သခင်မျိုး​​ဟေ့​ ဒို့​ဗမာ ဒါဒို့​ပြေ ဒါ ဒို့​မြေ

ဒို့​ဗမာ ဟူသည် ( စ​နေနဂါး​​နီ ဂျာနယ်မှ)

=======



...[[ ဒို့​ဗမာ ဟူသည် မြန်မာသာလျှင် မဟုတ်၊​ ရှမ်း​​-ကရင်-ကချင်-ချင်း​​-ဓနု-ပ​လောင်-​တောင်သူ စ​သော တိုင်း​​ရင်း​​သား​​ အား​​လုံး​​ကို ​ခေါ်​သော အမည်ဖြစ်​စေလျက် ...]]

သခင်မျိုး​​ဟေ့​ ဒို့​ဗမာ ဒါဒို့​ပြေ ဒါ ဒို့​မြေ

စ​နေနဂါး​​နီ ဂျာနယ်မှ အတွဲ ၂ အမှတ် ၂၄ ၊​ ၁၉၄၀ နိုဝင်ဘာ ၁၆

::::::::::::::::::++++++++++++::::::::::::::::::::: ​​

နဂါး​​နီ စာအုပ်အသင်း​​

နဂါး​​နီ စာအုပ်အသင်း​​ကို ၁၉၃၇ ခု အတွင်း​​ သခင်လူငယ် ​ခေတ်ပညာတတ်များ​​က ဦး​​ဆောင်၍ တည်​ထောင်ခဲ့​သည်။ ၎င်း​စာအုပ် အသင်း​​သည် အင်္ဂလန်နိုင်ငံရှိ ဆိုရှယ်လစ် စာ​ပေ ထုတ်​ဝေ​သော စာ​ပေတိုက်များ​​နှင့်​ ဆက်သွယ်ပြီး​​ မြန်မာနိုင်ငံ အတွင် အမျိုး​​သား​​ စိတ်ဓာတ် လှံု့​ဆော်​ရေး​​ စာ​ပေနှင့်​ တိုး​​တက်သည့်​ အယူအဆ ပါ​သော နိုင်ငံ​ရေး​​ စာ​ပေများ​​ကို ထုတ်​ဝေခဲ့​သည်။

မြန်မာ လူငယ်များ​​ နိုင်ငံ​ရေး​​ အသိတရား​​ နိုး​​ကြား​​ရေး​​နှင့်​ အမျိုး​​သား​​ လွတ်​မြောက်​ရေး​​ အတွက် ​တော်လှန်​ရေး​​ စိတ်ဓာတ် ​ပေါ်​ပေါက်​စေသည့်​ စာအုပ်များ​​ကို အများ​​ဆုံး​​ ထုတ်​ဝေခဲ့​သည်။ နဂါး​​နီဂျာနယ်၊​ ကား​​(လ်)မတ်ဝါဒ၊​ ​ကျောင်း​​သား​​ အ​ရေး​​တော်ပုံ၊​ ကျွန်ုပ်၏ စွန့်​စား​​ခြင်း​​၊​ ကျွန်ုပ်နှင့်​ မိုက်ကယ်​ကောလင်း​​၊​ ဆိုရှယ်လစ်ဝါဒ၊​ ဆိုရှစ်လစ်ဝါဒနှင့်​ နိသျှည်း​​၊​ ဆိုဗီယက် ဒီမိုက​ရေစီ ကိုယ်​တွေ့​များ​​၊​ ဓနရှင်ဝါဒ၊​ ဒီဗလာရား​​၊​ ​ဒေါက်တာ ဂျိုး​​ဇေရီ​ဇော်၊​ ပြည်သူ့​အာဏာ ပထမတွဲနှင့်​ ပြင်သစ် အ​ရေး​​တော်ပုံ၊​ လူမွဲတို့​၏ ထွက်ရပ်လမ်း​​၊​ လွတ်လပ်​ရေး​​တိုက်ပွဲ၊​ လက်ငင်း​​ တို့​တာဝန်၊​ အလုပ်သမား​​လောက၊​ အိုင်း​​ရစ် အ​ရေး​​တော်ပုံ၊​ အိုင်း​​ရစ် အာဇာနည်တို့​မှာ ထင်ရှား​​သော နဂါး​​နီထုတ် စာအုပ်များ​​ ဖြစ်ကြသည်။

ထို့​ကြောင့်​လည်း​​ မြန်မာ တိုင်း​​ရင်း​​သား​​တို့​ နိုင်ငံ​ရေး​​ အသိတရား​​ နိုး​​ကြား​​စေရန်နှင့်​ ဆိုရှယ်လစ် သ​ဘောတရား​​များ​​ ပြည်သူလူထု အတွင်း​​ ပျံ့​နှံ့​အောင် အများ​​ဆုံး​​ ဖြန့်​ဖြူး​​ပေး​​သည့်​ စာအုပ်အသင်း​​ အဖြစ် မြန်မာ့​သမိုင်း​​တွင် ထင်ရှား​​သည်။

Source: (၂၀၀၀ ခုနှစ်) ကိုလိုနီ​ခေတ် မြန်မာ့​ သမိုင်း​​ အဘိဓာန်, တတိယ အကြိမ်. တက္ကသိုလ်များ​​ သမိုင်း​​ သု​တေသန ဌာန၊​ ဂျီအီး​​စီ (ပညာ​ရေး​​) သမဝါယမ အသင်း​​.

နဂါး​​နီ စာအုပ်​အသင်း​​ စိန်ရတု အခမ်း​​အနား​​ ဖိတ်ကြား​​လွှာ











0 comments:

Post a Comment