မြန်မာလူမျိုး​ - ​ယောအတွင်း​ဝန် ဦး​ဖိုး​လှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း​))))))

​ယောအတွင်း​ဝန် ဦး​ဖိုး​လှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း​တွင် မြန်မာလူမျိုး​ အသုံး​အနှုန်း​ကို ဤသို့​ ​တွေ့​ရသည်။







*****************

==============================

မင်း​ကို ဆုံး​မ​သော ​ရွှေပြည်ဝန်ကြီး​ ဦး​ဘိုး​လှိုင်

မြန်မာ့​သမိုင်း​မှာ ပြည်သူလူထုအ​ပေါ် တရား​မျှတစွာ အုပ်ချုပ်တဲ့​ မင်း​တွေရှိခဲ့​သလို၊​ ပြည်သူကို နှိပ်စက်တဲ့​ မင်း​တွေလည်း​ အုပ်စိုး​ခဲ့​ပါတယ်။ အဲဒီလိုကွဲပြား​တဲ့​ မင်း​တွေရှိခဲ့​သလို မင်း​မှုထမ်း​တွေမှာလည်း​ မင်း​လိုလိုက် မင်း​ကြိုက်​ဆောင်သူ​တွေနဲ့​ မှန်ရာကို ​ပြောရဲ၊​ ​ရေး​ရဲ၊​ လုပ်​ဆောင်ရဲတဲ့​သူ​တွေဆိုပြီး​ ကွဲပြား​စွာ ရှိခဲ့​ပါတယ်။ ဒီလို မှန်ရာကို တင်ပြ လုပ်​ဆောင်ရဲသူများ​ထဲက စံပြုထိုက်သူတစ်ဦး​က​တော့​ ​ရွှေပြည်ဝန်ကြီး​ ဦး​ဘိုး​လှိုင်ဖြစ်ပါတယ်။

​ယောအတွင်း​ဝန်၊​ ​ရွှေပြည်ဝန်၊​ ​ယောမင်း​ကြီး​၊​ ​ရွှေပြည်မင်း​ကြီး​၊​ ဝက်မစွတ်မြို့​စား​၊​မ​ကွေး​မြို့​စား​ ဝန်ရှင်​တော်မင်း​ကြီး​၊​ သတိုး​မင်း​ကြီး​ မဟာမင်း​ခေါင် သီဟသူ စသဖြင့်​ အမျိုး​မျိုး​ ​ခေါ်တွင်ကြတဲ့​ ဦး​ဘိုး​လှိုင်ကို ကွယ်လွန်သူ စာဆိုကြီး​ ဆရာ​မောင်ထင်က​တော့​ 'မြန်မာ့​ နိုင်ငံ​ရေး​သုခမိန်ကြီး​' လို့​ တင်စား​ခေါ်ဆိုခဲ့​ပါတယ်။

ဆရာမင်း​ယု​ဝေ ကလည်း​ သူ့​ရဲ့​ 'ပထမ မြန်မာများ​' စာအုပ်မှာ '​ယောမင်း​ကြီး​ ဦး​ဘိုး​လှိုင် (ပထမ သိပ္ပံစာ​ပေ ပြုစုသူ)' လို့​ ကမ္ပည်း​တင်ခဲ့​ပါတယ်။

မြန်မာ့​စွယ်စုံကျမ်း​မှာလည်း​ 'မြန်မာ့​နိုင်ငံ​ရေး​နှင့်​ အုပ်ချုပ်​ရေး​ အ​တွေး​အ​ခေါ် အယူအဆတို့​ကို ​ခေတ်နှင့်​လျော်​အောင် တိုး​တက်ဖွံ့​ဖြိုး​စေရန် ကြံဆရွက်​ဆောင်ခဲ့​သော မြန်မာ့​နိုင်ငံ​ရေး​သုခမိန်' လို့​ ​ဖော်ပြခဲ့​ပါတယ်။

သူဟာ သက္ကတ၊​ ပါဠိ၊​ မြန်မာစာ​ပေတို့​ကို နှံ့​စပ်ရုံတင်မက အ​နောက်တိုင်း​ ဝိဇ္ဇာ သိပ္ပံပညာရပ်​တွေမှာပါ နှံ့​စပ်သူဖြစ်ပါတယ်။ ဒါ​ကြောင့်​ အ​နောက်တိုင်း​က ရတဲ့​ ပညာဗဟုသုတ​တွေကို မြန်မာပစ္စည်း​ဖြစ်​အောင် ကြံ​ဆောင်ရင်း​ မြန်မာ့​ရိုး​ရာကို ထိန်း​သိမ်း​ပေး​ခဲ့​ပါတယ်။

မင်း​တုန်း​မင်း​ လက်ထက်က​နေ သီ​ပေါမင်း​လက်ထက်အထိ အတွင်း​ဝန်၊​ မြို့​စား​၊​ အတိုင်ပင်ခံ ပညာရှိ စတဲ့​ရာထူး​တွေနဲ့​ အမှုထမ်း​နေစဉ်မှာပဲ မြန်မာစာ​ပေ​လောကမှာ ထင်ရှား​တဲ့​ ကျမ်း​အ​စောင်​စောင်ကို ​ရေး​သား​ပြုစုခဲ့​ပါတယ်။

ဦး​ဘိုး​လှိုင်ကို မြန်မာ့​နိုင်ငံ​ရေး​သုခမိန်လို့​ ဘာ​ကြောင့်​ခေါ်ဆိုပါသလဲ။

မြန်မာ့​ဂန္ထဝင်မှာ ​ပေါ်​ပေါက်ခဲ့​တဲ့​ ​ရှေး​နီတိကျမ်း​တွေက ​ရှေး​ရိုး​စဉ်လာ မြန်မာ့​အ​တွေး​အ​ခေါ် အယူအဆတို့​ကို နိုင်ငံခြား​နဲ့​ ကူး​လူး​ဆက်ဆံရာက ရရှိတဲ့​ နိုင်ငံ​ရေး​၊​ အုပ်ချုပ်​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​အသိ​တွေနဲ့​ နှိုင်း​ယှဉ်ပြီး​ သူ့​ခေတ် မြန်မာနိုင်ငံသား​တွေကို အမြင်သစ် ​ပေး​နိုင်ခဲ့​ပါတယ်။

သူ့​ရဲ့​ 'ရာဇဓမ္မသင်္ဂဟကျမ်း​'ဟာ အဲဒီသ​ဘောဖြစ်ပြီး​ ဒီကျမ်း​တစ်​စောင်တည်း​နဲ့​ နိုင်ငံ​ရေး​သုခမိန် ဆိုတဲ့​ ပညတ်ကို ခံယူထိုက်တယ်လို့​ ဆိုကြပါတယ်။ သက်ဦး​ဆံပိုင်စနစ်​အောက်မှာ ဒီလို ကျမ်း​မျိုး​ ​ရေး​သား​ဝံ့​တဲ့​ အချက်ကလည်း​ ဦး​ဘိုး​လှိုင်ရဲ့​ သတ္တိကို ​ဖော်ပြ​နေပါတယ်။

ဦး​ဘိုး​လှိုင်ဟာ ရာထူး​ စည်း​စိမ်ကို မငဲ့​ဘဲ မှန်ရာကို ​ပြောဆို၊​ လုပ်​ဆောင်ခဲ့​တဲ့​အတွက် မကြာခဏ ရှင်ဘုရင်ရဲ့​ အမျက်​တော်ရှခြင်း​ကို ခံခဲ့​ရပြီး​ ၃ ကြိမ်မက ရာထူး​စည်း​စိမ် နုတ်သိမ်း​ခြင်း​ခံခဲ့​ရသလို အကျယ်ချုပ် ချတာကို​တောင်ခံခဲ့​ရပါတယ်။ ဥပမာအား​ဖြင့်​ မင်း​တုန်း​မင်း​လက်ထက်မှာ သမီး​၊​ နှမ တို့​ကို ​ပေး​ဆက်ထား​တဲ့​အတွက် အခွင့်​အ​ရေး​ရ​နေတဲ့​ အမှုထမ်း​တစ်ဦး​နဲ့​ပတ်သက်ပြီး​ ပညာမဲ့​အမတ်တို့​ ဘုန်း​ကြီး​ရင် ပြည်ရွာပျက်တတ်တဲ့​အ​ကြောင်း​ မင်း​တုန်း​မင်း​တရား​ကို ​လျှောက်ထား​ခဲ့​ပါတယ်။

ဒီအခါ ဘုရင်အမျက်ထွက်ပြီး​ လှံကို​ကောက်ကိုင်ရင်း​ “သည်လှံနဲ့​ ​မောင်မင်း​ကို စီရင်တာ ခံချင်သလား​”လို့​ ​မေး​တော့​ ဦး​ဘိုး​လှိုင်က “ထိုး​တော်မူပါဘုရား​”လို့​ ဆိုရင်း​ ရင်ဘတ် ​ကော့​ပေး​ခဲ့​ပါတယ်။ ဒီဖြစ်ရပ်နဲ့​ပတ်သက်ပြီး​ တခြား​မှူး​မတ်​တွေက ရဲတင်း​လွန်း​တယ်လို့​ ​ပြောကြ​တော့​ ဦး​ဘိုး​လှိုင်က

“ကျွန်ုပ်အဖို့​ လှံနှင့်​ထိုး​သတ်၍ ​သေရခြင်း​ကား​ မြတ်သည်။ ​နေရာတိုင်း​ မင်း​လိုလိုက်၍ စီမံ​သော မ​ကောင်း​မှုဖြစ်ပွား​နေသည့်​အတွက် နိုင်ငံ​တော် ပျက်စီး​ခြင်း​ ဖြစ်ရ​လေသည်ဟု ဤနာမည်မျိုး​ ကျန်ရစ်ခဲ့​ပါလျှင် ​သေကျိုး​မနပ် ဖြစ်သည်။ ထိုမ​ကောင်း​သော အပုပ်နံ့​သည် တ​ထောင်း​ထောင်း​နှင့်​ လူအ​ပေါင်း​တို့​ နှာ​ခေါင်း​ရှံု့​ကြမည်ကို ​ကြောက်စရာ​ကောင်း​သည်။ မှူး​မတ်ဆိုသည့်​အတိုင်း​၊​ အကြီး​အမှူး​ ဖြစ်သည့်​အတိုင်း​ တည့်​တည့်​မတ်မတ်ဖြစ်​အောင် စီမံခန့်​ခွဲလျက် ​လျှောက်တင်ခွင့်​ရှိက အသက်ကိုစွန့်​၍ ရဲရဲဝံ့​ဝံ့​ တင်ကြရမည်။ သို့​မှ မှူး​မတ်နှင့်​တူသည်”

လို့​ တုံ့​ပြန်​ပြောဆိုခဲ့​ပါတယ်။

ဒီဖြစ်ရပ်ရဲ့​ ​နောက်ဆက်တွဲက​တော့​ အကျယ်ချုပ်နဲ့​ ရာထူး​အချခံခဲ့​ရတာပဲဖြစ်ပါတယ်။ ဒီလို ရာထူး​က ချလိုက်၊​ လိုအပ်တဲ့​အခါ ပြန်​ခေါ်လိုက် ဖြစ်ရ​ပေမယ့်​ ဦး​ဘိုး​လှိုင်က မှန်ရာကို ​ပြောဆို လုပ်​ဆောင်ရင်း​ အမှုထမ်း​ခဲ့​ပါတယ်။ သီ​ပေါမင်း​လက်ထက်မှာ ပြုစုခဲ့​တဲ့​ 'ရာဇဓမ္မသင်္ဂဟကျမ်း​'ဟာ သက်ဦး​ဆံပိုင် ဘုရင်စနစ်အရ အုပ်ချုပ်မှုကို ​တော်လှန်ပြီး​ ပြည်သူ့​အာဏာနဲ့​ အုပ်ချုပ်မှုကို ကြိုဆိုတဲ့​ကျမ်း​ဖြစ်ပါတယ်။

ဒါ​ကြောင့်​ ဘုရင်က မနှစ်သက်ပါဘူး​။ ဒီကြား​ထဲ “ဘုရင်မင်း​မြတ်ဟာ အလွန်အသုံး​အဖြုန်း​ကြီး​တယ်။ ဘဏ္ဍာ​တော်ဆိုတာ ဆင်း​ရဲသား​တွေရဲ့​ ​ချွေး​နှဲစာက​နေ ညှစ်ထုတ်ယူထား​တာ ဖြစ်တဲ့​အတွက် ​ကျောက်ခဲသလဲလို သ​ဘောမထား​သင့်​ဘူး​” ဆိုပြီး​ ဘုရင့်​ဘဏ္ဍာ​ရေး​ကို ကန့်​သတ်ဖို့​ ကြိုး​ပမ်း​ခဲ့​ပါတယ်။

ဒီအခါ မိဖုရား​က မခံနိုင်ဖြစ်ပြီး​ “ရှင်ဘုရင်လုပ်ရတာ ငလှိုင်​ပေး​သ​ရွေ့​နဲ့​ စား​ရမှာလား​”လို့​ ​ဒေါသနဲ့​ ​ပြောဆိုတာကို သီ​ပေါမင်း​ကလည်း​ နား​ယောင်တဲ့​အတွက် ဦး​ဘိုး​လှိုင်ကို ရာထူး​ချလိုက်ပါ​တော့​တယ်။

ဒီအကြိမ်ဟာ ​နောက်ဆုံး​အကြိမ် ရာထူး​ကျခြင်း​ဖြစ်ပြီး​ ရာထူး​ပြန်လည်​ပေး​အပ်ခြင်း​ မရှိ​တော့​ပါဘူး​။ ဒါ​ပေမယ့်​ ဦး​ဘိုး​လှိုင်က မတုန်လှုပ်ဘဲ ခြံဥယျာဉ်အလုပ်ကို လုပ်ရင်း​ တဖက်က စာ​ပေကျမ်း​ဂန် ပြုစုခြင်း​အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခဲ့​ပါတယ်။ ပ​ဒေသရာဇ်စနစ်အတွင်း​ ရှင်ဘုရင်ကို ​ဝေဖန်ဆုံး​မတဲ့​ ဦး​ဘိုး​လှိုင်လို ရဲဝံ့​သူ ​ပေါ်​ပေါက်ခဲ့​ခြင်း​နဲ့​ ပတ်သက်လို့​ အား​ရစရာ​ကောင်း​သလို၊​ ဒီလို ပညာရှိမျိုး​ကို အာဏာပိုင်​တွေက အသက်​သေ​ကြေ​အောင် မလုပ်​ဆောင်ခဲ့​တာဟာလည်း​ အတုယူ ဆင်ခြင်စရာ ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၁၉၁ ခုနှစ်မှာ ​မွေး​ဖွား​ခဲ့​တဲ့​ ဦး​ဘိုး​လှိုင်ဟာ သက္ကရာဇ် ၁၂၄၅ ခုနှစ်မှာ ကွယ်လွန်ခဲ့​ပါတယ်။ အသက် ၅၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့​ရ​ပေမယ့်​ ဦး​ဘိုး​လှိုင်​ရေး​သား​ခဲ့​တဲ့​ ဝိဇ္ဇာ သိပ္ပံဆိုင်ရာ ကျမ်း​ပေါင်း​ ၁၄ ကျမ်း​က ​ခေတ်အဆက်ဆက် ကိုး​ကား​လေ့​လာစရာ စာ​ပေ​တွေအဖြစ် ကျန်ရစ်ခဲ့​ပါတယ်။ အဲဒီထဲက ​လောကဓာတ်​ဆေး​ကျမ်း​၊​ သဒ္ဒသင်္ဂဟကျမ်း​၊​ ဝိမုတ္တိရသကျမ်း​၊​ မဟာသမ္မတ ဝိနိစ္ဆယကျမ်း​၊​ ကာယာနုပဿနာကျမ်း​၊​ ရာဇဓမ္မသင်္ဂဟကျမ်း​၊​ ဥတု​ဘောဇနသင်္ဂဟကျမ်း​ တို့​ဟာ မြန်မာစာဖတ်ပရိသတ်နဲ့​ ရင်း​နှီး​နေတဲ့​ အမည်​တွေ ဖြစ်ပါတယ်။ အခု​ဖော်ပြခဲ့​တဲ့​ ဘာသာ​ရေး​ကျမ်း​၊​ ​ဆေး​ပညာကျမ်း​၊​ နီတိကျမ်း​တွေအပြင် ​ကြေး​နန်း​ရိုက်နည်း​ကို တီထွင်ပြသထား​တဲ့​ လိပိဒိပိကာကျမ်း​၊​ လိလာဝတီ ဂဏန်း​ကျမ်း​တို့​ကိုလည်း​ ပြုစုခဲ့​ပါတယ်။ ဦး​ဘိုး​လှိုင်ဟာ သိပ္ပံပညာကျမ်း​တွေကို ပြုစုတဲ့​အခါ မြန်မာ​တွေ ရင်း​နှီး​ပြီး​သား​ အသုံး​အနှုန်း​တွေနဲ့​ ​ဖော်ပြနိုင်ဖို့​ အား​ထုတ်ခဲ့​သလို၊​ ကျစ်လျစ်တဲ့​ ဘာသာပြန်ဆိုမှု ​တွေ့​ရတယ်လို့​ ပညာရှင်များ​က မှတ်ချက်ချကြပါတယ်။ ဘာသာပြန်ရာမှာလည်း​ အသံလှယ် ပြန်ဆိုမှု​တွေအပြင် Carbon (ကာဗွန်) ကို မီး​သွေး​၊​ Acid (အက်စစ်)ကို ငရဲမီး​၊​ Beer (ဘီယာ)ကို ဗျစ်ခါး​ စသဖြင့်​ မြန်မာဘာသာနဲ့​ ပြန်ဆိုသုံး​နှုန်း​ခဲ့​ပါတယ်။

ဦး​ဘိုး​လှိုင်ဟာ သူရသတ္တိနဲ့​ပြည့်​စုံတဲ့​သူ ဖြစ်တဲ့​အပြင် အလွန် ​ဖြောင့်​မှန် ပွင့်​လင်း​သူ၊​ ပြတ်သား​သူ၊​ ဘယ်သူ့​ကိုမှ ရန်မပြုသူဖြစ်တယ်လို့​ သိရပါတယ်။ သူ့​ကို ရာထူး​ကျ​အောင် ကုန်း​ချောသူ ​သေသွား​တာကို​တောင် ဝမ်း​သာအား​ရမဖြစ်ဘဲ “သူ​သေတာ ငါနဲ့​မဆိုင်ပါဘူး​ကွယ်။ သူလည်း​ သူ့​ကံနဲ့​သူ၊​ ငါလည်း​ ငါ့​ကံနဲ့​ငါပါ။ သည်ဟာနှင့်​ စပ်လျဉ်း​လို့​ ​နောက်ထပ် မည်သူ့​ကိုမျှ မ​ပြော​လေနှင့်​” လို့​ ​ပြောဆိုခဲ့​ပါတယ်။

အခုဆိုရင် ပညာရှင် ဦး​ဘိုး​လှိုင် ကွယ်လွန်ခဲ့​တာ နှစ်​ပေါင်း​ ၁၂ဝ ​ကျော်ခဲ့​ပါပြီ။ ဒါ​ပေမယ့်​ သူ့​ရဲ့​ ​လေး​စား​ အတုယူစရာ စိတ်ဓာတ်​တွေနဲ့​ လုပ်​ဆောင်မှု​တွေက စာ​ပေများ​ကတဆင့်​ ဆက်လက်ရှင်သန်​နေဆဲ ဖြစ်ပါတယ်။ ။

**ထိန်လင်း​**Monday, December 19, 2011

http://jacbaburma.blogspot.com/2011/12/blog-post_4503.html

**From—Lu Bo**

==================








0 comments:

Post a Comment