အင်္ဂလိပ်အစိုး​ရထုတ် သူကြီး​ဂေဇက်ပါ မြန်မာနိုင်ငံ / Burma

သူကြီး​ဂေဇက် Headman's Gazette သည် အင်္ဂလိပ်အစိုး​ရမှ ထုတ်​ဝေသည်။

Burma, မြန်မာနိုင်ငံ​တော်၊​ မြန်မာလူမျိုး​ အသုံး​အနှုန်း​များ​ကို ​လေ့​လာနိုင်ရန် ​ကောက်နှုတ်​ဖော်ပြပါသည်။

BOC ( Burmah Oil Company) ကို မြန်မာပြည် ​ရေနံဆီကုမ္ပဏီ ဟု ​ဖော်ပြချက်ကိုလည်း​ သတိပြုနိုင်​ပေသည်။

အင်္ဂလိပ်တို့​သည် "ဗမာပြည်၊​ ဗမာလူမျိုး​" ဟူ၍ သုံး​စွဲခြင်း​မရှိ​ပေ။ မြန်မာဘုရင်များ​လက်ထက်၌လည်း​ "ဗမာပြည်၊​ ဗမာလူမျိုး​" ဟူ၍ သုံး​စွဲခြင်း​မရှိ​ပေ။

ဤသက်​သေသည် အင်္ဂလိပ်တို့​ခေါ်​သော Burma သည် ဗမာကို ကိုယ်စား​ပြုသည် ဟူ​သော အယူအဆအမှား​ကို ​ချေဖျက်လိုက်ပါသည်။















"ဗမာပြည်" ဟူ​သော ​ဝေါဟာရကို တို့​ဗမာအစည်း​အရုံး​မှ စတင်အသုံး​ပြုသည်။ ဗမာဟူသည် တိုင်း​ရင်း​သား​အား​လုံး​၊​ ပြည်သူပြည်သား​အား​လုံး​ကို ခြံုငုံ​သောအမည်အဖြစ် သတ်မှတ်ပြီး​ လွတ်လပ်​ရေး​တိုက်ပွဲဝင်ရန် စည်း​ရုံး​ခဲ့​သည်။ ရည်ရွယ်ချက်၊​ ​စေတနာကို ပွင့်​လင်း​စွာချပြစည်း​ရုံး​၍ တိုင်း​ရင်း​သား​များ​ လက်ခံပြီး​ သခင်ဘွဲ့​ခံကြသည်။

0 comments:

Post a Comment