့​တွင် ​တွေ့​လာခဲ့​ရ​ကြောင်း​ သိရှိရသည်။ ဗမာဟူ၍ မရှိ။ ရှင်း​ရှင်း​ဆိုရလျှင် ဗမာ သည် သခင်ဘ​သောင်း​ ဦး​စီး​တည်​ထောင်ခဲ့​သော တို့​ဗမာအစည်း​အရုံး​သမိုင်း​ စာမျက်နှာ ၁၃၃နှင့်​ ၂၁၅တို့​တွင် တို့​ဗမာဟု အဘယ့်​ကြောင့်​ သုံး​နှုန်း​ရပုံ၊​ ဗမာဟူ​သော အသုံး​အနှုန်း​နှင့်​ ပတ်သက်၍ ရှင်း​လင်း​ချက်နှင့်​ ဗမာပြည််ဟူ​သော အ​ခေါ်အ​ဝေါ်အ​ပေါ် တို့​ဗမာ အစည်း​အရုံး​ဝင် သခင်အများ​စု၏ သ​ဘောထား​ ​စေတနာကို ​ဖော်ပြထား​သည်။

တို့​ဗမာ အစည်း​အရုံး​”ဟူရာ၌ တို့​ဗမာပြည်ထဲ၌ရှိ​သော လူမျိုး​အား​လုံး​ကို ကိုယ်စား​ပြုသည့်​ အဓိပ္ပါယ်​ဖော်​ဆောင်ခြင်း​ အထိမ်း​အမှတ်အဖြစ် “တို့​ဗမာ”ဟု ​ခေါ်​ဝေါ်သုံး​နှုန်း​ခြင်း​ ဖြစ်သည်။

မြန်မာဟူ​သောစကား​မှာ မြန်မာ၊​ မာသည် ဟူ​သော အဓိပါယ်ကို ​ဆောင် ​သော်လည်း​ နှာသံပါ၍ ​ဘောင်ကျဉ်း​သည်။ အား​နည်း​သည်။

ရှမ်း​၊​ ကရင်၊​ ချင်း​၊​ ကချင်၊​ မွန်၊​ ရခိုင်၊​ ပ​လောင်၊​ ​တောင်သူ၊​ ဆလုံ၊​ နာဂ၊​ မြန်မာ စ​သော ဗမာတိုင်း​ရင်း​သား​အား​လုံး​ကို ခြံု၍ ငုံမိ​စေရန် “ဗမာ”ဟူ​သော စကား​လုံး​ကို ​ရွေး​သည်။

အသံထွက် မာ​ကျော ၍ သုံး​စွဲသည်။ တဖန် “ဘ”ကုန်း​နှင့်​ “ဘမာ”ဟု မ​ရေး​ဘဲ “ဗ”လချိုက်နှင့်​ ​ရေး​ခြင်း​မှာလည်း​ “ဘ”သည် ရံဖန်ရံခါ “ဖ”သံထွက်သ ဖြင့်​ စိတ်မချရ​သော​ကြောင့်​ “ဗ”လချိုက်နှင့်​ “ဗမာ”ဟု ​ရေး​သည်။ (တို့​ဗမာအစည်း​အရုံး​သမိုင်း​၊​ ​ခေတ်သစ်လူငယ်တစုနှင့်​ တို့​ဗမာ ဝါဒအစ၊​ စာ ၁၃၃) (ပုံ-၁))

ဗမာ ဆိုသည်မှာ (တို့​ဗမာ အစည်း​အရုံး​ သမိုင်း​ စာအုပ်မှ)

အစည်း​အရုံး​ကြီး​၏ အမည်ကိုယ်၌က အသင်း​ဝင်များ​၏ အမျိုး​သား​ရေး​ စိတ်ဓာတ်အယူအဆနှင့်​ ရည်ရွယ်ချက်တို့​သည် ပြိုကွဲခဲ့​သော​ရှေး​ရိုး​ အမျိုး​သား​ရေး​ အဖွဲ့​အစည်း​တို့​နှင့်​ ကွဲပြား​ခြား​နား​ကြောင်း​၊​ ကိုယ်ပိုင်သီး​ခြား​ နိုင်ငံ​ရေး​သတ်မှတ်ချက် ထူ​ထောင်​ကြောင်း​ ထင်ရှား​ပေသည်။

အမည်တွင် တို့​ဗမာ နှင့်​ အစည်း​အရုံး​ ဟူ၍ နှစ်ပိုင်း​ပါဝင်ပြီး​ အ​ခေါ်အ​ဝေါ် နှစ်မျိုး​စလုံး​သည် အသစ်တီထွင်ထား​ခြင်း​ ဖြစ်သည်။

တို့​ဗမာဟူ​သော ​ဝေါဟာရတွင် "တို့​" နှင့်​ "ဗမာ" ပါဝင်၏။

"တို့​" ဟူသည် "ငါတို့​" ဟု တိုက်ရိုက်အဓိပ္ပာယ်ရသည်။ စုစည်း​မှု၊​ စုရုံး​မှုသ​ဘောဆန်သည်။ သခင်ဘ​သောင်း​သည် အမြင်ကျဉ်း​မှုသ​ဘောကို ​ချေဖျက်ပြီး​ စိတ်ပိုင်း​ဆိုင်ရာ တိုး​တက်​စေရန် ရည်ရွယ်ချက်ရှိရှိ အသုံး​ပြုခဲ့​ခြင်း​ ဖြစ်သည်။

"ဗမာ" ဟူ​သော ​ဝေါဟာရသည် မြန်မာတို့​၏ ရုံး​သုံး​၊​ကျောင်း​သုံး​၊​စာသုံး​၊​ပေသုံး​ ​ဝေါဟာရ (Formal Term) မဟုတ်ခဲ့​ပေ။ တကယ်လည်း​ "မြန်မာ"ဟူ​သော ​ဝေါဟာရကို "မြန်မာအသင်း​ချုပ်ကြီး​" (ဂျီစီဘီ​အေ) =General Council of Burmese Associations (GCBA) အမည်တွင် အသုံး​ပြုထား​ပြီး​ ဖြစ်​ပေသည်။ သခင်ဘ​သောင်း​တို့​က "မြန်မာ"ကို အသံ​ပျော့​သည်ဟု မကြိုက်။ ထို့​ကြောင့်​ အသံမာ​သော "ဗမာ" ကို ​ဝေါဟာရအသစ်အဖြစ် တီထွင်သည်။

တို့​ဗမာအစည်း​အရုံး​ဖွဲ့​ပြီး​ မကြာမီ မြန်မာ့​အလင်း​သတင်း​စာ၏ အယ်ဒီတာ ဦး​စိန်နှင့်​ ဝါရင့်​အမျိုး​သား​ရေး​သမား​များ​က "ဗမာ" ​ဝေါဟာရအသစ်ကို သုံး​ခြင်း​သည် ရိုး​ရာမြန်မာ​ဝေါဟာရကို ဖျက်စီး​ခြင်း​ဖြစ်သည်ဟုဆိုကာ ရှံု့​ချကြသည်။ သူ၏ မြန်မာ့​အလင်း​သတင်း​စာမှ ပြည်သူများ​အား​ လွဲမှား​သောအမည်ရှိ ထိုအဖွဲ့​အစည်း​၌ မပါဝင်ကြရန် ​ဆော်ဩ​ရေး​သား​ခဲ့​သည်။

ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​ ဦး​ဘ​ဖေဦး​စီး​သော သူရိယသတင်း​စာမှလည်း​ တို့​ဗမာအစည်း​အရုံး​သတင်း​များ​ ​ဖော်ပြရာတွင် "တို့​ဗမာ" အစား​ "တို့​မြန်မာ" ဟု (၁၉၃၀ နှစ်လယ်အထိ) ​ပြောင်း​လဲပုံနှိပ်ခဲသည်။

သို့​သော် သခင်လူငယ်များ​က ၎င်းတို့​ တီထွင်​သော အမည်သစ်ကို မဖျက်သိမ်း​ချေ။ သခင်လူငယ်များ​က အမည်သစ်သည် စိတ်ဓာတ်အင်အား​ကို တတ်ကြွ​စေသည်ဟု ယုံကြည်ကြ၏။ "ဗမာ" ​ဝေါဟာရသည် မြန်မာလူမျိုး​သာမက မွန်၊​ရခိုင်၊​ရှမ်း​၊​ကရင်၊​ကချင်၊​ချင်း​စ​သော တိုင်း​ရင်း​သား​ပေါင်း​စုံကို ကိုယ်စား​ပြု​ကြောင်း​ သတ်မှတ်ကြ၏။

ထို့​အပြင် အစည်း​အရုံး​ကြီး​ကို ထူ​ထောင်သူ သခင်သိန်း​မောင်က "မြန်မာ"ဟူ​သော ​ဝေါဟာရသည် ​ရှေး​ရိုး​စဉ်လာ ​ကျောက်စာ၊​ရာဇဝင်များ​တွင် ​ရေး​သား​ဖော်ပြ​သော (လူနည်း​စုတိုင်း​ရင်း​သား​များ​အ​ပေါ် အာဏာလု​ချေမှုန်း​သော) လူများ​စုလူမျိုး​ ကို ရည်ညွှန်း​ကြောင်း​၊​ လူမျိုး​ရေး​ ခွဲခြား​ဖိနှိပ်မှုသ​ဘော​ဆောင်​ကြောင်း​၊​ ထို့​ကြောင့်​ "ဗမာ"ဟူ၍ အစည်း​အရုံး​အမည်ကို ​ရွေး​ချယ်​ကြောင်း​ ​ပြောသည်။

 သခင်လူငယ်များ​၏ အဓိပ္ပာယ်ဖွင့်​ဆိုချက်အရ "တို့​ဗမာ" ဟူသည် "တို့​အား​လုံး​ ဗမာ" ဟု တိုက်ရိုက် အဓိပ္ပာယ်​ဆောင်ပြီး​ "နိုင်ငံတွင်း​နေထိုင်ကြကုန်​သော ​သွေး​စည်း​သောပြည်သူများ​" ဟု သွယ်ဝိုက်အဓိပ္ပာယ်​ဆောင်၏။

ထို့​အပြင် "အစည်း​အရုံး​" ဟူ​သောအမည်သစ်ကို ​ရှေး​အသုံး​ "အသင်း​၊​အဖွဲ့​"မှ ခွဲထွက်တီထွင်သည်။

"အသင်း​၊​အဖွဲ့​" ​ဝေါဟာရသည် လူအချို့​၊​ အုပ်စုတစုကိုသာ ကိုယ်စား​ပြုသည်။

"အစည်း​အရုံး​" ဟူသည် စုစည်း​မှု၊​ စည်း​ရုံး​မှုဟူ​သော ကျယ်ပြန့်​သောသ​ဘော​ဆောင်သည်ဟု ဆို၏။

ထိုမျှမက "အတွင်း​ရေး​မှုး​"၊​ "အမှတ်စဉ်" စ​သော ​ဝေါဟာရအသစ်များ​ကိုလည်း​ တီထွင်ခဲ့​သည်။

ထို့​ကြောင့်​ တို့​ဗမာအစည်း​အရုံး​အမည်နာမသည် သူတို့​၏ ပြည်သူပြည်သား​ တိုင်း​ရင်း​သား​အား​လုံး​ စည်း​လုံး​ညီညာလို​သော သခင်လူငယ်များ​၏ ​စေတနာဆန္ဒကို ထင်ဟပ်​ဖော်ပြ​နေ​ပေသည်။ ​ရှေး​လူကြီး​များ​၏ ပြိုကွဲခဲ့​သော ယခင် မြန်မာအသင်း​ချုပ်ကြီး​ (ဂျီစီဘီ​အေ) အမည်နှင့်​ မတူ၊​ စကား​လုံး​တိုင်း​၊​ဝေါဟာရတိုင်း​ကို ဂရုတစိုက် တီတွင်ကာ အစည်း​အရုံး​အသစ် ထူ​ထောင်ခဲ့​ကြ၏။

ဥပမာ။

တို့​ (စည်း​လုံး​မှု) vs ပြိုကွဲမှု

ဗမာ vs မြန်မာ

အစည်း​အရုံး​ vs အသင်း​

ထိုကဲ့​သို့​ ​ဝေါဟာရအသစ်များ​ သုံး​စွဲပြီး​ တို့​ဗမာအစည်း​အရုံး​ကြီး​ကို သီး​ခြား​ကိုယ်ပိုင် နိုင်ငံ​ရေး​လက္ခဏာဖြင့်​ ထူ​ထောင်ခဲ့​သည်။

(ဦး​) ​ဇော်စိုး​ဝင်း​ "မြန်မာအမျိုး​သား​ရေး​လှုပ်ရှား​မှုတွင် တို့​ဗမာအစည်း​အရုံး​ နှင့်​ သခင်များ​ ​ပေါ်ထွန်း​လာခြင်း​စာတမ်း​"

စ​နေနဂါး​နီ ဂျာနယ်မှ အတွဲ ၂ အမှတ် ၂၄ ၊​ ၁၉၄၀ နိုဝင်ဘာ ၁၆

ဖက်ဆစ်ဂျပန်​တော်လှန်​ရေး​ ပြီး​သည့်​နောက် အင်္ဂလိပ်တို့​ မြန်မာနိုင် ငံကို ပြန်လည်သိမ်း​ပိုက်ခဲ့​သည်၊​၊​ ဖဆပလမှ ဦး​ဆောင်၍မြန်မာ့​ လွတ်လပ်​ရေး​ရရန် ကြိုး​ပမ်း​ခဲ့​ရာ ၁၉၄ရခုနှစ်တွင် ပြည်​ထောင်စုမြန်မာနိုင်ငံ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ(The Constitution of Union of Burma)​ရေး​ဆွဲနိ်ုင်ခဲ့​သည်။ ၄ ဇန်နဝါရီ ၁၉၄၈ ခုနှစ်တွင် ပြည်​ထောင်စုမြန်မာနိ်ုင်ငံ (The Union of Burma) ​ပေါ်ထွန်း​လာခဲ့​သည်။ ထို့​နောက် ဖဆပလ​ခေတ်၊​ ​တော်လှန်​ရေး​ကောင် စီ​ခေတ် စသည့်​ ​ခေတ်များ​ ဖြတ်သန်း​လာပြီး​နောက် ၁၉၇၄ခုနှစ်တွင် ပြည်​ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံ (The Constitution of Socialist Republic of the Union of Myanmar)​ပေါ်​ပေါက်လာခဲ့​သည်။ထိုဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေအရ ပြည်​ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိ်ုင်ငံ (The Socialist Republic of the Union of Myanmar) ​ပေါ်​ပေါက်လာခဲ့​သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိ်ုင်ငံ၏ အ​ခြေအ​နေများ​ယိုယွင်း​လာမှု​ကြောင့်​ ၁၈ စက်တင်ဘာ ၁၉ဂဂခုနှစ်တွင် နိုင်ငံ​တော်ငြိမ်ဝပ်ပိပြား​မှု တည်​ဆောက်​ရေး​က နိ်ုင်ငံ​တော်တာဝန်ကိုယူခဲ့​သည်။ နိ်ုင်ငံ​တော်ငြိမ်ဝပ်ပိပြား​မှု တည်​ဆောက်​ရေး​အဖွဲ့​လက်ထက် ၁၈ ဇွန် ၁၉၈၉ ခုနှစ်တွင် နိုင်ငံ​တော်အစိုး​ရက နိ်ုင်ငံ​တော်သီချင်း​တွင် ပါဝင်​သော “ဗမာ” ဆိုသည့်​ စကား​ရပ်ကို တိုင်း​ရင်း​သား​အား​လုံး​ကို ရည်ညွှန်း​သည့်​ “မြန်မာ”ဆိုသည့်​ စကား​ရပ်ဖြင့်​ပြင်ဆင်​ပြောင်း​လဲခဲ့​သည်။ ထို​နေ့​တွင်ပင် နိ်ုင်ငံ​တော်ငြိမ်ဝပ်ပိပြား​မှု တည်​ဆောက်​ရေး​အဖွဲ့​ ဥပ​ဒေ ၁၆/၈၉ အရ စကား​ရပ်များ​ ​ပြောင်း​လဲ သတ်မှတ်သည့်​ ဥပ​ဒေကို ထုတ်ပြန်ခဲ့​သည်။ ထိုဥပ​ဒေအရ “Union of Burma” အစား​ “The Union of Myanmar,”Burma (သို့​မဟုတ်) Burman (သို့​မဟုတ်) Burmese အစား​ Myanmar ဆိုသည့်​စကား​ရပ်ကို ထည့််​သွင်း​ရမည့်​ဖြစ်သည်။

ဖြည့်​စွက်ချက်။ ။

ဗမာ သို့​မဟုတ် မြန်မာ ဟူ​သော အသုံး​အနှုန်း​ အတွက် ပြည်​ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ​တော် ဖွဲ့​စည်း​ပုံအ​ခြေခံ ဥပ​ဒေ နှင့်​ပတ်သက်​သော အဓိပ္ပါယ် ရှင်း​လင်း​ချက်များ​ စာတမ်း​၊​ စာမျက်နှာ ၁၈ ​အောက်ဆုံး​ပိုဒ်တွင် ​အောက်ပါအတိုင်း​ ရှင်း​လင်း​ထား​ပါ သည်။ပြည်​ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ​တော်ဟု ​ခေါ်ထား​ခြင်း​မှာ တိုင်း​ရင်း​သား​လူမျိုး​စုံတို့​ စု​ပေါင်း​နေထိုင်သည့်​ ပြည်နယ် နှင့်​ တိုင်း​များ​ ဖွဲ့​စည်း​ထား​သော ပြည်​ထောင်စုနိုင်ငံဖြစ်​ကြောင်း​၊​ သမိုင်း​စဉ်တ​လျှောက် ​မြှော်မှန်း​ခဲ့​ကြသည့်​ ဆိုရှယ်လစ်စနစ်ကို မြဲမြံခိုင်မာစွာ တည်​ဆောက်ကျင့်​သုံး​သွား​မည့်​ နိုင်ငံဖြစ်​ကြောင်း​၊​ ဘုရင်စံနစ်ဖြင့်​ အုပ်စိုး​သော နိုင်ငံမဟုတ်ဘဲ လုပ်သား​ပြည်သူတို့​ အာဏာပိုင်စိုး​သော နိုင်ငံဖြစ်​ကြောင်း​နှင့်​ တိုင်း​ရင်း​သား​လူမျိုး​များ​ကို သိမ်း​ကျံုး​ပေါင်း​ရုံး​၍ ​ခေါ်ဆိုသည့်​ မြန်မာဟူ​သော လူမျိုး​များ​ မှီတင်း​နေထိုင်ရာ နိုင်ငံ​တော်ဖြစ်​ကြောင်း​ ​ပေါ်လွင်ထင်ရှား​စေရန် ဖြစ်သည်။

အထက်ပါစာတွင် တို့​ဗမာအစည်း​အရုံး​က “ဗမာ”ဟူ​သော ​ဝေါဟာရနှင့်​ ပတ်သက်၍ ရှင်း​လင်း​ဖော်ပြသလိုမျိုး​ “မြန်မာ”ဟူ​သော အ သုံး​အနှုန်း​အ​ပေါ် ​သေချာကျနစွာ အကျိုး​သင့်​အ​ကြောင်း​သင့်​ ရှင်း​လင်း​ဖော်ပြထား​ခြင်း​ မရှိ​ချေ။ ကျင့်​သုံး​အုပ်ချုပ်မည့်​ပုံစံကို မဆီမ ဆိုင် ​ဖော်ပြကာ ဘာ့​ကြောင့်​ တိုင်း​ရင်း​သား​လူမျိုး​များ​ အား​လုံး​ကို မြန်မာဟု သိမ်း​ကျံုး​ပေါင်း​ရုံး​ခေါ်ဆိုရ​ကြောင်း​ မရှင်း​ဘဲ မြန်မာနိုင်ငံဟု ဇွတ်အတင်း​ ​ခေါ်​ဝေါ်လိုက်ခြင်း​ သာဖြစ်​ကြောင်း​ ​တွေ့​ရှိရမည် ဖြစ်သည်။(တို့​ဗမာ အစည်း​အရုံး​ သမိုင်း​ စာအုပ်မှ)

အချုပ်အား​ဖြင့်​ဆိုလျှင် ပုဂံ​ခေတ်မှ ကုန်း​ဘောင်​ခေတ်အထိ မြန်မာ ဟူ​သော ​ဝေါဟာရသည် နိုင်ငံနှင့်​လူမျိုး​ကို ရည်ညွှန်း​သည်။ သို့​သော် မြန်မာနိုင်ငံသို့​ ခရစ်ယာန်သာသနာပြုများ​နှင့်​ အ​နောက် နိုင်ငံသား​များ​ ​ရောက်ရှိလာရာ မြန်မာနိ်ုင်ငံကို ​ခေါ်​ဝေါ်သုံး​စွဲရာတွင် ဘာမား​ဟု Burmah ဟုသုံး​ စွဲပြီး​ မြန်မာလူမျိုး​ကို ဘား​မင်း​ Burman ဟုသုံး​စွဲခဲ့​ကြသည်။ ထို့​နောက် ၁၉၃၀ ပြည့်​နှစ်တွင် တို့​ဗမာ အစည်း​အရုံး​ ​ပေါ်​ပေါက်လာ​သောအခါ “ဗမာပြည်” ၊​“ဗမာ” အသုံး​အနှုန်း​များ​ တွင်ကျယ်လာခဲ့​ သည်။ သို့​စေကာမူ မြန်မာနိုင်ငံလွတ်လပ်​ရေး​ ရချိန်မှစ၍ နိ်ုင်ငံနှင့်​လူမျိုး​ကို “မြန်မာ”ဟု တသမတ် တည်း​ သုံး​စွဲခဲ့​သည်။

မှတ်ချက်။ ။

မှန်ကန်ပါသည်။ လူမျိုး​အမည် "မြန်မာ" ၊​ နိုင်ငံအမည် "မြန်မာ" ဟု ​ရေး​သား​ချက်မှာ မှန်ကန်ပါသည်။ သို့​သော် ထို့​သို့​ ပြုလုပ်ခြင်း​သည် သင့်​တော်ပါ၏​လော။

ယခင်က “မြန်မာ”၊​“ဗမာ” မည်သို့​ပင် အသုံး​အနှုန်း​များ​ ရှိ​စေကာမူ ယ​နေ့​ အချိန်တွင် ပကတိအရှိတရား​များ​နှင့်​ ကိုက်ညီ​သော မြန်မာ ဟူသည့်​ အသုံး​အနှုန်း​ကို တရား​ ဝင် ​ပြောင်း​လဲသုံး​စွဲ​နေပြီ ဖြစ်သည်။ထို့​ကြောင့်​ နိ်ုင်ငံသူ၊​နိုင်ငံသား​များ​သည် သမိုင်း​ အ​ထောက်အထား​ခိုင်မာပြီး​ ပကတိအရှိတရား​များ​နှင့်​ ကိုက်ညီ​သော “မြန်မာနိ်ုင်ငံ” “မြန်မာပြည်သူ”အဖြစ် ဂုဏ် ယူဝင့်​ကြွား​စွာ တန်ဖိုး​ထား​ သုံး​စွဲရမည် ဖြစ်ပါ​ကြောင်း​ တင်ပြလိုက်ရပါသည််။

((((ယ​နေ့​ခေတ်ပြည်သူများ​ သိရှိထား​သင့်​ပါသည်.)))

မှတ်ချက်။ ။

နိဂုံး​ချုပ်တွင် ​ဆောင်း​ပါး​ရှင် ​ကောက်ချက်ချသည်မှာ " ပကတိအရှိတရား​များ​နှင့်​ ကိုက်ညီ​သော​ကြောင့်​" ဟူ၍ ပြဆိုထား​ပါသည်။

အရှိတရား​မှန်ပါသည်။ သို့​သော် ဖြစ်သင့်​သော တရား​ မဟုတ်ပါ။

တိုင်း​ရင်း​သား​ပေါင်း​စုံကို ကိုယ်စား​ပြု​သော အမည်သာ ဖြစ်သင့်​ပါသည်။

တို့​ဗမာမူကို မကြိုက်လျှင် တခြား​အမည်သာ ဖြစ်သင့်​ပါတယ်။ လူမျိုး​တမျိုး​အမည်ကို ပြည်​ထောင်စုအမည်မှည့်​ခေါ်ခြင်း​မှာ မသင့်​လျော်ပါ။

မူရင်း​ဆောင်း​ပါး​.

Link 1 ဆက်စပ်ဖတ်ရှုရန်-

တို့​ဗမာ အစည်း​အရုံး​ သမိုင်း​ စာအုပ်

ဗမာ ဆိုသည်မှာ (တို့​ဗမာ အစည်း​အရုံး​ သမိုင်း​ စာအုပ်မှ)

"ဗမာ" အမည်အ​ပေါ် မြန်မာ့​အလင်း​ဦး​စိန်နှင့်​ သူရိယသတင်း​စာဦး​ဘ​ဖေမှ အငြင်း​ပွါး​မှု

အာဇာနည် အမျိုး​သား​ခေါင်​ဆောင်ကြီး​ သခင်မြ ၏ မိန့်​ခွန်း​များ​

မြ​စေတီ ​ကျောက်စာ

















မြ​စေတီ ​ကျောက်စာ

(​မေး​) ဆရာကြီး​ခင်ဗျား​၊​ မြ​စေတီ​ကျောက်စာကို မည်သည့်​ခုနှစ်တွင် မည်သူက ​ရေး​ထိုး​ခဲ့​ပါသနည်း​။ ပုဂံ​ခေတ်သမိုင်း​ကို တိကျမှန်ကန်စွာ ​ဖော်ပြထား​သည်ဟု သိရှိရပါသဖြင့်​ မည်သည့်​အ​ကြောင်း​အရာများ​ကို ​ဖော်ပြထား​ကြောင်း​ကို ပြည့်​စုံစွာ​ဖြေကြား​ပေး​ပါရန် ပန်ကြား​အပ်ပါသည်။ (ဦး​သောင်း​ညွန့်​-စာ​ရေး​ဆရာ နာရီတာ၊​ မြန်​အောင်မြို့​)

(​ဖြေ)

မြ​စေတီ​ကျောက်စာကို ကျန်စစ်သား​မင်း​ကြီး​ နတ်ရွာစံပြီး​နောက် တနှစ်ခန့်​အကြာ၊​ မြန်မာသက္ကရာဇဖ် ၄၇၅-ခုနှစ်၊​ ခရစ်နှစ် ၁၁၁၃-ခုနှစ်တွင် ရာဇကုမာရ်မင်း​သား​က ​ရေထုး​ခဲ့​သည်။ ထို​ကျောက်စာကို ပုဂံမြို့​၊​ မြင်း​ကပါရပ်၊​ မြ​စေတီဘုရား​အနီး​တွင် ​တွေ့​ရ၍ မြ​စေတီ​ကျောက်စာ-ဟု လူသိများ​ပါသည်။ ဤ​ကျောက်စာ၌ မျက်နှာ​လေး​ဖက်ပါရှိသည်။ မျက်နှာတဖက်စီတွင် မြန်မာ၊​ မွန်၊​ ပါဠိ၊​ ပျူ တဘာသာစီဖြင့်​ ​ရေး​ထိုး​ထား​ခြင်း​ဖြစ်သည်။

မြ​စေတီ​ကျောက်စာသည် ပုဂံ​ခေတ် မြန်မစာ​ပေများ​အနက် ထင်ရှား​သော အ​စောဆုံး​မြန်မာ​ကျောက်စာ ဖြစ်သည်။ ​ကျောက်စာများ​သည် တိကျမှန်ကန်မှုရှိသဖြင့်​ ​ကျောက်စာက​ပြော​သော သမိုင်း​သည် ပို၍ ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပါသည်။

ပုဂံ​ခေတ်ဦး​မင်း​များ​အနက် နန်း​တက်သက္ကရာဇ်များ​နှင့်​စပ်လျဉ်း​၍ မြ​စေတီ​ကျောက်စာက အမှား​ပြင်​ပေး​သဖြင့်​ သမိုင်း​တန်ဖိုး​ လွန်စွာကြီး​ပါသည်။ မြန်မာရာဇဝင်များ​တွင် အ​နော်ရထာ၊​ ​စောလူး​၊​ ကျန်စစ်သား​နှင့်​ အ​လောင်း​စည်သူမင်း​တို့​၏ နန်း​စံနှစ်မျါ်နှင့်​ ပတ်သက်၍ ​ဖော်ပြရာ၌ ကွဲလွခြျက်ရှိ​နေသည်။ မြ​စေတီ​ကျောက်စာတွင် ပါရှိ​သော အ​ထောက်အထား​များ​ကို အ​ခြေခံ၍ သမိုင်း​သု​တေသီတို့​သည် အမှား​ကိ်ု ပြင်​ပေး​နိုင်ခဲ့​သည်။

မြ​စေတီ​ကျောက်စာ၏ အစတွင် တြိဘုဝနာဒိတျဓမ္မရာဇာဘွဲ့​ခံ ကျန်စစ်သား​မင်း​ကြီး​၏ နန်း​တက်သက္ကရာဇ်နှင့်​စပ်လျဉ်း​၍ "ပုရှာသ္ခင် သာသနာအနှစ် တ​ထောင့်​ခြောက်ရာ နှစ်ဆယ့်​ရှစ်နှစ် လွန်​လေပြီရကား​၊​ ဤအရိမဒ္ဒနပူရမည်​သောပြည်၌ တြိဘုဝနာဒိတျဓမ္မရာဇ် မည်​သောမင်း​ဖြစ်၏-"ဟု ဆိုထား​သည်။ ဤသာသနာနှစ် ၁၆၂၈-ခုနှစ်ဟု အတိအကျဆိုသည့်​ ​ကျောက်စာမှာ မြ​စေတီ ​ကျောက်စာသာလျှင်ဖြစ်သည်။ သာသနာနှစ် ၁၆၂၈-ခုနှစ်တွင် အရိမဒ္ဒနပုရမည်​သောပြည်တွင် တြိဘုဝနာဒိတျဘွဲခံ ကျန်စစ်သား​မင်း​ကြီး​ နန်း​တက်သည်ကို သိရှိရခြင်း​ဖြင့်​ သမိုင်း​သု​တေသီတို့​သည် ကျန်စစ်သား​မင်း​ကြီး​ကို ဆက်ခံ​သော အ​လောင်း​စည်သူမင်း​ကြီး​၊​ ကျန်စစ်သား​မင်း​ကြီး​ထက် အရင်နန်း​စံ​သော အနုရုဒ္ဓ (အ​နော်ရထာ) မင်း​ကြီး​နှင့်​ ​စောလူး​မင်း​တို့​၏ နန်း​စံသက္ကရာဇ်တို့​ကိုပါ သိရှိခွင့်​ရလိုက်ပါသည်။

မြန်မာမင်း​တို့​သည် သာသနာနှစ်ကို ဘီစီ-၅၄၄-မှ စတင်​ရေတွက်ကြသည်။ သာသနာနှစ် ၁၆၂၈-မှ ဘီစီ ၅၄၄-ကိုနုတ်​သော် ခရစ်နှစ် ၁၀၈၄-ကို ရရှိပါသည်။ ခရစ်နှစ် ၁၀၈၄-သည် ကျန်စစ်သား​မင်း​ကြီး​ နန်း​တက်​သော နှစ်ဖြစ်သည်။ ဤခရစ်နှစ်သည် မြန်မာသက္ကရာဇ် ၄၄၆-နှင့်​လည်း​ ကိုက်ညီ​နေပါသည်။ မြ​စေတီ​ကျောက်စာတွင်ပင် ဆက်လက်​ဖော်ပြရာ၌ "ထိုမင်း​ အနှစ် နှစဆယ့်​ရှစ်နှစ် မင်း​မူပြီး​၏။ ​သေခမူနာသု​ရှော်ဝ်နှိုက်တယ်"ဟူ၍ ပါရှိရာ ကျန်စစ်သား​မင်း​ကြီး​ နန်း​တက်ခရစ်နှစ် ၁၀၈၄-ကို နန်း​သက် ၂၈-နှစ်​ပေါင်း​ထည့်​သော် ခရစ်နှစ် ၁၁၁၂-သည် ကျန်စစ်သား​မင်း​ကြီး​ န်တ်ရွာစံ​သောနှစ် ဖြစ်​ပေသည်။ ထို့​အပြင် ကျန်စစ်သား​ကို ဆက်ခံ​သော အ​လောင်း​စည်သူမင်း​၏ နန်း​တက်သက္ကရာဇ်ကို ရရှိ​ပေသည်။

မြ​စေတီ​ကျောက်စာကို အ​ခြေခံ၍ ပုဂံ​ခေတ်ဦး​ မင်း​တို့​၏ နန်း​စံနှဏ်ကို ​အောက်ပါအတိုင်း​ ရရှိပါသည်။

၁။ မင်း​-အ​နော်ရထာ။ သာသနာနှစ်-၁၅၈၈။ ခရစ်နှစ်-၁၀၄၄။ မြန်မာသက္ကရာဇ်-၄၀၆။ နန်း​သက်-၃၃။

၂။ မင်း​-​စောလူး​။ သာသနာနှစ်-၁၆၂၁။ ခရစ်နှစ်-၁၀၇၇။ မြန်မာသက္ကရာဇ်-၄၃၉။ နန်း​သက်-၇။

၃။ မင်း​-ကျန်စစ်သား​။ သာသနာနှစ်-၁၆၂၈။ ခရစ်နှစ်-၁၀၈၄။ မြန်မာသက္ကရာဇ်-၄၄၆။ နန်း​သက်-၂၈။

၄။ မင်း​-အ​လောင်း​စည်သူ။ သာသနာနှစ်-၁၆၅၆။ ခရစ်နှစ်-၁၁၁၂။ မြန်မာသက္ကရာဇ်-၄၇၄။ နန်း​သက်-၇၅။

(​ကျောက်စာက​ပြော​သော သမိုင်း​ )

ကျန်စစ်သား​မင်း​ကြီး​၏နန်း​တက်သည့်​ခရစ်နှစ်သည် ၁၀၈၄-ဖြစ်​ကြောင်း​ မြ​စေတီ​ကျောက်စာ၏ ​ဖော်ပြချက်ကို ပြည်မြို့​၊​ ​ရွှေဆံ​တော် မွန်​ကျောက်စာကလည်း​ ​ထောက်ခံသည်ကို ​တွေ့​ရှိရသည်။ မြ​စေတီ ​ကျောက်စာသည် ရာဇဝင်များ​တွင် မပါရှိ​သေး​သော အချက်အလက်များ​ကိုလည်း​ ထည့်​သွင်း​ဖော်ပြထား​ သည်ကို ​တွေ့​ရှိရသည်။ ဥပမာအား​ဖြင့်​-ကျန်စစ်သား​မင်း​ကြီး​၏ မိဖုရား​များ​အနက် ၎င်းချစ်ခင်မြတ်နိုး​သော မိဖုရား​မှာ "တြိ​လောကဝဋံသကာ​ဒေဝီ" ဖြစ်​ကြောင်း​၊​ ကျန်စစ်သား​မင်း​ကြီး​နှင့်​ မိဖုရား​ တြိ​လောကဝဋံသကာ​ဒေဝီ-တို့​မှ ရာဇကုမာရ်-ဟူ​သော သား​တော်တပါး​ ဖွား​မြင်​ကြောင်း​၊​ ရာဇကုမာရ်သည် မိဘ​ကျေး​ဇူး​သိတတ်​သော သား​တော်ဖြစ်​ကြောင်း​ စသည့်​ သမိုင်း​အချက်အလက်များ​ကို ​ဖော်ပြထား​သည်။

လူမှု​ရေး​နှင့်​စပ်လျဉ်း​၍ ပုဂံ​ခေတ်တွင် သက်မုလွန်ရွာ၊​ ရပါယ်ရွာ၊​ ဟန်ဗိုင်ရွာစသည့်​ ကျွန်ရွာအမည်များ​ ရှိ​ကြောင်း​လည်း​ ​ဖော်ပြထား​သည်ကို ​တွေ့​ရှိရသည်။ သာသနာ​ရေး​နှင့်​စပ်လျဉ်း​၍ ကျန်စစ်သား​မင်း​ကြီး​ လက်ထက်တွင် ဆရာ​တော်ကြီး​များ​၏ ဘွဲ့​အမည်များ​ကိုလည်း​ ​ဖော်ပြထား​သည်။ ယင်း​တို့​မှာ သင်ကြီး​မုဂ္ဂလိပုတ္တတိဿ​ထေရ်၊​ သင်ကြီး​သု​မေဓပဏ္ဍိတ်၊​ သင်ကြီး​ဗြဟ္မပါလိ၊​ သင်ကြီး​ဗြဟ္မဒိပ်၊​ သင်ကြီး​သောန်နှင့်​ သင်ကြီး​သင်္ဃ​သေနဝရပဏ္ဍိတ်-ဟူ၍ ​တွေ့​ရှိရသည်။

မြန်မာနိုင်ငံသည် အ​ရှေ့​တောင်အာရှတွင် ​ကျောက်စာအ​ပေါများ​ဆုံး​သောနိုင်ငံ ဖြစ်သည်။ ​ကျောက်စာတွင် နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​၊​ သာသနာ​ရေး​ဆိုင်ရာ အ​ကြောင်း​အရာများ​ကို မှတ်တမ်း​တင်​လေ့​ ရှိကြပါသည်။ ​ကျောက်စာပါ အ​ထောက်အထား​များ​ကို အခြား​မှတ်တမ်း​များ​နှင့်​ တိုက်ဆိုင်စစ်​ဆေး​ရာတွင် တိကျမှန်ကန်မှုရှိသဖြင့်​ ​ကျောက်စာက​ပြော​သော သမိုင်း​သည် ပို၍ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ မြ​စေတီ​ကျောက်စာက ​ပြော​သော ပုဂံ​ခေတ်သမိုင်း​သည် တိကျမှန်ကန်မှုရှိသဖြင့်​ မြန်မာစာ သု​တေသီများ​ရော၊​ သမိုင်း​သု​တေသီများ​အတွက်ပါ မြ​စေတီ​ကျောက်စာသည် အလွန်တန်ဖိုး​ရှိ​သော ​ကျောက်စာဖြစ်ပါသည်။ မြ​စေတီ​ကျောက်စာကို ရာဇကုမာရ် ​ကျောက်စာဟုလည်း​ သိရှိ​နေကြသည်။

ဦး​မြင့်​စော (သမိုင်း​ပါ​မောက္ခ-ပုသိမ်တက္ကသိုလ်)(မင်္ဂလာ​မောင်မယ် ၂၀၁၀-ခု ဇွန်လ)

==========================================

မြ​စေတီ​ကျောက်စာ

Jun 11, '09 11:55

မြ​စေတီ​ကျောက်စာကို ရာဇကုမာရ်​ရေး​ထိုး​ခဲ့​သော​ကြောင့်​ ရာဇကုမာရ် ​ကျောက်စာဟုလည်း​ ​ခေါ်သည် ............

ရာဇကုမာရ် ​ကျောက်စာတွင်မျက်နှာ​လေး​ဖက်ပါရှိပြီး​ ပါဠိ၊​ မွန်၊​ ပျူ နှင့်​ မြန်မာဘာသာ တို့​ဖြင့်​ မှတ်တမ်း​ တင်ထား​ခဲ့​သည်။ ​ကျောက်စာတိုင်သည် အမြင့်​ ၅၅ " ၊​ အကျယ် ၁၄ " ရှိသည်။မြ​စေတီ ​ကျောက်စာ အရ ရာဇကုမာရ် မင်း​သား​သည် ကျန်စစ်သား​မင်း​ နှင့်​ ကြင်ရာ​တော် သမ္ဘူလ ၏ သား​ဖြစ်သည် ဟုသိရသည်။ ကျန်စစ်သား​ မင်း​ဖြစ်​သောအခါ သား​အရင်း​ဖြစ်သည့်​ ရာဇကုမာရ်အား​ ထီး​နန်း​အရိုက်အရာမ​ပေး​နိုင်ဘဲ သမီး​ဖြစ်သူ ​ရွှေအိမ်စည် နှင့်​ မွန်ဘုရင် မနုဟာ ၏​မြေး​တော်သူတို့​မှ ဖွား​မြင်သည့်​ ​မြေး​တော် အ​လောင်း​စည်သူ အား​နန်း​လျာထား​ပြီး​ဖြစ်သဖြင့်​ ရာဇကုမာရ်အား​ ဓညဝတီ​တောင်စဉ် ၇ ခရိုင်အား​ပေး​ခြင်း​ဖြင့်​ နှစ်သိမ့်​ခဲ့​သည်။ ရာဇကုမာရ်ကလည်း​ ဖခင်၏​ကျေး​ဇူး​ကို သိတတ်​သောအား​ဖြင့်​ ကျန်စစ်သား​ နာမကျန်း​ဖြစ်ချိန်တွင် မိမိပိုင် ​ရွှေ၊​ ​ငွေ ဥစ္စာများ​ဖြင့်​ ဗုဒ္ဓရုပ်ပွား​တော်များ​ သွန်း​လုပ်ပူ​ဇော်​ပေး​ခဲ့​သည်။ ထိုသို့​သော် ကုသိုလ်အ​ကြောင်း​ကို မြ​စေတီ​ကျောက်စာအဖြစ် ​ရေး​ထိုး​ခဲ့​ခြင်း​ ဖြစ်သည်။

သက်ဦး​ဆံပိုင်ဘုရင်စနစ်ဖြင့်​ တိုင်း​ပြည်အုပ်ချုပ်​သော အချိန်အခါကကမ္ဘာ့​သမိုင်း​၊​ မြန်မာ့​သမိုင်း​တွင်ဖခင်အား​သက်ကား​ ထီး​နန်း​အုပ်ချုပ်ခဲ့​ကြ​သော သား​များ​ကို​တွေ့​ရသည်။ ထိုသူများ​နှင့်​မတူဘဲနာမကျန်း​ဖြစ်​နေသည့်​ ဖခင်အား​ မ​သေခင် ဘဝကူး​ကောင်း​စေရန် မိမိပိုင် ​ရွှေ၊​ ​ငွှေ ပစ္စည်း​ဥစ္စာများ​ဖြင့်​ ဗုဒ္ဓရုပ်ပွား​တော် ပြုလုပ်ပူ​ဇော်ပြီး​ ဖခင်အား​ရေစက်ချ အမျှ ​ဝေ​စေခဲ့​သည်။ ထိုသို့​သော အ​ကြောင်း​အရာကို မွန်၊​ ပါဠိ၊​ ပျူ နှင့်​ မြန်မာစာတို့​ဖြင့်​ မှတ်တမ်း​တင်ခဲ့​သည်။ ​တွေ့​ ရှိရသမျှ မြန်မာစာ​ပေမှတ်တမ်း​များ​တွင် ရာဇကုမာရ် ​ကျောက်စာသည် အ​စောဆုံး​ဖြစ်သည်။ ​ကျောက်စာကိုဖတ်ရလွယ်​အောင် ယ​နေ့​ခေတ်စကား​များ​ဖြင့်​ ဘာသာပြန်ဆိုထား​သည်။

သီရိ။ န​မောဗုဒ္ဒါယသိဒ္ဒံ။ ဘရား​သခင်သာသနာ၊​ အနှစ်တစ်​ထောင်​ခြောက်ရာနှစ်ဆယ့်​ရှစ်နှစ် လွန်​လေပြီး​သောအခါ၊​ ဤအရိမဒ္ဒနာပူရ အမည်ရ​သောပြည်၌၊​ ကျက်သ​ရေမင်္ဂလာအ​ပေါင်း​နှင့်​ ပြည့်​စုံသည့်​ တြိဘုဝနာဒိတျဓမ္မရာဇာ(ကျန်စစ်သား​၏ဘွဲ့​အမည်) မည်​သော မင်း​ကြီး​စိုး​စံ၏။ ထိုမင်း​၏မိဖုရား​တစ်ပါး​ကား​၊​ တြိ​လောကဝဋံသကာ​ဒေဝီ (သမ္ဘူလမိဖုရား​) အမည်ရှိ၏။ ထိုမိဖုရား​၏ သား​တစ်​ယောက်မှာ ရာဇကုမာရမည်၏။ ထိုမင်း​ကား​ ကျွန်သုံး​ရွာကို၊​ မိဖုရား​အား​ ​ပေး​၏။ ထိုမိဖုရား​သေလွန်ခဲ့​သောအခါ၊​ မိဖုရား​၏သား​၊​ ရာဇကုမာရအား​၊​ မင်း​ကြီး​က ​ပေး​အပ်ခဲ့​၏။

ထိုမင်း​သည် နှစ်​ပေါင်း​ နှစ်ဆယ့်​ရှစ်နှစ် မင်း​ပြုခဲ့​ပြီး​နောက်၊​ မကျန်း​မမာ ဖျား​နာ၍ နတ်ရွာစံကာနီး​ ​သောအခါ ထိုရာဇကုမာရအမည်ရှိ​သော သား​သည်၊​ မိမိအား​မွေး​ကျွေး​ ပြုစု​စောင့်​ရှောက်ခဲ့​သော ဖခမည်း​တော်မင်း​ကြီး​၏ ဂုဏ်​ကျေး​ဇူး​ကို ​အောက်​မေ့​သတိရ၍ ​ရွှေသား​အစစ်ဖြင့်​ပြီး​သော ဗုဒ္ဒရုပ်ပွား​ ​တော်ကို ထုလုပ်ပြီး​နောက်၊​ မင်း​ကြီး​၏ထံပါး​သို့​ဝင်ပြီး​၊​ ဆက်သ​သောအခါ၊​ ဤသို့​လျှောက်ထား​၏။ '' ဤ​ရွှေဘုရား​ကား​ မင်း​ကြီး​အဖို့​ သား​တော်ပြုလုပ်ပါသည်။ သား​တော်အား​၊​ ဖခမည်း​တော်မင်း​ကြီး​ ​ပေး​အပ်ထား​ခဲ့​သော၊​ ကျွန်သုံး​ရွာကို ဤ​ရွှေဘုရား​အား​၊​ သား​တော်လှူဒါန်း​ပါသည်။

'' ထိုအခါ ကျန်စစ်သား​မင်း​ကြီး​သည် နှစ်လိုရွှင်လန်း​ ဝမ်း​မြောက်၍ ​ကောင်း​လေစွ၊​ကောင်း​လေး​စွဟု သာဓု​ခေါ်​တော်မူ၏။ ထို့​နောက် သံဃာ​တော်၊​ ဆရာ​တော်ကြီး​များ​ဖြစ်ကြ​သော ရှင်အရဟံမဟာ​ထေရ် ​မောဂ္ဂလိပုတ္တတိဿ​ထေရ်၊​ သု​မေဓပဏိတ​ထေရ်၊​ ဗြဟ္မပါလ​ထေရ်၊​ ဗြဟ္မ​ဒေဝ​ထေရ်၊​ ​သောန​ထေရ်၊​ သင်္ဃ​သေနဝရပဏိတ​ထေရ် တို့​၏​ရှေ့​မှောက်တွင် ကျန်စစ်သား​မင်း​ကြီး​ ​ရေစက်ချ အမျှ​ပေး​ဝေ၏။

​နောင်အခါတွင် ရာဇကုမာရမင်း​သား​သည် ​ရွှေဘုရား​ဆင်း​တု​တော်ကို၊​ ထာပနာ၍၊​ ​ရွှေအထွတ်ဖြင့်​ ဂူဘုရား​တည်ပြီး​နောက်၊​ သက်မုနလွန်တစ်ရွာ၊​ ရပါယ်တစ်ရွာ၊​ ​ဟေန်ဗိုင်တစ်ရွာ ထိုကျွန်သုံး​ရွာနှင့်​ ရွာသား​များ​ကို ဂူဘုရား​အား​ လှူဒါန်း​ပြီး​၊​ ​ရေစက်သွန်း​ချစဉ်၊​ ဤသို့​ ဆု​တောင်း​မိန့်​ဆိုခဲ့​၏။ ဤငါ့​ကောင်း​မှုကား​၊​ သဗ္ဗညုတ ဉာဏ်ပညာရအံ့​သောအ​ကြောင်း​ ဖြစ်ပါ​စေသတည်း​။ ငါမရှိ​တော့​သော ​နောင်အခါတွင်၊​ ငါ့​သား​သည်လည်း​ကောင်း​၊​ ငါ့​မြေး​သည်လည်း​ကောင်း​၊​ သူတထူး​သည်လည်း​ကောင်း​၊​ ငါလှူခဲ့​သော ကျွန်တို့​အား​၊​ နှိပ်စက်ပြုမူခဲ့​လျှင်၊​ အရိ​မေတ္တယျ ဘုရား​သခင်ပွင့်​သောအခါ ဘုရား​မြတ်စွာအား​ မဖူး​မြော်ကြရပါ​စေသတည်း​။

" ငါတို့​ မြန်မာစာ​ပေဟာ ​ကျေး​ဇူး​သိခြင်း​တရား​နဲ့​ စတင်ခဲ့​တာ " ဆရာကြီး​ဦး​ဖေ​မောင်တင်

Source:http://myanmarclassic.multiply.com/journal?&show_interstitial=1&u=%2Fjournal

“မြန်မာ” ​ဝေါဟာရ သမိုင်း​ကြောင်း​ ​ရှေး​ရာဇဝင်သမိုင်း​၊​စာ​ပေမှ မြန်မာလူမျိုး​၊​ မြန်မာပြည် အသုံး​အနှုန်း​များ​ကို အကျယ်ဖတ်ရှုနိုင်ရန် ဤမှာ တတ်နိုင်သမျှ စုစည်း​ပေး​ထား​ပါသည်။

မြ​စေတီ ​ကျောက်စာ

လူမျိုး​တစ်ရာ့​တပါး​စာရင်း​

ဦး​ကုလား​ မဟာရာဇဝင်

မက္ခရာမင်း​သား​ကြီး​၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်

​ယောအတွင်း​ဝန် ဦး​ဖိုး​လှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း​

​ခေတ်မှီ မြန်မာရာဇဝင်အကျဉ်း​ -အမျိုး​သား​ပညာဝန် ဦး​ဖိုး​ကျား​

ရခိုင်ရာဇဝင်သစ်ကျမ်း​

လွတ်လပ်​ရေး​ ​ကြေညာစာတမ်း​

မြန်မာ့​စွယ်စုံကျမ်း​

​ဒေါက်တာနိုင်ပန်း​လှ၏ ရာဇာဓိရာဇ် အ​ရေး​တော်ပုံကျမ်း​

တွင်း​သင်း​မြန်မာရာဇဝင်သစ်

​ဒေါက်တာသန်း​ထွန်း​-အမိန့်​တော်ပြန်တမ်း​များ​၊​ဒုတိယတွဲ

မြန်မာအစ (ဦး​ဖိုး​လတ်)