
****************

****************

****************

****************

**************** =============
ဦးကုလား မဟာရာဇဝင်
ညောင်ရမ်းခေတ် (သို့) ဒုတိယအင်းဝခေတ် သာလွန်မင်းတရားကြီး(၁၆၂၉-၁၆၄၈)လက်ထက်တွင် စာပေကျမ်းဂန်တတ် ပညာရှိကြီးဖြစ်သည်။ ဦးကုလား၏ အဘသည် စဉ့်ကူးရွာသူဌေး ဒေဝသေဋ္ဌ၊ အမိ မဏိဩဃ ဖြစ်သည်။ ဦးကုလား၏ မွေးသက္ကရာဇ်ကို မသိရပါ။ စဉ့်ကူးရွာဇာတိ ဖြစ်သည်။
အဘသည်သူဌေးမျိုး၊ အမိသည် စော်ဘွား မြို့စားမျိုးဖြစ်၍ သူဌေးသား ဦးကုလားသည် မိမိစည်းစိမ်နှင့် အေးချမ်းသာယာစွာ နေနိုင်သော်လည်း နောင်လာနောက်သားတို့အတွက် အပတ်တကုတ် ကြိုးစားရှာဖွေ စုဆောင်း၍ ရာဇဝင်ကျမ်းကြီးများကို ပြုစုခဲ့သည်။
ပုဂံရာဇဝင်၊ တကောင်းရာဇဝင်၊ သရေခတ္တရာရာဇဝင်၊ အင်းဝရာဇဝင်၊ တောင်ငူရာဇဝင် စသည်ဖြင့် ရှေးဟောင်းရာဇဝင် ကျမ်းငယ်များကို စုပေါင်းညှိနှိုင်းပြီး မဟာရာဇဝင်ကြီး ကိုရေးသားခဲ့သည်။
ကျမ်းငယ်များအပြင် ကျောက်စာ ၊ ဧချင်း ၊ မော်ကွန်း များကိုလည်း အထောက်အထားပြု လေ့လာ၍ ရေးသားခဲ့၏။ ကွဲပြားနေသော ရှေးရာဇဝင်ကျမ်းငယ်များကို တကွဲတပြား တသီးတခြားဆီ မဖြစ်ရလေအောင် စုစည်း၍ စနစ်တကျ ပြုစုပြီး တစ်စောင်တည်း ပြုလုပ်ခဲ့သည်။ ဦးကုလား မဟာရာဇဝင်ဟုလည်း ခေါ်၍ စံပြုလောက်သော ကျမ်းဖြစ်သည်။
ထို့ကြောင့် နောင် ရာဇဝင်ကျမ်းဆရာတို့သည် ဦးကုလား မဟာရာဇဝင်ကို အမှီပြု၍ ရေးသားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မှတ်တမ်းတင်လောက်သည့် အချက်မှာ ပြေပြစ်ကောင်းမွန်သော ဝါကျအသုံးအနှုန်း၊ စကားလုံး အထားအသိုများပင် ဖြစ်သည်။ စကားပြေရိုးရိုး ဖြစ်သည်။ ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက် ရေးသားသော မှန်နန်း ရာဇဝင်တော်ကြီး သည်လည်း ဦးကုလား မဟာရာဇဝင်ကို အမှီပြုရသည်။ခေတ်ပြိုင် ဦးကုလားနှင့် တစ်ခေတ်တည်း ကျော်ကြားသူမှာ ဝန်ကြီးပဒေသရာဇာ ဖြစ်သည်။
ရေးသားခဲ့သော ကျမ်းများ
မဟာရာဇဝင်ကြီး
မဟာရာဇဝင်လတ်
မဟာရာဇဝင်ချုပ်
============

"မြန်မာနိုင်ငံ" ဟူသော အသုံးအနှုန်းလဲ တွေ့ရပြီး မည်သည်ကို ရည်ရွယ်ကြောင်း စဉ်းစားနိုင်ပါရန် အောက်ခြေတွင် ပူးတွဲ တင်ပြလိုက်ပါသည်။
0 comments:
Post a Comment