တို့​​ဗမာ အစည်း​​အရုံး​​ သမိုင်း​​ စာအုပ်



စာ​​ပေ ဗိမာန်က ၁၉၇၆ မှာ ထုတ်​​ဝေခဲ့​​တဲ့​​ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို လူပုဂ္ဂိ်ုလ် တစ်ဦး​​ တစ်​​ယောက်က ပြုစုခဲ့​​တာ မဟုတ်ပါဘူး​​။ အဲဒီ အချိန်မှာ သက်ရှိထင်ရှား​​ ရှိ​​နေ​​သေး​​တဲ့​​ တို့​​ဗမာ အစည်း​​အရုံး​​ဝင် သခင်၊​ သခင်မ​​ဟောင်း​​ကြီး​​​တွေ အား​​လုံး​​ နီး​​ပါး​​က ဝိုင်း​​ဝန်း​​ ပြုစုခဲ့​​ကြတယ်လို့​​​တောင် ဆိုနိုင်ပါတယ်။ ဒါ​​ကြောင့်​​လည်း​​ ဘက်စုံ​​ထောင့်​​စုံ ပြီး​​ပြည့်​​စုံတဲ့​​ သမိုင်း​​ မှတ်တမ်း​​ကြီး​​ ဖြစ်လာရတာပါ။

၁၉၆၄ မှာ တို့​​ဗမာအစည်း​​အရုံး​​ နာယက ဆရာကြီး​​ သခင်ကိုယ်​​တော်မှိုင်း​​ ကွယ်လွန်ခဲ့​​ပါတယ်။ ဆရာကြီး​​ရဲ့​​ ဈာပန အခမ်း​​အနား​​ကို အမြို့​​မြို့​​အနယ်နယ်က သခင်၊​ သခင်မကြီး​​​တွေ တက်​​ရောက်လာ ကြတယ်။ ခုလို လူစုံတုန်း​​မှာပဲ ညီလာခံ ဆန်ဆန် ​​ဆွေး​​​နွေး​​ပွဲကြီး​​ တစ်ခုပြုလုပ်ပြီး​​ တိုဗမာ အစည်း​​အရုံး​​သမိုင်း​​ကို ပြုစုဖို့​​ အချိန် တန်ပြီလို့​​ ဆုံး​​ဖြတ်ခဲ့​​ကြတယ်။

ဒီ​​နောက်သဘာပတိအဖွဲ့​​၊​ ​​ဆော်ဩသူများ​​ အဖွဲ့​​၊​ သမိုင်း​​ စိစစ်​​ရေး​​ ​​ကော်မတီ၊​ အတွင်း​​​ရေး​​မှူး​​ အဖွဲ့​​၊​ ဘဏ္ဍာ​​ရေး​​ အဖွဲ့​​၊​ စာမူကြမ်း​​ စုစည်း​​​ရေး​​ အဖွဲ့​​၊​ သမိုင်း​​ဆိုင်ရာ ပစ္စည်း​​များ​​ ထိန်း​​သိမ်း​​​ရေး​​ အဖွဲ့​​ဆိုပြီး​​ တာဝန် ခွဲ​​ဝေသတ် မှတ်ခဲ့​​ကြတယ်။ တစ်ပြည််လုံး​​အတိုင်း​​ အတာနဲ့​​ စီရင်စု​​တွေခွဲပြီး​​ သက်ဆိုင်ရာ ​​ဒေသအလိုက် သမိုင်း​​ပြုစု​​ရေး​​ အဖွဲ့​​​တွေလည်း​​ ဖွဲ့​​ခဲ့​​ကြတယ်။ အဖွဲ့​​​တွေ အား​​လုံး​​ ​​ပေါင်း​​ရင် လူဦး​​​ရေရာနဲ့​​ချီ ရှိပါတယ်။ ဒါ​​ကြောင့်​​ ကျယ်ပြန့်​​ပြီး​​ ပြည့်​​စုံတဲ့​​ မူကြမ်း​​ကို ရရှိခဲ့​​ပါတယ်။ အဲဒီမူကြမ်း​​ကိုပဲ အချိန်များ​​စွာ ယူပြီး​​ အကြိမ်ကြိမ် အခါခါ ညှိနှိုင်း​​တည်း​​ဖြတ်ပြီး​​မှ အပြီး​​သတ် အတည်ပြုခဲ့​​ကြတယ်။ လုပ်ငန်း​​စဉ် တစ်ခုလုံး​​ အတွက် အချိန် ၉ နှာကြာခဲ့​​ပြီး​​ ၁၉၇၃ ကျမှ အပြီး​​သတ်ခဲ့​​ပါတယ်။ ​​နောက်ထပ် သုံး​​နှစ်အကြာ ၁၉၇၆ ကျမှ စာအုပ်အဖြစ် ပုံနှိပ်ပြီး​​စီး​​ ခဲ့​​ပါတယ်။

ဒီသမိုင်း​​ကို ပြုစုရာမှာ လိုက်နာဖို့​​ ချမှတ်ထား​​တဲ့​​ မူ​​တွေကလည်း​​ စံနမူနာ ယူစရာ ​​ကောင်း​​ပါတယ်။ ဆန္ဒစွဲ​​တွေ၊​ ဘက်လိုက်မှု​​တွေ၊​ အာဃာတ​​တွေ ကင်း​​ရမယ်။ ပုဂ္ဂိ်ုလ်​​ရေး​​ စွပ်စွဲချက်​​တွေ မပါ​​စေရ။ ပုဂ္ဂိ်ုလ် တစ်ဦး​​တစ်​​ယောက်တည်း​​ ကို ဂုဏ်​​ဖော်တာမျိုး​​၊​ ထူး​​ချွန်သူ​​တွေ အ​​ကြောင်း​​ကိုလည်း​​ လိုအပ်တာထက်ပို ပြီး​​ အလွန်အမင်း​​ ချီး​​​မြှောက်တာမျိုး​​ မဖြစ်​​စေရ။ သ​​ဘောထား​​ ကွဲလွဲမှု​​တွေနဲ့​​ ပတ်သက်ပြီး​​​တော့​​လည်း​​ သမိုင်း​​ သင်ခန်း​​စာ ယူနိုင်​​ရေး​​ကိုသာ ဦး​​စား​​​ပေး​​ ​​ဖော်ပြရပါမယ်။ တိုင်း​​ရင်း​​သား​​ အား​​လုံး​​ရဲ့​​ လှုပ်ရှား​​မှု သမိုင်း​​အဖြစ် ပုံ​​ဖော်ရမယ်။

ဒီသမိုင်း​​ မှတ်တမ်း​​ကို ​​ရေး​​သား​​ပြုစုတဲ့​​ အချိန်ဟာ ဆိုရှယ်လစ်​​ခေတ် ဖြစ်ပါတယ်။ ဒါ​​ကြောင့်​​ ဆိုရှယ်လစ် အ​​ရေး​​ကို နည်း​​နည်း​​ ဦး​​စား​​​ပေး​​ထား​​တာက လွဲရင် အ​​တော်ပဲ ဓမ္မဓိဋ္ဌာန်ကျကျ ​​ရေး​​သား​​ ထား​​တယ်လို့​​ ဆိုနိုင်ပါတယ်။

ဒီစာအုပ်မှာ အခန်း​​​တွေ ခွဲပြီး​​ တစ်ကဏ္ဍစီ ​​ဖော်ပြထား​​ပါတယ်။ မြန်မာနိုင်ငံ အတွင်း​​ကို နယ်ချဲ့​​ကိုလိုနီ စနစ် စတင်​​ခြေကုပ် ယူလာတာက စပြီး​​ လွတ် လပ်​​ရေး​​ရတဲ့​​ အချိန်အထိ တစ်ဆင့်​​ချင်း​​ သရုပ်​​ဖော်သွား​​ပါတယ်။

မြန်မာ​​တွေဟာ ဗြိတိသျှတို့​​ မြန်မာနိုင်ငံကို စတင်သိမ်း​​ပိုက်ချိန်က စပြီး​​ နည်း​​လမ်း​​အမျိုး​​မျိုး​​နဲ့​​ ဆန့်​​ကျင်​​တော်လှန်ခဲ့​​ကြပါတယ်။ လက်နက်ကိုင်တိုက် ခိုက်ခြင်း​​၊​ နိုင်ငံ​​ရေး​​၊​ လူမှု​​ရေး​​၊​ ဘာသာ​​ရေး​​ အသင်း​​အဖွဲ့​​​တွေ ဖွဲ့​​စည်း​​ပြီး​​ဆန္ဒပြ ​​တောင်း​​ဆိုခြင်း​​​တွေ ပြုလုပ်ခဲ့​​​ပေမဲ့​​ တစ်နိုင်ငံလုံး​​ အတိုင်း​​အတာနဲ့​​ ကျယ် ကျယ်ပြန့်​​ပြန့်​​ လွှမ်း​​ခြံုနိုင်ခဲ့​​ခြင်း​​​တော့​​ မရှိပါဘူး​​။ သူတို့​​ရဲ့​​ ​​တောင်း​​ဆိုချက်​​တွေ ကလည်း​​ နယ်ကျဉ်း​​တယ်လို့​​ ဆိုရပါမယ်။ အင်္ဂလိပ် အစိုး​​ရရဲ့​​ အုပ်ချုပ်မှု​​အောက် မှာပဲ ပိုမို ​​ကောင်း​​မွန်တဲ့​​ အ​​နေအထား​​ကို ရရှိဖို့​​နဲ့​​ ကိုယ်ပိုင် အုပ်ချုပ်​​ရေး​​ ရမယ်ဆို ရင် ​​ကျေနပ်လက်ခံဖို့​​အထိ​​လောက်ပဲ ရည်မှန်း​​ချက် ထား​​ခဲ့​​ကြတာပါ။ နိုင်ငံ ​​ရေး​​အရ အညီညွတ်ဆုံး​​ ဆိုတဲ့​​ ဝံသာနု ဂျီစီဘီ​​အေ အဖွဲ့​​ကြီး​​လည်း​​ ပြိုကွဲခဲ့​​ရတယ်။

နိုင်ငံ​​ရေး​​ အဖွဲ့​​အစည်း​​တချို့​​ကလည်း​​ မပြတ်မသား​​ ​​တွေ​​ဝေ ယိမ်း​​ယိုင်​​နေကြ၊​ အချင်း​​ချင်း​​ လှည့်​​ပြီး​​ တိုက်ခိုက်ကြ၊​ ကိုယ်ကျိုး​​ရှာကြနဲ့​​ စိတ်ပျက်စရာပါပဲ။ နိုင်ငံ​​ရေး​​လမ်း​​စ​​ပျောက်သလို ဖြစ်​​နေတဲ့​​အချိန်မှာပဲ...

မျိုး​​ချစ်စိတ်ဓာတ် ထက်သန်တဲ့​​ ကိုဘ​​သောင်း​​ဦး​​​ဆောင်ပြီး​​ လူငယ်တစ် စုက တို့​​ဗမာ အစည်း​​အရုံး​​ကို ၁၉၃၀၊​ ​​မေ ၃၀ မှာ စတင် တည်​​ထောင်လိုက် ကြပါ​​တော့​​တယ်။ “ဘုရင်ခံအပါအဝင် အစိုး​​ရ အဖွဲ့​​ဝင်များ​​၊​ အရာရှိကြီး​​များ​​ ဟာ လူထုက ​​ပေး​​တဲ့​​ လခကို စား​​​နေကြတဲ့​​ တိုင်း​​ပြည် အ​​စေခံ​​တွေ(ကျွန်​​တွေ) ပဲ။

ပြည်သူလူထုကသာ သခင်​​တွေ ဖြစ်တယ်။ ဒီနိုင်ငံဟာ ငါတို့​​ပိုင်တဲ့​​နိုင်ငံ ဖြစ်တဲ့​​အတွက် တို့​​ဗမာများ​​ကသာ သခင်အစစ်ဖြစ်တယ်။ ဒါ​​ကြောင့်​​ ငါတို့​​ နာမည်​​ရှေ့​​မှာ သခင်ဆိုတဲ့​​ဘွဲ့​​ကို တပ်မယ်” ဆိုပြီး​​ သခင်ဘ​​သောင်း​​၊​ သခင် ​​လေး​​​မောင်၊​ သခင်သိန်း​​​မောင်စသည်ဖြင့်​​ ​​ခေါ်​​ဝေါ်ခဲ့​​ကြပါတယ်။ သူတို့​​ရဲ့​​ ဦး​​တည်ချက်က​​တော့​​ လုံး​​ဝ လွတ်လပ်​​ရေး​​ပါပဲ။

အစပိုင်း​​မှာ​​တော့​​ လူငယ်​​တွေ စိတ်ကူး​​ ယဉ်​​နေတယ်လို့​​ ထင်ကြတယ်။ စိတ်ရူး​​​ပေါက်ပြီး​​ စတန့်​​ ထွင်တာပါလို့​​ အင်္ဂလိပ် အလို​​တော်ရိ​​တွေက ​​လှောင်​​ပြောင်ချင်ကြတယ်။ တချို့​​ကျ​​တော့​​လည်း​​ အင်္ဂလိပ်ကိုသခင်​​ခေါ်ပြီး​​ ဘုရား​​ထူး​​ ​​နေရတဲ့​​ အချိန်မှာ သူတို့​​ကိုယ်သူတို့​​ သခင် ဘွဲ့​​ခံတဲ့​​ လူငယ်​​တွေကို လန့်​​သွား​​ကြတယ်။ သူတို့​​နဲ့​​ ​​ပေါင်း​​ရင် အင်္ဂလိပ် အစိုး​​ရငြိုငြင်မှာကို ​​ကြောက်ပြီး​​ ​​ရှောင်ဖယ်ဖယ် လုပ်လာကြတယ်။ သခင်ဆိုရင် အလုပ် မခန့်​​ရဲ​​တော့​​ဘူး​​။ တချို့​​ အလုပ် ပြုတ်ကုန်တယ်။ လူငယ်​​တွေက​​တော့​​ သ​​ဘောကျတယ်။ ဆရာကြီး​​ သခင် ကိုယ်​​တော်မှိုင်း​​၊​ ဆရာကြီး​​ ဦး​​​ဖေ​​မောင်တင်၊​ ဦး​​ထွန်း​​ရှိန်တို့​​လို မျိုး​​ချစ် ပုဂ္ဂိ်ုလ်ကြီး​​​တွေက​​တော့​​ အား​​​ပေး​​​ထောက်ခံတယ်။(ဆရာကြီး​​ သခင်ကိုယ် ​​တော်မှိုင်း​​ဟာ ​​နောင်မှာတို့​​ဗမာအ စည်း​​အရုံး​​ နာယကကြီး​​ ဖြစ်လာခဲ့​​ပါတယ်)

အင်္ဂလိပ် အစိုး​​ရ ကိုယ်၌ကလည်း​​ အစပိုင်း​​မှာ သခင်​​တွေကို မ​​လောက် ​​လေး​​မ​​လောက်စား​​​တွေလို့​​ ထင်ခဲ့​​ကြတယ်။ ဒါ​​ပေမဲ့​​ သခင် လူငယ်​​တွေရဲ့​​ အရည်အချင်း​​၊​ မွန်မြတ်တဲ့​​ ရည်ရွယ်ချက်၊​ ကိုယ်ကျိုး​​စွန့်​​အနစ်နာခံမှု စတာ​​တွေကို သိလာတဲ့​​ ပြည်သူ လူထုက တစ်ခဲနက် အား​​​ပေး​​ လာကြတယ်။ လူငယ်အများ​​ အပြား​​လည်း​​ အစည်း​​ အရုံး​​အဝင် ဖြစ်လာကြတယ်။ အစည်း​​အရုံး​​ခွဲ​​တွေကိုလည်း​​ မြို့​​ရွာ​​တော်​​တော်များ​​များ​​မှာ ဖွဲ့​​စည်း​​ လာနိုင်ခဲ့​​တယ်။

သူတို့​​ရဲ့​​ လှုပ်ရှား​​မှုကလည်း​​ အ​​တော်ထိ ​​ရောက်ထက်မြက်လာတယ်။ ​​ဟော​​ပြောပွဲ​​တွေမှာ ​​ပြောတဲ့​​ ရဲရဲ​​တောက်မိန့်​​ခွန်း​​​တွေကလည်း​​ အင်္ဂလိပ် အစိုး​​ ရကို ​​ချောက်ချား​​လာ​​စေတယ်။ ဒီမှာတွင်ပဲ အင်္ဂလိပ်အစိုး​​ရဟာ အမိန့်​​​တွေ အမျိုး​​မျိုး​​ထုတ်ပြီး​​ ချုပ်ချယ်လာ​​တော့​​တယ်။ သခင်​​တွေကလည်း​​ အာဏာ ဖီဆန်ပြီး​​ ​​ရှေ့​​ကိုသာ ဆက်တိုး​​ကြတယ်။

အင်္ဂလိပ် အစိုး​​ရကလည်း​​ ဖမ်း​​တာဆီး​​တာ​​တွေ လုပ်ပြီး​​ ပိုမိုဖိနှိပ်လာ တယ်။ များ​​​သောအား​​ဖြင့်​​ ​​ထောင်​​ခြောက်လ​​လောက် ချ​​လေ့​​ရှိတဲ့​​အတွက် “သခင်​​ပေါက်စ ​​ထောင်​​ခြောက်လ”ဆိုတဲ့​​ စာချိုး​​​ပေါ်လာတယ်။ တို့​​ဗမာသခင် ​​တွေက​​တော့​​ “အ​​မေက​​မွေး​​ ​​ထောင်က​​ကျွေး​​” ဆို တဲ့​​ ​​ဆောင်ပုဒ်ကို ကိုင်ဆွဲပြီး​​ ဆက်လက်ချီတက်​​နေ ကြတယ်။

ဒီ​​နေရာမှာ တက္ကသိုလ်​​ကျောင်း​​သား​​များ​​ သမဂ္ဂ (တ.က.သ) နဲ့​​ဗမာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​ သား​​များ​​သမဂ္ဂ (ဗ.က.သ) တို့​​ဟာလည်း​​ အ​​ရေး​​ ပါတဲ့​​ အခန်း​​ကဏ္ဍက ပါဝင်​​ကြောင်း​​​တွေ့​​ရပါ တယ်။ သခင်ဘ​​သောင်း​​ဟာ ရန်ကုန် တက္ကသိုလ်မှာ ဘာသာပြန် နည်း​​ပြဆရာ လုပ်ခဲ့​​ဖူး​​တဲ့​​ အတွက် တက္ကသိုလ် အသိုင်း​​အဝိုင်း​​နဲ့​​ အဆက်အသွယ် ရှိပါတယ်။ ဒါ​​ကြောင့်​​ ​​ကျောင်း​​သား​​သမဂ္ဂ ​​ခေါင်း​​ ​​ဆောင်​​တွေဖြစ်တဲ့​​ ကိုနု၊​ ကို​​အောင်ဆန််း​​၊​ ကိုသိန်း​​ ​​ဖေ (သိန်း​​​ဖေမြင့်​​) ၊​ ကိုဗဟိန်း​​ စသူ​​တွေဟာ ​​ကျောင်း​​သား​​ ဘဝကတည်း​​က တို့​​ဗမာအစည်း​​ အရုံး​​နဲ့​​ အဆက်အသွယ်ရှိ​​နေခဲ့​​ပြီ ဖြစ်ပါတယ်။ ​​နောက်​​တော့​​ သူတို့​​ဟာ တို့​​ဗမာ အစည်း​​အရုံး​​ရဲ့​​ ထိပ်တန်း​​​ခေါင်း​​​ဆောင်​​တွေ ဖြစ်လာခဲ့​​ရုံမက နိုင်ငံ ​​ခေါင်း​​​ဆောင်​​တွေပါ ဖြစ်လာခဲ့​​ပါတယ်။

တို့​​ဗမာအစည်း​​အရုံး​​ရဲ့​​ လှုပ်ရှား​​မှု​​တွေထဲမှာ ၁၃၀၀ ပြည့်​​ အ​​ရေး​​​တော်ပုံကြီး​​(၁၉၃၈)ဟာ အကြီး​​ကျယ်ဆုံး​​နဲ့​​ အ​​အောင်မြင်ဆုံး​​ တိုက်ပွဲပါပဲ။ ​​ရေနံ​​မြေ အလုပ်သမား​​ သပိတ်ကြီး​​​ပေါ်​​ပေါက်လာ တယ်။ တစ်နိုင်ငံလုံး​​က တခြား​​ အလုပ်သမား​​​တွေ ကပါ ပူး​​​ပေါင်း​​ ပါဝင်တယ်။ လယ်သမား​​​တွေက လည်း​​ သပိတ်​​မှောက်တယ်။ ဒီအချိန်မှာ တက္ကသိုလ် ​​ကျောင်း​​သား​​​တွေရဲ့​​ တတိယ သပိတ်ကြီး​​ ​​ပေါ်လာပြန်တယ်။ တစ်နိုင်ငံလုံး​​က ​​ကျောင်း​​သား​​ ​​တွေ ပူး​​​ပေါင်း​​ ပါဝင်လာကြတယ်။ အတွင်း​​ဝန်ရုံး​​ (​​နောင်ဝန်ကြီး​​များ​​ရုံး​​)ကို ဝိုင်း​​ဝန် ပိတ်ဆို့​​ သပိတ် တား​​ကြရာမှ မြင်း​​စီး​​ စစ်ပုလိပ်​​တွေက အကြမ်း​​ ဖက်ဖြိုခွင်း​​ခဲ့​​လို့​​ ​​ကျောင်း​​သား​​​ခေါင်း​​​ဆောင် ကို ​​အော်​​ကျော် ကျဆုံး​​ခဲ့​​ရတယ်။ ​​ကျောင်း​​သား​​​တွေ အစာငတ်ခံ ဆန္ဒပြတယ်။ ပြည်သူတစ်ရပ်လုံး​​ က မခံမရပ်နိုင်ဖြစ်ပြီး​​ မျိုး​​ချစ်စိတ် အမြင့်​​မား​​ဆုံး​​ အ​​ခြေအ​​နေကို ​​ရောက်ခဲ့​​တယ်။ လူထုရဲ့​​ ကူညီ အား​​​ပေး​​မှု​​ကြောင့်​​ အစိုး​​ရ ယန္တရား​​ တစ်ခုလုံး​​ ရပ်တန့်​​လုနီး​​ပါး​​ ဖြစ်ခဲ့​​တယ်။

ဒီအ​​ရေး​​​တော်ပုံကြီး​​မှာ တို့​​ဗမာအစည်း​​အရုံး​​ ဟာ ဦး​​​ဆောင်မှုအခန်း​​က ပါဝင်ခဲ့​​တယ်။ ​​ကျောင်း​​ သား​​သမဂ္ဂနဲ့​​လည်း​​ ပိုပြီး​​စည်း​​လုံး​​မိလာတယ်။ ​​ကျောင်း​​သား​​​ခေါင်း​​​ဆောင်​​တွေဟာလည်း​​ တို့​​ဗမာ အစည်အရုံး​​ဝင်​​တွေ ဖြစ်လာတယ်။

၁၃၀၀ ပြည့်​​အ​​ရေး​​​တော်ပုံကြီး​​ အပြီး​​မှာ​​တော့​​ ပြည်သူ လူထုရဲ့​​ နိုင်ငံ​​ရေး​​ နိုး​​ကြား​​မှုဟာ အထွတ် အထိပ် ​​ရောက်လာခဲ့​​တယ်။ လွတ်လပ်​​ရေး​​ကို မရရ​​အောင် ယူမယ်လို့​​ သန္နိ်ဋ္ဌာန် ချလိုက်ကြတယ်။ အင်္ဂလိပ်ကို လက်နက်ကိုင် ​​တော်လှန်ဖို့​​လည်း​​ ဆုံး​​ဖြတ်လိုက်တယ်။

အဲဒီအချိန်မှာ ဒုတိယကမ္ဘာ စစ်ကြီး​​ဖြစ်ဖို့​​ အရိပ်အ​​ယောင်​​တွေ ပြလာပြီး​​ ဂျာမနီ၊​ အီတလီ၊​ ဂျပန် ဝင်ရိုး​​တန်း​​သုံး​​နိုင်ငံရဲ့​​ ရန်ကို ဥ​​ရောပနိုင်ငံ ​​တွေ ​​ကြောက်လန့်​​​နေကြရပြီ။ အင်္ဂလိပ်​​တွေလည်း​​ ဗျာများ​​​နေရပြီ။ ဒါ​​ကြောင့်​​“အင်္ဂလိပ်အခက်၊​ ဗမာ့​​ အချက်”ဆိုတဲ့​​ ​​ကြွေး​​​ကြော်သံနဲ့​​အတူ“ဗမာ့​​ထွက် ရပ်ဂိုဏ်း​​”ကို လျှို့​​ဝှက်ဖွဲ့​​စည်း​​တည် ​​ထောင်လိုက် ကြတယ်။

​​နောက်​​တော့​​ ရဲ​​ဘော်သုံး​​ကျိပ်ဖွဲ့​​၊​ ဂျပန်နဲ့​​ ​​ပေါင်း​​ပြီး​​ အင်္ဂလိပ်ကိုတိုက်ထုတ်၊​ ဂျပန်စစ်တပ်ရဲ့​​ ဖက်ဆစ်အတွင်း​​သရုပ်ကို သိမြင်လာ​​တော့​​ မဟာ မိတ် အကူအညီနဲ့​​ ဂျပန်ကို​​တော်လှန်၊​ အင်္ဂလိပ်ပြန် ဝင်လာပြီး​​​တော့​​ ဖဆပလအဖွဲ့​​ ကြီး​​​ပေါ်လာ၊​ နိုင်ငံ ​​ရေး​​တိုက်ပွဲဆက်၊​ လွတ်လပ်​​ရေး​​ရဖို့​​ လက်တစ် ကမ်း​​အလို ၁၉၄၇ ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ်​​အောင် ဆန်း​​နဲ့​​ အာဇာနည်​​ခေါင်း​​​ဆောင်ကြီး​​​တွေ ကျဆုံး​​၊​ ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်​​ရေး​​ရတဲ့​​ အထိ ​​ရေး​​သား​​ထား​​ပါတယ်။

ဒီစာအုပ်ထဲမှာ ထူး​​ခြား​​ချက်​​တွေလည်း​​ ​​တွေ့​​ ရပါတယ်။

-သခင်ဘ​​သောင်း​​ဟာ ကမ္ဘာရာဇဝင်ချုပ် ဆိုတဲ့​​ စာအုပ်ကို ဘာသာပြန်ခဲ့​​တဲ့​​အတွက် ​​ဝေလ မင်း​​သား​​က ​​ပေး​​တဲ့​​ဆု​​ငွေတစ်​​ထောင်ရတယ်။ သူက အဲဒီ​​ငွေကို ကိုယ်ကျိုး​​အတွက် မသုံး​​ဘဲ တို့​​ဗမာအစည်း​​အရုံး​​ ရန်ပုံ​​ငွေအတွက် မတည် ထည့်​​ဝင်လိုက်တယ်။ ဗြိတိသျှ အိမ်​​ရှေ့​​စံမင်း​​သား​​ က ချီး​​မြှင့်​​တဲ့​​ ဆု​​တော်​​ငွေကို ဗြိတိသျှ ​​နေမဝင် အင်ပါယာကြီး​​ကို အန်တု စိန်​​ခေါ်မယ့်​​ အဖွဲ့​​အတွက် အသုံး​​ပြုတယ်ဆိုတာ ​​ဝေလမင်း​​သား​​သာ သိသွား​​ ရင် ဘယ်လိုခံစား​​ရမလဲမသိ။

-အခုတိုင် မြင်​​တွေ့​​​နေရတဲ့​​ အာဇာနည် ဆရာ ​​တော် ဦး​​ဝိစာရရဲ့​​ ရုပ်တုနဲ့​​ ​​ကျောက်တိုင်ဟာ လွတ် လပ်​​ရေး​​ ရပြီး​​မှ ဂုဏ်ပြု ထုလုပ်ခဲ့​​တယ်လို့​​ လူ အများ​​က ထင်​​နေကြတယ်။ တကယ်​​တော့​​ အင်္ဂလိပ်​​ခေတ်ကတည်း​​က ထုလုပ် တည်ရှိခဲ့​​တာ ပါ။ ဦး​​ဝိစာရလမ်း​​ဆိုတာလည်း​​ အဲဒီအချိန်က တည်း​​က မှည့်​​​ခေါ်ခဲ့​​တာ ဖြစ်ပါတယ်။

-လွတ်လပ်​​ရေး​​ ရပြီး​​တဲ့​​ အချိန်က စပြီး​​ အခု အချိန်အထိ အသုံး​​ ပြု​​နေရတဲ့​​ နိုင်ငံ​​တော်သီချင်း​​ ဟာ ဝိုင်အမ်ဘီသခင်တင်က တို့​​ဗမာ အစည်း​​အရုံး​​ အတွက်​​ရေး​​​ပေး​​ခဲ့​​တဲ့​​ တို့​​ဗမာ သီချင်း​​ကို အ​​ခြေခံ ထား​​ခြင်း​​ ဖြစ်ပါတယ်။ သီချင်း​​မှာ ပါဝင်သင့်​​တဲ့​​ အ​​ကြောင်း​​အရာ​​တွေကို သခင်ဘ​​သောင်း​​တို့​​က အကြံဉာဏ် ​​ပေး​​ခဲ့​​တယ်လို့​​ သိရပါတယ်။ ( ဒီစာအုပ်ထဲမှာ တို့​​ဗမာ၊​ သုံး​​​ရောင် ခြယ်စတဲ့​​ သီချင်း​​စာသား​​​တွေ ပါဝင်ပါတယ်။ ကိုယ်ကျိုး​​ရှာ နိုင်ငံ​​ရေး​​သမား​​ ကြီး​​​တွေကို သ​​ရော်​​လှောင်​​ပြောင်တဲ့​​ ခပ်ကြမ်း​​ကြမ်း​​စာသား​​​တွေနဲ့​​ သီချင်း​​တစ် ပုဒ်လည်း​​ ပါပါတယ်။)

- ရဲ​​ဘော် သုံး​​ကျိပ်ကို ဖွဲ့​​စည်း​​ရာမှာ တို့​​ဗမာအစည်း​​အရုံး​​ဝင် သခင်​​တွေ ကို အမာခံထား​​ခဲ့​​တာပါ။ ရဲ​​ဘော် သုံး​​ကျိပ်ဟာ ဗမာ့​​တပ်မ​​တော်ရဲ့​​ အမြု​​တေ ဖြစ်ပါတယ်။ ဒါ​​ကြောင့်​​ “ဗမာ့​​တပ်မ​​တော်အစ-တို့​​ဗမာ အစည်း​​အရုံး​​က”လို့​​ ဆိုပါတယ်။

- တို့​​ဗမာဆိုတဲ့​​ စကား​​လုံး​​ကို သုံး​​နှုန်း​​ရခြင်း​​ အ​​ကြောင်း​​ကိုလည်း​​ ရှင်း​​ပြထား​​ပါတယ်။ “မြန်မာ”ဆိုတာ မြန်မာလူမျိုး​​ တစ်မျိုး​​တည်း​​ကို ကိုယ်စား​​ ပြုတယ်။ “ဗမာ”ဆိုတာက​​တော့​​ တိုင်း​​ရင်း​​သား​​ အား​​လုံး​​ကို ကိုယ်စား​​ပြုတယ် လို့​​ ဆိုထား​​ပါတယ်။ (ခု​​ခေတ် အယူအဆနဲ့​​ ​​ပြောင်း​​ပြန်ဖြစ်​​နေတာ ​​တွေ့​​ရပါတယ်။)

- တို့​​ဗမာအစည်း​​အရုံး​​ဟာလည်း​​ မြန်မာနိုင်ငံအသင်း​​အဖွဲ့​​​တွေရဲ့​​ ထုံး​​စံ အတိုင်း​​ နှစ်ခြမ်း​​ကွဲခဲ့​​ပါ​​သေး​​တယ်။ အင်္ဂလိပ်​​တော်လှန်ဖို့​​ “ဗမာ့​​ထွက်ရပ်ဂိုဏ်း​​” ကို ဖွဲ့​​စည်း​​တဲ့​​အခါမှာ​​တော့​​ သ​​ဘောထား​​ကွဲလွဲမှု​​တွေကို ​​ဘေး​​ဖယ်ပြီး​​ ပြန် လည်​​ပေါင်း​​စည်း​​ခဲ့​​ကြပါတယ်။ ဒါတွင်မက တစ်ချိန်ကနိုင်ငံ​​ရေး​​ ရန်သူ​​တွေ ဖြစ်ပြီ အပြန်အလှန်ပြင်း​​ပြင်း​​ထန်ထန် ဆန့်​​ကျင်ခဲ့​​ကြတဲ့​​ ​​ဒေါက်တာဘ​​မော်ကို ​​တောင် အာဃာတ​​တွေ ကင်း​​ကင်း​​နဲ့​​ ​​ခေါင်း​​​ဆောင် တင်ခဲ့​​ပါ​​သေး​​တယ်။

(လွတ်လပ်​​ရေး​​ရပြီး​​တဲ့​​ အခါမှာ​​တော့​​ အာဏာလုကြ၊​ အချင်း​​ချင်း​​တိုက် ကြ ခိုက်ကြ၊​ သတ်ကြ ဖြတ်ကြနဲ့​​ ပြည်တွင်း​​စစ်ကြီး​​ဖြစ်ရတဲ့​​အထိ ပြန်လည် ကွဲကြ ပြဲကြဖြစ်ကုန်တာက​​တော့​​ ဝမ်း​​နည်း​​စရာပါပဲ။)

ဒီစာအုပ်ဟာ သမိုင်း​​တစ်ရပ်ကို ဓမ္မဓိဋ္ဌာန်ကျကျ​​ရေး​​သား​​ထား​​တာ ဖြစ် ပါတယ်။ ဘယ်သူ့​​ကိုသာ​​စေ၊​ ဘယ်သူ့​​ကို နာ​​စေဆိုတဲ့​​သ​​ဘောမျိုး​​ မပါဝင်​​စေဘဲ တကယ့်​​ ဖြစ်ရပ်မှန်​​တွေကို အတုယူစရာ၊​ သင်ခန်း​​စာ ယူစရာ​​တွေ အဖြစ် တင်ပြထား​​ခြင်း​​ဖြစ်တဲ့​​ အတွက် သမိုင်း​​ မှတ်တမ်း​​ ​​ရေး​​ချင်သူ​​တွေအတွက် စံနမူ နာ ဖြစ်ပါတယ်။

သမိုင်း​​မှတ်တမ်း​​ ဆို​​ပေမဲ့​​ ​​ရေး​​သား​​တင်ပြပုံ ရသ ​​မြောက်လွန်း​​လို့​​ သမိုင်း​​ ​​နောက်ခံ ဝတ္ထုရှည်ကြီး​​ တစ်ပုဒ်ကို ဖတ်ရသလို စွဲမက်စရာ ​​ကောင်း​​လှပါတယ်။ ဖတ်ဖြစ်​​အောင် ဖတ်ကြည့်​​ကြဖို့​​ တိုက်တွန်း​​လိုပါတယ်။

စာအုပ်ကြီး​​က ထူလွန်း​​လို့​​၊​ ရှာရတာခက်လို့​​၊​ သမိုင်း​​​တွေ နိုင်ငံ​​ရေး​​​တွေ စိတ်မဝင်စား​​လို့​​ မဖတ်ချင်ဘူး​​၊​ မဖတ်ဖြစ်ဘူး​​ ဆိုရင်​​တောင် တို့​​ဗမာအစည်း​​ အရုံး​​ရဲ့​​ ကိုယ်ကျိုး​​မဖက်နိုင်ငံနဲ့​​ လူမျိုး​​အတွက် ​​ဆောင်ရွက် ခဲ့​​တာ​​တွေကို ​​ထောက်ထား​​​သော အား​​ဖြင့်​​ ​​အောက်ပါ​​ကြွေး​​​ကြော်သံစာသား​​​လေး​​ကို​​တော့​​ နှလုံး​​သွင်း​​​ပေး​​ကြပါလို့​​ ​​မေတ္တာ ရပ်ခံချင်ပါတယ်။

ဗမာပြည်သည်... တို့​​ပြည်။

ဗမာစာသည်... တို့​​စာ။

ဗမာစကား​​သည်... တို့​​စကား​​။

တို့​​ပြည်ကို... ချစ်ပါ။

တို့​​စာကို... ချီး​​မြှင့်​​ပါ။

တို့​​စကား​​ကို... ​​လေး​​စား​​ပါ။

မင်း​​ကိုဉာဏ်

source: http://shweamyutay.com/index.php?option=com_content&view=article&id=4083&Itemid=&ed=119

0 comments:

Post a Comment