သခင်ဖိုးလှကြီး ဦးဆောင်တဲ့ ရေနံမြေသပိတ်ကြီးဟာ "ဘီအိုစီ" ကုမ္ပဏီရဲ့ လုပ်အားခ ဂုတ်သွေးစုပ်မှုကြောင့် ဖြစ်ပေါ်လာရတာကို အများသိပြီး ဖြစ်ပါသည်။ ဘီအိုစီ ဆိုတာ ၁၈၈၆ မှ စတင်တဲ့ Burmah Oil Company ပါ။ ၁၉၆၃ မှာ ဦးနေဝင်းက ပြည်သူပိုင်သိမ်းကာ ဘီအိုစီရဲ့ ပိုင်ဆိုင်မှုတွေနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။
အဆိုပါ Burmah Oil Company ( BOC ) ရဲ့ မြန်မာအမည်က "မြန်မာပြည်ရေနံကုမ္ပဏိ" ဖြစ်ပါတယ်။ Burmah ဟာ မြန်မာပြည် ကို ရည်ညွန်:ကြောင်း အထောက်အထားပါ။ "ဗမာပြည်"အမည်ကို အင်္ဂလိပ်တို့ မည်သည့်အခါမျှ သုံးစွဲခဲ့ခြင်းမရှိပါ။
အင်္ဂလိပ်အစိုးရသည် မြန်မာကို မူလက Burmah ဟုခေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် Burma ဟု ပြောင်းလဲခေါ်ဝေါ်သည်။ သို့သော် ဘီအိုစီရေနံကုမ္ပဏီကမူ မူလအမည် Burmah ကို ဆက်လက်သုံးစွဲသည်။
အောက်ဖော်ပြပါ ကြေညာမှာ ၁၉၅၃ ဗမာ့ခေတ်သတင်းစာမှာ ဖော်ပြပါရှိသော ဘီအိုစီရဲ့ ကြေညာတခုဖြစ်ပါတယ်။


သို့ဆိုပါလျှင် ဗမာပြည်ဟူသော အမည်ကို မည်သူတွေ စတင်သုံးစွဲပါသနည်း။ တို့ဗမာအစည်းအရုံးမှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ အစည်းအရုံး၏ အမှတ်တံဆိပ်မှာ "ဗမာပြည်"ဟု အထင်အရှားဖော်ပြထားပါတယ်။ ထိုမှအစပြု၍ လွတ်လပ်ရေးဦးဆောင်အဖွဲ့အစည်းတိုင်း ဗမာအမည်ကို အသုံ:ပြုလာပါတယ်။

အစိုးရတရပ်အနေဖြင့် "ဗမာနိုင်ငံတော်"ဟု သုံးစွဲခြင်းမှာ အဓိပတိ ဒေါက်တာဘမော် ၊ တပ်မတော်သေနာပတိ ဗိုဟ်ချုပ်အောင်ဆန်းတို့ဦးဆောင်သော ဗမာနိုင်ငံအစိုးရ ၁၉၄၃-၁၉၄၅ ဖြစ်ပါတယ်။
၁၉၄၈ နောက်ပိုင်း နိုင်ငံအမည်ကို ပြည်ထောင်စုမြန်မာနိုင်ငံဟု ပြန်လည်သတ်မှတ်သော်လည်း ငွေစက္ကူ၊ ဘဏ်လက်မှတ် စသော ကိစ္စများတွင် ဗမာနိုင်ငံအမည်ကို ဆက်လက်သုံးစွဲခဲ့ပါတယ်။

The Burmah Oil Company was founded in 1886, and at that time the country of that name was spelt with an ‘h’ on the end. Later the ‘h’ was dropped in the country name, but the company never changed the spelling of its name. Burma or Burmah is now Myanmar.
The symbol of The Burmah Oil Company is the Chinthe. Chinthes are the Burmese lions or leogryphs that defend the temples from evil spirits. The legend of the Chinthe goes far back into Burmese and Buddhist mythology. The Mahavamsa, the Great Pali Chronicle of Ceylon (c1500AD), tells the story like this:
A princess had a son through her marriage to a lion, but forsook the lion who then became a terror of the land. The son set out to slay the lion. When he found the lion he shot an arrow at him, but so late was the lion’s unshaken love for his son that the arrow rebounded from the lion’s brow and fell to the earth at the youth’s feet. Three times this happened. But then the King of Beasts grew wrathful; and when the youth let fly the fourth arrow it pierced the lion’s body and killed him. Thus the lion lost his life because he had lost his self possession and allowed wrath to pervade his heart.
Legend goes on to say that the son later erected a statue of a lion as a guardian of the temple, to atone for this murder. Certainly the Chinthe is a loved and revered throughout Myanmar.It is also a protector; and the story goes that there were four kinds of lion. The one called Kethara was considered superior as a guardian because it could pounce on the enemies of religion from nine different directions. Due to this superiority it was used symbolically on the royal thrones of Burma.
“Chindit”,the name given to General Wingate’s Special Force in Burma in 1943/44, is a vernacular corruption of “Chinthe”.
0 comments:
Post a Comment