မြန်မာလူမျိုး​ - ( မြန်မာ့​စွယ်စုံကျမ်း​ )

မြန်မာ့​စွယ်စုံ ကျမ်း​ကို စာ​ပေဗိမာန်၊​ မြန်မာနိုင်ငံ ဘာသာပြန် စာ​ပေအသင်း​က ၁၉၄၉ခုနှစ်တွင် စတင်ပြုစုခဲ့​ပြီး​ ၁၉၅၄ခုနှစ် အတွဲ(၁)မှ စ၍ ၁၉၇၆ခုနှစ် အတွဲ(၁၅)အထိ မြန်မာအက္ခရာစဉ်အတိုင်း​ ထုတ်​ဝေခဲ့​သည်။

စာ​ပေဗိမာန်သည် ကမ္ဘာ့​နိုင်ငံအ များ​အပြား​တွင် ထုတ်​ဝေသည့်​ စွယ်စုံကျမ်း​များ​နည်း​တူ မိမိတိုင်း​ပြည် အပါအဝင် တကမ္ဘာလုံး​ရှိ တိုး​တက်တီထွင် မှုများ​၊​ သိပ္ပံပညာရပ်များ​၊​ ကမ္ဘာ့​သမိုင်း​နှင့်​ နိုင်ငံ့​သမိုင်း​၊​ စိုက်ပျိုး​ရေး​၊​ ​မွေး​မြူ​ရေး​၊​ ကူး​သန်း​သွား​လာ​ရေး​နှင့်​ ယဉ် ​ကျေး​မှု၊​ စာ​ပေ၊​ ဂီတ၊​ ပန်း​ချီ၊​ အနုပညာ အရပ်ရပ်မှ ​ကျော်ကြား​ထင်ရှား​သူများ​၊​ နိုင်ငံ့​ခေါင်း​ဆောင်များ​၏ အတ္ထုပ္ပတ္တိအကျဉ်း​များ​၊​ ကမ္ဘာ့​နိုင်ငံများ​၊​ မြို့​ရွာများ​၊​ သက်ရှိသတ္တဝါများ​ စသဖြင့်​ ​ကောင်း​ကင်၊​ ​ရေ၊​ ​မြေ၊​ စကြာဝဠာ ကဏ္ဍအသီး​သီး​၊​ ​ဒေသန္တရ အရပ်ရပ်ရှိ သိစရာ မှတ်စရာ၊​ ဗဟုသုတ အဖြာဖြာကို စု​ဆောင်း​လျက် စာ​ပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ် မြန်မာ့​စွယ်စုံကျမ်း​အဖြစ် ထုတ်​ဝေခဲ့​ခြင်း​ဖြစ်သည်။

စွယ်စုံကျမ်း​များ​မှာ ကြား​ဖူး​သိဖူး​သော အ​ကြောင်း​အရာများ​ကို ပိုမိုသိရှိလာ​စေသလို၊​ အနည်း​ငယ်မျှ မကြား​ခဲ့​ မသိခဲ့​ဖူး​သော အ​ကြောင်း​အရာများ​ကိုလည်း​ ​လေ့​လာသိရှိလာ​စေသည့်​ ဗဟုသုတ ဟင်း​လေး​အိုး​ကြီး​ များ​ဖြစ်သည်။

၁၉၆ရခုနှစ် ထုတ်​ဝေ​သော မြန်မာ့​စွယ်စုံကျမ်း​အတွဲ (၁၀) (မြတ်-ယူး​)တွင် မြန်မာလူမျိုး​အ​ကြောင်း​ကို စာမျက်နှာ ၃၃ရမှ ၃၅၃အထိ ​တွေ့​ရှိရသည်။ မြန်မာလူမျိုး​နှင့်​ ပတ်သက်၍ မျိုး​နွယ်စု၊​ မျိုး​ရိုး​ဗီဇ၊​ မြန်မာဟူ​သော အမည်ဖြစ်​ပေါ်လာပုံနှင့်​ အခြား​မျိုး​နွယ်စုများ​က ​ခေါ်​ဝေါ်ပုံများ​၊​ မိရမာ၊​ မရမာ၊​ မြံမာ၊​ မြန်မာ၊​ မြမ္မာ စသဖြင့်​ ​ကျောက်စာ၊​ မင်စာတို့​တွင် ​ရေး​ထိုး​လာခဲ့​ပုံများ​နှင့်​ မြန်မာတို့​၏ စစ်​ရေး​၊​ နိုင်ငံ​ရေး​၊​ ယဉ်​ကျေး​မှု၊​ သမိုင်း​ကြောင်း​ အ​ထွေ​ထွေကို အကိုး​အကား​ အ​ထောက်အထား​များ​ဖြင့်​ အ​တော်က​လေး​ ပြည့်​စုံစွာ ​ဖော်ပြထား​သည်။

မြန်မာလူမျိုး​အ​ကြောင်း​ကို သမိုင်း​ကြောင်း​နှင့်​ချီ၍ ပြည့်​စုံစွာ ​ဖော်ပြထား​သော စွယ်စုံကျမ်း​ကြီး​၌ တိုင်း​ ပြည်နှင့်​အဝှမ်း​ တွင်တွင်ကျယ်ကျယ် သုံး​စွဲ​ခေါ်​ဝေါ်​နေကြ​သော ဗမာဟူသည့်​ ​ဝေါဟာရနှင့်​ ဗမာလူမျိုး​အ​ကြောင်း​ လည်း​ အနည်း​ငယ်မျှပင်ဖြစ်​စေ ပါကို ပါရှိရမည်ဟု ယူဆကာ ရှာကြည့်​သည်။

ထိုမျှ ဖတ်စရာ မှတ်စရာ ဗဟုသုတအ​ထွေ​ထွေ စုံလင်ကြွယ်ဝ​သော မြန်မာ့​စွယ်စုံကျမ်း​၌ အတွဲ (၅) (တူ-နိ) စာမျက်နှာ ၄၄ မှ ၄၉တွင် ​ဖော်ပြပါရှိသည့်​ တို့​ဗမာအစည်း​အရုံး​ အ​ကြောင်း​မှလွဲ၍ ‘‘ဗမာ”ဟူ​သော လူမျိုး​အ ​ကြောင်း​ကိုမူ ဗထက်ခြိုက် အက္ခရာပါ​သော အတွဲ (၇) (ပဉ်-ဗီး​)နှင့်​ အတွဲ (၈) (ဗီး​-မ​ဟော)တွင်သာမက ရှိရှိသမျှ အတွဲများ​အား​လုံး​ ကုန်​အောင် ရှာကြည့်​သော်လည်း​ တစွန်း​တစမျှပင် မ​တွေ့​ရှိရ​ချေ။ ကမ္ဘာတွင် ဗမာလူမျိုး​ဟူ၍ မရှိ။ မြန်မာလူမျိုး​ဟူ၍သာရှိ​ကြောင်း​ မြန်မာ့​စွယ်စုံကျမ်း​က သက်​သေပြ​နေ​လေသည်။ ပုံ-(၃)

မြန်မာ့​စွယ်စုံကျမ်း​မှ မြန်မာလူမျိုး​

မြန်မာ့​ စွယ်စုံကျမ်း​ အတွဲ (၁၀)တွင် ပါရှိသည့်​ မြန်မာလူမျိုး​အ​ကြောင်း​တွင် ​ရှေး​မြန်မာလူမျိုး​တို့​ ဝင် ​ရောက်လာပုံ၊​ မြန်မာအစုဝင် လူမျိုး​ အမျိုး​အနွယ်များ​၊​ ပြည်​ထောင်စု၏ အပသို့​ ​ရောက်​နေ​သော မြန်မာများ​၊​ ​ရှေး​ဦး​မြန်မာစကား​ပြောသူများ​၊​ ​ရှေး​မြန်မာတို့​၏ စရိုက်သဘာဝ ​ယျေဘုယျလက္ခဏာနှင့်​ မြန်မာများ​ ​ရွှေ့​ပြောင်း​ ​ရောက်ရှိလာကြပုံ သမိုင်း​ကြောင်း​ အ​ထောက်အထား​များ​၊​ ခန့်​မှန်း​သုံး​သပ်ချက်များ​ဖြင့်​ ​ဖော်ပြထား​သည်ကို ​တွေ့​ရှိရသည်။

မြန်မာအစတ​ကောင်း​က ဆိုသည်မှာ မြန်မာလူမျိုး​၏ အစကို ဆိုလိုခြင်း​မဟုတ်ဘဲ မြန်မာမင်း​တို့​၏ အစ ကို ဆိုခြင်း​ဖြစ်​ကြောင်း​၊​ မဇ္ဈိမ​ဒေသ ကပ္ပိလဝတ်မှ သကျသာကီဝင်မင်း​ အဘိရာဇာမှ အစပြုခဲ့​သော တ​ကောင်း​ မင်း​ဆက်၊​ ၎င်းမင်း​ဆက်၏ အနွယ်တို့​က၊​ ဓညဝတီနှင့်​ သ​ရေ​ခေတ္တရာတို့​ကို တည်ခဲ့​ပြီး​နောက်၊​ သ​ရေ​ခေတ္တရာ အနွယ်ဝင် ပျဉ်ပြား​မင်း​က ပုဂံကို ​အေဒီ ၈၄၉ခုနှစ်မှာ တည်ခဲ့​ကြောင်း​၊​ တကယ့်​မြန်မာလူမျိုး​၏ အစသည် တိဘက်ပြည် အ​ရှေ့​မြောက်ဖက် ကန်စုနယ်၏ ​တောင်ပိုင်း​ဒေသမှ ဖြစ်ခဲ့​ဟန်တူ​ကြောင်း​ သမိုင်း​ပညာရှင် ​ဒေါက်တာဂျီအိတ်ချ်လု(စ်)၏ အဆိုများ​ကို ကိုး​ကား​ ​ဖော်ပြထား​သည်။

​ရှေး​မြန်မာတို့​၏ အရည်အ​သွေး​များ​တွင် ​ရှေး​မြန်မာတို့​သည် ယဉ်​ကျေး​မှုနှင့်​ လူမျိုး​၏ အ​ခြေအ​နေ တိုး​ တက်မှုတို့​ထက် လွတ်လပ်​ရေး​ကို မြတ်နိုး​ကြသူများ​ဖြစ်​ကြောင်း​၊​ တရုပ်တို့​၏ ဖိနှိပ်မှု​ကြောင့်​ မူရင်း​ဒေသ ကန်စုမှ ဖဲခွာ​ရှောင်တိမ်း​လာကြရာ ဆင်း​ရဲဒုက္ခကျပ်တည်း​ပင်ပမ်း​မှုမျိုး​စုံကို အခြား​သော တိဘက်-မြန်မာ အနွယ်ဝင်များ​ ထက် ပိုမို​တွေ့​ကြံုခံစား​ခဲ့​ရသူများ​ဖြစ်​ကြောင်း​၊​ ဒုက္ခဆင်း​ရဲများ​ကို ကြံ့​ကြံ့​ခံ၍ ​ရွှေ့​ပြောင်း​ခဲ့​ကြရာမှ ဆင်း​ရဲမှုတို့​ကို ခံယူနိုင်ခြင်း​၊​ ဇွဲ၊​ သတ္တိနှင့်​ အမျိုး​အတွက် ဂုဏ်ယူတတ်ခြင်း​၊​ လူမျိုး​စု ယဉ်​ကျေး​မှုနှင့်​ ဓ​လေ့​တို့​ကို ထိန်း​သိမ်း​ လိုခြင်း​၊​ စည်း​လုံး​ညီညွတ်လိုခြင်း​ စသည့်​ စိတ်ဓာတ်နှင့်​ အရည်အ​သွေး​များ​ကို ခိုင်ခိုင်မြဲမြဲ ရခဲ့​ကြသူများ​ဖြစ် ​ကြောင်း​၊​ ထိုအရည်အ​သွေး​များ​အပြင် ယူနန်နယ် အ​နောက်ပိုင်း​ နန်​ကျောဝ် (နန်​ချောင်) ​ဒေသတွင် ​နေခဲ့​ရစဉ်က ကိုယ်တိုင်ပါဝင်ဆင်နွဲရ​သော စစ်များ​နှင့်​ တိုက်ပွဲများ​မှ ရရှိခဲ့​သော အ​တွေ့​အကြံုတို့​ကြောင့်​ စစ်ဆင်စစ်ထိုး​အ တတ်နှင့်​ တိုက်ရည်ခိုက်ရည်တို့​မှာ ပိုမိုတိုး​တက်​ကောင်း​မွန်ခဲ့​မည်သာ ဖြစ်​ကြောင်း​၊​ နန်​ကျောဝ်​ဒေသတွင် ​နေစဉ် က ၎င်းလူမျိုး​တို့​အား​ မန်၊​ မန်​ကျောဝ်၊​ ဝမ်ကျု၊​ ဝမ်ဖိုင်ယု၊​ ဖူ စ​သော အမည်များ​ဖြင့်​ တရုတ်တို့​က ​ခေါ်​ဝေါ်ခဲ့​ ​ကြောင်း​၊​ စစ်ထိုး​ကောင်း​သူများ​၊​ မြင်း​သည်​ကျော်များ​၊​ ခွန်အား​ကြီး​သူများ​၊​ သတ္တိ​ကောင်း​သူများ​ဖြစ်​ကြောင်း​ ​ဖော်ပြ ထား​သည်။

စွယ်စုံကျမ်း​မှ မြန်မာအ​ကြောင်း​တွင် မြန်မာ့​ယဉ်​ကျေး​မှု၊​ မြန်မာတို့​၏ ရိုး​ရာဓ​လေ့​ထုံး​တမ်း​စဉ်လာများ​၊​ ပွဲလမ်း​သဘင် ဆင်ယင်ကျင်း​ပမှုများ​၊​ ဘာသာ​ရေး​ ယုံကြည်ကိုး​ကွယ်မှုများ​ စသည်တို့​ မပါရှိပဲ စစ်​ရေး​နှင့်​ ပတ် သက်၍သာ စစ်ထိုး​ကောင်း​သူများ​၊​ သန်စွမ်း​သူများ​၊​ နည်း​ပရိယာယ်ကျွမ်း​ကျင်သူများ​ စသဖြင့်​ စစ်​ရေး​ကို အဓိက ထား​၍ ဂုဏ်ယူစွာ ​ရေး​သား​ဖော်ပြထား​သည်ကို ​တွေ့​ရှိရသည်။

စစ်​ရေး​နှင့်​ပတ်သက်၍ ​ဖော်ပြရာတွင်လည်း​ လက်ဦး​မဆွ ​ရောက်ရှိအ​ခြေချ​နေထိုင်ကြသည့်​ ပျူ၊​ မွန်၊​ ကရင်၊​ ပ​လောင်၊​ ချင်း​ စ​သော တိုင်း​ရင်း​သား​တို့​၏ နယ်​မြေများ​သို့​ ကျူး​ကျော်စစ်ပြု၊​ တိုက်ခိုက်သိမ်း​ပိုက် နယ်ချဲ့​မှုများ​။ ယိုး​ဒယား​နှင့်​ အာသံ မဏိပူရအထိ တိုက်ခိုက်သိမ်း​ပိုက်နိုင်ခဲ့​ကြောင်း​နှင့်​ တရုတ်တပ်များ​ကိုပင် အနိုင်တိုက်နိုင်ခဲ့​ကြောင်း​များ​လည်း​ အကျဉ်း​မျှ ​ဖော်ပြထား​သည်။

တရုတ်တပ်ကြီး​ကို ရင်မဆိုင်ဝံ့​ဘဲ အရှံုး​ပေး​ပြီး​ ​ပြေး​ရသည့်​ တရုတ်​ပြေး​မင်း​ဟူ၍ ရှိခဲ့​သည့်​ ရာဇဝင်​ကြောင်း​ကို​တော့​ တစွန်း​တစမျှ မ​ဖော်ပြ။

တိုင်း​ရင်း​သား​နှင့်​ မြန်မာ

ဗမာလူမျိုး​ကို စွယ်စုံကျမ်း​ထဲ၌ အဘယ့်​ကြောင့်​ မထည့်​သွင်း​ရသနည်း​။ ဗမာလူမျိုး​ဟူသည်မှာ တကယ်မရှိခဲ့​၍ ဖြစ်သည်။

ပထမ အင်္ဂလိပ်-မြန်မာစစ်၊​ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်များ​ ​နှောင်း​ပိုင်း​၊​ ဗြိတိသျှတို့​၏ အ​ခေါ်အ​ဝေါ် “ဘား​မား​”ကို မှီး​၍ မိမိတို့​ကိုယ်မိမိတို့​ ​ခေါ်​ဝေါ်သည့်​ “ဘမာ”ဆိုသည်မှာလည်း​ စွယ်စုံကျမ်း​ထဲတွင် မရှိ။ နှုတ်အ ​ခေါ်အ​ဝေါ်အား​ဖြင့်​သာ ရှိ​နေ​သော ဘမာ စာလုံး​ကို ဘကုန်း​ဖြင့်​ မ​ပေါင်း​ဘဲ အသံထွက် ပိုမိုမာ​ကျော၍ ဖဦး​ထုပ် သံနှင့်​ အ​ရော​ရောအထွး​ထွေး​ ဖြစ်စရာလည်း​ မလို​သော ဗထက်ခြိုက်ဖြင့်​ “ဗမာ”ဟု ​ရေး​သား​ခေါ်​ဝေါ်ခဲ့​ခြင်း​မှာ တို့​ဗမာအစည်း​အရုံး​၏ တီထွင်မှုသာ ဖြစ်​လေသည်။

တို့​ဗမာအစည်း​အရုံး​သည် မြန်မာနှင့်​ မြန်မာမဟုတ်​သော တိုင်း​ရင်း​သား​အား​လုံး​ကို သိမ်း​ကျံုး​ပေါင်း​ရုံး​ ​ခေါ်ဆိုသည့်​ အမည်အဖြစ် မည်သည့်​အခါကမျှ မရှိခဲ့​သော “ဗမာ ပြည်” “ဗမာလူမျိုး​”ဟူ​သော အသုံး​အနှုန်း​ကို တီထွင်သုံး​နှုန်း​ အသိအမှတ်ပြု​စေခဲ့​သည်။

ဤနိုင်ငံသည် မြန်မာလူမျိုး​တဦး​တည်း​ ​နေသည့်​နိုင်ငံမဟုတ်။ မြန်မာများ​ ဤနိုင်ငံသို့​ မ​ရောက်မီ နှစ်ကာ လကြာရှည်စွာကပင် တိုင်း​ရင်း​သား​လူမျိုး​အချို့​ ​ရေကြည်ရာ မြက်နုရာ၊​ အင်အား​ကြီး​သူများ​၏ ထိပါး​နှောက်မှု အန္တရာယ်ကင်း​ဝေး​ ငြိမ်း​အေး​ရာ ရှာ​ဖွေ​ရွှေ့​ပြောင်း​ရောက်ရှိ ​နေထိုင်လာခဲ့​ကြသည်။ မူလ​ဒေသခံများ​ဟု ဆိုနိုင်သည်။

ထီး​ကျိုး​စည်​ပေါက် သူ့​ကျွန်ဘဝသို့​ ​ရောက်ခဲ့​ရ​သော နိုင်ငံအား​ လွတ်​မြောက်ရန် ​တော်လှန် တိုက်ခိုက်ခဲ့​ရာတွင်လည်း​ တိုင်း​ရင်း​သား​တို့​၏ အခန်း​ကဏ္ဍမှာ အ​တော်ပင် အ​ရေး​ပါအရာ​ရောက်သည်။

မိမိတို့​ ထက် လက်နက်အင်အား​သာလွန်သည့်​ နယ်ချဲ့​ကို အရှံုး​မ​ပေး​ အညံ့​မခံဘဲ တိုက်ခိုက်ခဲ့​သော တိုင်း​ရင်း​သား​များ​ အ​ကြောင်း​ နိုင်ငံ့​သမိုင်း​မှာ ရှိခဲ့​သည်။

ဝန်း​သို​စော်ဘွား​၊​ စကား​စော်ဘွား​၊​ ရှမ်း​ပြည်မှ လင်း​ပင်မင်း​သား​၊​ ကျိုင်း​တုံ၊​ မိုး​နဲ၊​ ​မောက်မယ် ရပ်​စောက်၊​ မိုင်း​ပွန်တို့​မှ ​စော်ဘွား​များ​၊​ ကယား​ ​စောလ​ပေါ၊​ ချင်း​တောင် ဗိုလ်ဆွန်ပက်၊​ ကချင် ဖုန်ကန်ဒူး​ဝါး​၊​ ဆမား​ဒူး​ဝါး​၊​ လွယ်ဆိုင်ဒူး​ဝါး​၊​ ဆဒုံး​ဒူး​ဝါး​၊​ ဝနယ်မှ ​စောမဟာ၊​ ​နော်ခမ်း​ဦး​၊​ ဓနုဖြူနယ်သား​ ဗိုလ်မြတ်ထွန်း​နှင့်​ မန်း​လုံး​၊​ ရခိုင် ဗိုလ်​ဇော်ဂျီ၊​ ဗိုလ်မျက်ကန်း​၊​ ပအိုဝ်း​အမျိုး​သား​ မရမ်း​ချောင်း​ဘုန်း​ကြီး​နှင့်​ ဗိုလ်ခန့်​ ဦး​စီး​သည့်​ မွန်အမျိုး​သား​ ကရင်အမျိုး​သား​များ​ စသဖြင့်​ နယ်ချဲ့​လက်​အောက် သူ့​ကျွန်မခံ ပြန်လည်​တော်လှန်တိုက်ခိုက်ခဲ့​ကြ​သော တိုင်း​ ရင်း​သား​များ​၏ အခန်း​ကဏ္ဍကို အသိအမှတ်မပြုဘဲ ​နေ၍ မရ။

ဂျပန်ကို ​တော်လှန်ရာတွင်လည်း​ တိုင်း​ရင်း​သား​ တို့​၏ ကြိုး​ပမ်း​မှုကို လျစ်လျူရှု၍ မရ။

ထို့​ကြောင့်​ ဗမာပြည်လွတ်လပ်​ရေး​ ​တောင်း​ဆိုရာတွင် တိုင်း​ရင်း​သား​တွေမပါဘဲ အလုပ်ဖြစ်မည်မဟုတ်။ ဗြိတိသျှက ပြည်နယ်နှင့်​ ပြည်မကို တသီး​တခြား​စီ ခွဲထုတ်ချင်သည်။ တိုင်း​ရင်း​သား​တွေမပါဘဲ ​ပေး​မည့်​လွတ်လပ် ​ရေး​မှာ မြန်မာတို့​အတွက် အကျိုး​ရှိနိုင်မည့်​ လွတ်လပ်​ရေး​မဟုတ်။

 ပြည်မနှင့်​ ​ပေါင်း​စည်း​ရန်အတွက် တိုင်း​ရင်း​ သား​တို့​၏ သ​ဘောဆန္ဒကို ရယူဖို့​လိုသည်။ အထူသဖြင့်​ ​တောင်တန်း​ဒေသ တိုင်း​ရင်း​သား​တွေကို စည်း​ရုံး​ဖို့​ လို သည်။

တိုင်း​ရင်း​သား​တွေကို စည်း​ရုံး​ရန်မှာ ၎င်းတို့​အ​ပေါ် သ​ဘောထား​ ​စေတနာမှန်ဖို့​ လိုသည်။ ၎င်းတို့​၏ အခွင့်​ အ​ရေး​တွေကို သိနား​လည်ရမည်။ ၎င်းတို့​ကို ​နေရာ​ပေး​ရမည်။ ဗိုလ်ချုပ်​အောင်ဆန်း​သည် ​တောင်တန်း​ဒေသ တိုင်း​ရင်း​သား​များ​၏ ယုံကြည်မှုကို ရယူနိုင်ခဲ့​၏။

မြန်မာလူမျိုး​နှင့်​ တိုင်း​ရင်း​သား​တို့​၏ သမိုင်း​ကြောင်း​ကို သိထား​နား​လည်ကြ​သော ​ခေတ်ပညာတတ်များ​ သည်လည်း​ ထိုအချိန်တွင် တိုင်း​ရင်း​သား​တို့​အ​နေဖြင့်​ ဘမာလည်း​မြန်မာ၊​ မြန်မာလည်း​ဘမာဟု နား​လည်မှုလွဲစွာ သိမြင်ထား​ကြသည်ကို ​ချေဖျက်ရှင်း​လင်း​ပြီး​ တို့​ဗမာအစည်း​အရုံး​၏ ရပ်တည်ချက်နှင့်​ “တို့​ဗမာ”ဟူ​သော ​ဝေါဟာ ရအ​ပေါ် အဓိပ္ပါယ်​ဖော်​ဆောင်မှုများ​အား​ဖြင့်​ ဗမာနှင့်​ မြန်မာ အသုံး​အနှုန်း​ကို ကွဲကွဲပြား​ပြား​ သ​ဘော​ပေါက်​စေခဲ့​ ​လေသည်။

“မဟာ” ပြဿနာ

တိုင်း​ပြည်လွတ်လပ်​ရေး​အတွက် တိုက်ပွဲဝင်​နေသည့်​အချိန်က တိုင်း​ရင်း​သား​အား​လုံး​ကို ကိုယ်စား​ပြု သည့်​ အ​ခေါ်အဝါ်အဖြစ် “ဗမာပြည်” “ဗမာလူမျိုး​”ဟု ​ခေါ်​ဝေါ်ခဲ့​ကြ​သော်လည်း​ တိုင်း​ပြည်လွတ်လပ်​ရေး​ရသည့်​အခါမှာ​တော့​ မြန်မာလူမျိုး​အပါအဝင် တိုင်း​ရင်း​သား​လူမျိုး​များ​ ​နေထိုင်​နေကြသည့်​နိုင်ငံကို မြန်မာနိုင်ငံဟူ၍ မှည့်​ခေါ် လိုက်ခြင်း​မှာ သခင်ဘ​သောင်း​ စတင်တည်​ထောင်ခဲ့​ပြီး​ ဗိုလ်ချုပ်​အောင်ဆန်း​နှင့်​ သခင်ကိုယ်​တော်မှိုင်း​တို့​ ပါဝင် ​သော တို့​ဗမာအစည်း​အရုံး​က ချမှတ်ထား​ခဲ့​သည့်​မူကို ​ပြောင်​ပြောင်ကြီး​ ​ဖောက်ဖျက်ကျူး​လွန်လိုက်ခြင်း​ပင် ဖြစ် သည်။

ဗိုလ်ချုပ်​အောင်ဆန်း​နှင့်​တကွ တိုင်း​ရင်း​သား​တို့​ အ​ရေး​ကိစ္စအ​ပေါ် နား​လည်​ထောက်ထား​တတ်​သော ​ခေါင်း​ဆောင်ကြီး​များ​ လုပ်ကြံခံခဲ့​ရပြီး​ဖြစ်၍ တိုင်း​ရင်း​သား​တို့​အ​ရေး​အတွက် ကျန်​ခေါင်း​ဆောင်များ​ကို ဂရုစိုက်စရာ မလိုဟု ဖဆပလတွင်း​မှ မဟာလူမျိုး​ကြီး​ဝါဒီများ​က မှတ်ယူခဲ့​ကြသည်။ ထိုသူတို့​မှာ ဗိုလ်ချုပ်​အောင်ဆန်း​နှင့်​ မည် သည့်​အခါကမျှ မတည့်​ခဲ့​သော စား​ဖား​ကြီး​များ​၊​ ကိုယ်ကျိုး​ရှာသူများ​၊​ ဝိသမ​လောဘသမား​များ​၊​ ဒီမိုက​ရေစီ အ​ရေ ခြံုနိုင်ငံ​ရေး​သမား​များ​ဖြစ်သည်။

မြန်မာလူမျိုး​ဟူသည်မှာ သမိုင်း​ကြောင်း​နှင့်​ချီ၍ ရှိ​နေခဲ့​ပြီး​ ဖြစ်၏။ ဗမာလူမျိုး​ဆိုသည်က​တော့​ မရှိ။ ဤနိုင်ငံ၌ မြန်မာလူမျိုး​ဟူ၍ ရှိ​နေသည်ကို မြန်မာနိုင်ငံဟူ၍ အမည်မှည့်​လိုက်ခြင်း​မှာ မြန်မာလူမျိုး​တို့​၏ နိုင်ငံဟု ဆိုလိုရာ​ရောက်ပြီး​။ ​ရှေး​ယခင်ကတည်း​ကပင် ​ရောက်ရှိ​နေထိုင်​နေခဲ့​ကြ​သော တိုင်း​ရင်း​သား​လူမျိုး​စုများ​၏ သ​ဘောထား​ကို ဂရုမစိုက်ဘဲ နိုင်ငံအ​ပေါ် လက်ဝါး​ကြီး​အုပ်လိုက်သည့်​ အပြုအမူပင်ဖြစ်သည်။





0 comments:

Post a Comment