ပြည်​ထောင်စုဝန်ကြီး​ ဦး​ခင်ရီ ​ဖြေကြား​သော ( မြန်မာလူမျိုး​ )

ဦး​သန်း​လွင်ထွန်း​

08.10.2012

ဒီတပတ် ဒီမိုက​ရေစီ​ရေး​ရာ ​ဆွေး​နွေး​ခန်း​မှာ ဗွီအို​အေမြန်မာ သတင်း​ဌာနမှူး​ ဦး​သန်း​လွင်ထွန်း​က အ​မေရိကန်ပြည်​ထောင်စုကို မြန်မာနိုင်ငံသမ္မတ ဦး​သိန်း​စိန်နဲ့​အတူ လိုက်ပါလာတဲ့​ လူဝင်မှုကြီး​ကြပ်​ရေး​၊​ ပြည်သူ့​အင်အား​ဝန်ကြီး​ဌာန ပြည်​ထောင်စုဝန်ကြီး​ ဦး​ခင်ရီ ကို မြန်မာနိုင်ငံသား​ ဥပ​ဒေ၊​ တိုင်း​ရင်း​သား​အ​ရေး​ နဲ့​ လူဝင်မှုကြီး​ကြပ်​ရေး​ဆိုင်ရာ လုပ်​ဆောင်ပြင်ဆင်မှုများ​ကို ​တွေ့​ဆုံ​မေး​မြန်း​ ​ဆွေး​နွေး​တင်ပြထား​ပါတယ်။



မူရင်း​စာမျက်နှာ >> http://burmese.voanews.com/content/burma-forum-democracy-affairs-immigration-citizen-rights/1522252.html

အသံနား​ဆင်ရန် >>


ဦး​သန်း​လွင်ထွန်း​ ။ ။ နိုင်ငံသား​အပြင် ​နောက်တခုက တိုင်း​ရင်း​သား​တွေ အမျိုး​အစား​ခွဲခြား​တဲ့​ကိစ္စ​တွေ။ ဒီ​နေရာမှာ ဟိုအရင်က​တော့​ ပါလီမန်ဒီမိုက​ရေစီ​ခေတ်ကဆိုရင် ရခိုင်ပြည်နယ်ထဲမှာ ဘူး​သီး​တောင်၊​ ​မောင်း​တော်​ဒေသ​တွေမှာ ရိုဟင်ဂျာလူမျိုး​ဆိုပြီး​တော့​ ထည့်​သွင်း​ပြီး​တော့​ ရိုဟင်ဂျာအသံ မြန်မာ့​အသံက​နေ အသံလွှင့်​ပေး​ခဲ့​တာ​တွေ​တောင် ရှိခဲ့​တယ်။ ဒီ​နောက်ပိုင်း​မှာ​တော့​ ရိုဟင်ဂျာလူမျိုး​ဆိုတာကို စာရင်း​က​နေ ပယ်ဖျက်ပြီး​တော့​ အခုအချိန်အထိလည်း​ ဒါ မြန်မာအစိုး​ရရဲ့​ ရပ်တည်ချက်က ရိုဟင်ဂျာဟာ တိုင်း​ရင်း​သား​လူမျိုး​ မဟုတ်ဘူး​ဆိုတဲ့​ ရပ်တည်ချက်မျိုး​ရှိတယ်။ တဖက်ကလည်း​ ရိုဟင်ဂျာ​တွေက သူတို့​ဟာ တိုင်း​ရင်း​သား​လူမျိုး​ပါဆိုပြီး​တော့​ ​ပြော​နေတာ​တွေရှိ​တော့​ ဝန်ကြီး​ရဲ့​အမြင်​လေး​က ဘယ်လိုရှိပါသလဲ။



ဦး​ခင်ရီ ။ ။ ဒီ​မေး​ခွန်း​မျိုး​က ကျ​နော် မကြာခဏ ရင်ဆိုင်ရပါတယ်။ အဲဒီ​တော့​ ကျ​နော့်​ဖက်က တရား​ဝင်​ပြောရမယ်ဆိုရင်​တော့​ ရိုဟင်ဂျာဆိုတာက ကျ​နော်တို့​ လူမျိုး​ထဲမှာ မပါဘူး

​။ ကျ​နော်တို့​နိုင်ငံမှာ အဓိကကျတဲ့​ တိုင်း​ရင်း​သား​ လူမျိုး​ (၈) မျိုး​ ရှိပါတယ်။ ရှမ်း​၊​ ကချင်၊​ ကရင်၊​ ကယား​၊​ မွန်၊​ မြန်မာ၊​ ရခိုင်၊​ ချင်း​ - ဒီ (၈) မျိုး​ plus သူနဲ့​ဆက်နွှယ်တဲ့​ minority ​တွေ​ပေါင်း​လိုက်ရင် လူမျိုး​ (၁၀၁) ပါး​လို့​ ​ခေါ်တာ​ပေါ့​။

အဲဒီအထဲမှာ ရိုဟင်ဂျာဆိုတာ မပါဘူး​။ ကျ​နော်တို့​မှာ အခုန​ပြောသလို လွတ်လပ်​ရေး​ရပြီး​နောက်ပိုင်း​မှာ သန်း​ခေါင်း​စာရင်း​ နှစ်ကြိမ်​ကောက်တယ်။ ၁၉၇၃ မှာ တကြိမ်​ကောက်တယ်။ ဆယ်နှစ်ခြား​ပြီး​တော့​ ၁၉၈၃ တကြိမ်​ကောက်တယ်။ အဲဒီရဲ့​ ထုတ်ပြန်ချက်​တွေမှာလည်း​ ရိုဟင်ဂျာဆိုတဲ့​လူမျိုး​ ထည့်​ရေး​ထား​တာ မပါဘူး​။ ဒီ ရခိုင်ပြည်နယ်မှာရှိတဲ့​လူ​တွေကို ဘင်္ဂလား​ဒေ့​ရှ်ရှီလူမျိုး​နဲ့​ စာရင်း​သွင်း​ထား​တယ်။ လွတ်လပ်​ရေး​မရခင် အထူး​သဖြင့်​ ဗြိတိသျှကိုလိုနီ​အောက်မှာ ရှိတုန်း​က ထုတ်ပြန်ထား​တဲ့​ gazette documents ​တွေမှာလည်း​ ရိုဟင်ဂျာဆိုတဲ့​ အသုံး​အနှုန်း​မပါဘူး​။ ထို့​ကြောင့်​ ကျ​နော် ​ပြောတာက​တော့​ အ​ထောက်အထား​နဲ့​ ​ပြောတာပါ။ အဲဒီလို အ​ထောက်အထား​နှစ်ခုအရ ကျ​နော်တို့​နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့​လူမျိုး​ဟာ မရှိဘူး​။ ဘင်္ဂလီဆိုတဲ့​လူမျိုး​ပဲ ရှိတယ်။ ဒီ ဘင်္ဂလီကလည်း​ အား​လုံး​သိတဲ့​အတိုင်း​ ၁၈၂၄ အင်္ဂလိပ်-မြန်မာ ပထမစစ်ဖြစ်​တော့​ မြန်မာပြည်အ​နောက်ခြမ်း​ ဗြိတိသျှလက်​အောက်ကို​ရောက်တယ်။ ကျ​နော်တို့​က အိန္ဒိယပြည်ရဲ့​ ပြည်နယ်ခွဲတခု ဖြစ်တယ်။ အဲဒီမှာ အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ အဲဒီဖက်ကရှိတဲ့​ ဘင်္ဂလီ​တွေ ဒီဖက်ကိုလာပြီး​ အလုပ်လုပ်ရင်နဲ့​ တချို့​လည်း​ပြန်ပြီး​တော့​ မထွက်​တော့​ဘူး​ပေါ့​။ ဒါ​တွေက လွတ်လပ်​ရေး​နဲ့​အတူ ဖြစ်လာတဲ့​ ​နောက်ဆက်တွဲ ပြဿ​တွေဖြစ်ပါတယ်။ ကျ​နော်တို့​ဆီမှာ ရိုဟင်ဂျာဆိုတဲ့​လူမျိုး​က​တော့​ မရှိဘူး​လို့​ တရား​ဝင်သတ်မှတ်ပြီး​ ​ပြောလို့​ပါတယ်။



ပြည်​ထောင်စုဝန်ကြီး​ ဦး​ခင်ရီ ​ဖြေကြား​သော ( မြန်မာလူမျိုး​ )





0 comments:

Post a Comment